ယခုနှစ် ရက် ၄၀ ကျော်အတွင်း တရားမဝင် မှောင်ခိုကုန်စည် ကျပ်သန်း ၅၆၀ ကျော်ဖိုး ဖမ်းဆီးရမိ

hnm | 月曜日, 2月 16, 2015 |




မူဆယ်နယ်စပ် ကုန်သွယ်ရေး စခန်းအတွင်း တရုတ်နိုင်ငံသို့ တင်ပို့မည့် ကုန်စည်များကိုမဲစနစ်ဖြင့် စစ်ဆေးရန် လုပ်ဆောင်နေသည်ကို တွေ့ရစဉ်။
(ဓာတ်ပုံ - အကောက်ခွန်)


ရက် ၄ဝ ကျော်ကာလအတွင်း တရားမဝင်ကုန်ပစ္စည်း ကျပ်ငွေ သန်း ၅၆ဝ ကျော် ဖမ်းဆီးရမိခဲ့သည်ဟု အကောက်ခွန်ဦးစီးဌာနက ဖေဖော်ဝါရီ ၁၅ ရက်တွင် ထုတ်ပြန်လိုက်သည်။


၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီ ၁၁ ရက်အထိကျပ် ၅၆၅ ဒသမ ၆၆ သန်းကို ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်
အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ရေဆိပ်နှင့် အကောက်ခွန်နယ်မြေဒေသ အသီးသီးတို့မှ အကောက်ခွန်ဌာန
တစ်ခုတည်း၏ ဖမ်းဆီးရမိမှုများ ဖြစ်သည်ဟုဖော်ပြထားသည်။

ထိုသို့ ဖမ်းဆီးရမိမှုများတွင် ဇန်နဝါရီ ၁ ရက်မှ ၃၁ရက်အထိ တစ်လအတွင်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်၊ ရေဆိပ်နှင့် အကောက်ခွန် နယ်မြေဒေသအသီးသီးတို့တွင် ကျပ်ငွေ ၃၇၇ ဒသမ ဝ၆ သန်း
တန်ဖိုးရှိ ကုန်စည်များကို ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ယင်းသို့ ဖမ်းဆီးရမိမှုများသည် သွင်းကုန်ကဏ္ဍ တစ်ခုတည်းတွင် တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟုလည်း အကောက်ခွန် ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဇန်နဝါရီလအတွင်း ဖမ်းဆီးရမိမှုများတွင်လည်း ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ကျပ်ငွေ ၉ ဒသမ ၆ သန်းကျော်၊ ရန်ကုန် ဆိပ်ကမ်း (ရေဆိပ်) အသီးသီးမှ ကျပ် ၃ဝ ဒသမ ၆၆ သန်းကျော်နှင့် နယ်မြေဒေသ အသီးသီးမှ ကျပ် ၃၅၄ ဒသမ ၂၃ သန်းကျော်တို့ကို ဖမ်းဆီးမိခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အတူ ဖေဖော်ဝါရီ ၁ ရက်မှ ၁ဝ ရက်အထိ သွင်းကုန်အထောက်အထား တစ်စုံတစ်ရာပြနိုင်ခြင်း မရှိသော ခန့်မှန်းတန်ဖိုး ကျပ် ၁၃၃ ဒသမ ၇၇ သန်းခန့်ရှိ ကုန်စည်များကို ထပ်မံဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် ဖေဖော်ဝါရီ ၁၁ ရက် တွင် သွင်းကုန်ကြေညာလွှာနှင့် ကိုက်ညီခြင်း မရှိဘဲ တင်သွင်းလာသည့် ကျပ် ၅၄ ဒသမ ၈၃ဝ သန်းကျော်ရှိ ဝန်ချီကိရိယာများနှင့် ဆက်စပ်ပစ္စည်း ခုနစ်မျိုးတို့ကို တားဆီးနိုင်ခဲ့သည် ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး လုပ်ငန်းစဉ်များတွင် တရားကုန်သွယ်မှုများကြောင့် အခွန်နစ်နာမှုများ ရှိနေခြင်းနှင့် အခွန်ကိစ္စရပ်များ လွယ်ကူရှင်းလင်းစေရန် လိုအပ်နေလျက်ရှိသဖြင့် ပြင်ဆင်ဆောင်ရွက်မှု လုပ်ကိုင်ရန် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့အစည်း WTO က တိုက်တွန်းထားသည်ဟု WTO ၏ ကုန်သွယ်ရေး မူဝါဒဆန်းစစ်မှုဌာနက ဇန်နဝါရီလကုန်ပိုင်းအတွင်း ထုတ်ပြန်ထားခဲ့သည်။

အခွန်ကိစ္စရပ်များ လွယ်ကူအဆင်ပြေစေရန် မြန်မာ့ အကောက်ခွန် ဦးစီးဌာန ဝန်ထမ်းများအား သင်တန်းများပေးသွားရန် အကောက်ခွန် ကိစ္စရပ်ဆိုင်ရာ ကျွမ်းကျင် အဖွဲ့အစည်းနှင့် ချိတ်ဆက်ခြင်းဖြင့် WTO က ပေးသွားရန်ရှိသည်ဟုလည်း မီဒီယာများကို ပြောသည်။

ယခု ၂ဝ၁၄-၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇန်နဝါရီလအထိ အကောက်ခွန်ဦးစီးဌာန တစ်ခုတည်းက ဖမ်းဆီးရမိထားသည့် တရားမဝင် ကုန်စည်တန်ဖိုးသည် ကျပ်ငွေ သန်း ၅,ဝဝဝ ကျော်ရှိနေပြီး ဖြစ်သည်



ထင်လင်းအောင်

ရန်ကုန် (မဇ္ဈိမ)

Category: , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ