ယခင်က သတင်းထုတ်ပြန်ရာတွင် နားလည်မှု လွဲမှားခြင်းတွေ ရှိခဲ့ကြောင်း ကာကွယ်ရေး ဦးစီးချုပ်ပြော

hnm | 月曜日, 2月 16, 2015 |




ယခင်က သတင်းထုတ်ပြန်ရာမှာ တပ်မတော်ရဲ့ သဘောအရ ပြောသင့် ပြောထိုက်တာတွေကိုသာ သတင်းထုတ်ပြန်ခဲ့ပြီး အချက်အလက် မပြည့်စုံမှုတွေ၊ ပြည်သူတွေ မသိရှိခဲ့တာတွေ၊ နားလည်မှု လွဲမှားခြင်းတွေ ရှိခဲ့တယ်လို့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီ(၁၄)ရက်က နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)မှ ဒုတိယဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကို လက်ခံတွေ့ဆုံရာမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 ယခုအခါမှာတော့ တပ်မတော်နဲ့ သတင်းမီဒီယာတွေ ထိတွေ့ဆက်ဆံမှုတွေကြောင့် တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေကို မီဒီယာတွေမှတစ်ဆင့် ပြည်သူတွေ ပိုမိုပျံ့နှံစွာသိရှိခဲ့ပြီး မီဒီယာဘက်ကလည်း သဘောထားပြောင်းလဲမှုတွေ တွေ့ရကြောင်း ကာကွယ်ရေးဦးစီးချုပ်က ပြောကြားခဲ့တယ်လို့ သိရပါတယ်။

 လက်ရှိအချိန်မှာတော့ တပ်မတော်နဲ့ သတင်းမီဒီယာတွေအကြား သတင်းထုတ်ပြန်မှုဆိုင်ရာတွေ တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပြီး လတ်တလော ဖြစ်ပွားနေတဲ့ လောက်ကိုင်ကိစ္စနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောကြားခဲ့ပါတယ်။ 

ကာကွယ်ရေးဦးစီးချုပ်က သူတို့ရရှိခဲ့တဲ့ အထောက်အထားတွေအရ လောက်ကိုင်ဖြစ်စဉ်မှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အချို့ ပါဝင်မှုတွေ ရှိနေတာကြောင့် အဆိုပါဖြစ်စဉ်တွေအပေါ် သက်ဆိုင်ရာအဖွဲ့တွေအနေနဲ့ တာဝန်ယူရမှာဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး သမ္မတက တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို ဖေဖော်ဝါရီလ (၁၂)ရက်မှာ လက်မှတ်ရေးထိုးဖို့ ကြိုးစားခဲ့ရာ မိမိကိုယ်တိုင်လည်း အဆိုတင်ပြခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

 အဆိုပါ ငြိမ်းချမ်းရေးကိစ္စတွေဟာ လက်နက်ချရန် ပြောကြားခြင်း မဟုတ်ဘဲ အပစ်အခတ်ရပ်စဲပြီး ဒီမိုကရေစီလမ်းကြောင်း လျှောက်လှမ်းရာမှာ DDRလုပ်ငန်းစဉ်အတိုင်း သွားရမှာဖြစ်ပြီး ဖေဖော်ဝါရီ(၁၂)ရက်မှာ NCAလက်မှတ် မထိုးနိုင်ဘဲ ဆက်လက် လုပ်ဆောင်မယ့် ကတိက၀တ်သာ လက်မှတ် ရေးထိုးနိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

 ငြိမ်းချမ်းရေးကိစ္စ လက်မှတ်ရေးထိုးရန် အများက ဆန္ဒရှိပြီး မိမိတို့က ငြိမ်းချမ်းရေးကိစ္စမှာ နည်းလမ်းမျိုးစုံစဉ်းစား၍ ဖြစ်နိုင်ဖွယ်ရာ အားလုံးကို လိုက်လျော ဆောင်ရွက်နေပါတယ်လို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။

SUN

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ