သီပေါမြို့ သာယာလှပရေး၊ ဒုဋ္ဌ၀တီမြစ် သန့်ရှင်း လှပရေး လူငယ်များ စုပေါင်း ဆောင်ရွက်ခဲ့ကြ

သီပေါမြို့နယ် စည်ပင်သာယာရေးဌာနနှင့် ရှမ်းတောင်တန်း လူငယ်များကွန်ရက်အဖွဲ့ SHAN YOUTH NETWORK (SYN)မှ အဖွဲ့ဝင် လူငယ်မောင်မယ်များ ပူးပေါင်းပြီး သီပေါမြို့၊ သာယာ သန့်ရှင်း လှပရေးနှင့် ဒုဋ္ဌ၀တီမြစ်ကမ်း သန့်ရှင်းလှပရေးအတွက် ဖေဖော်ဝါရီ (၁၁)ရက် နံနက်(၈)နာရီမှ မွန်းလွဲ(၁၂)နာရီခွဲထိ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတယ်လို့ သိရှိရပါတယ်။
အဲဒီ ရှမ်းတောင်တန်း လူငယ်များကွန်ရက်အဖွဲ့မှ အဖွဲ့တာဝန်ခံ ဒေါ်နန်းယိင်းသီတာ ဦးဆောင်တဲ့ လူငယ်မောင်မယ်တွေဟာ ပြည်သူ့အကျိုးပြု လုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်ရှိရာ သီပေါမြို့ သာယာလှပရေးနှင့် သီပေါမြို့အနီးမှ ဖြတ်သန်း စီးဆင်းနေသော ဒုဋ္ဌ၀တီမြစ်ကမ်းပါးတစ်လျှောက် အမှိုက်သရိုက်များ ကင်းစင်ပြီး လှပသာယာရေးအတွက် သီပေါမြို့နယ်၊ စည်ပင်သာယာရေးဌာန အမှုဆောင်အရာရှိ ဦးစိုင်းဝင်းမြင့် ဦးဆောင်တဲ့ စည်ပင်သာယာရေး ၀န်ထမ်းများနဲ့ ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြခြင်း ဖြစ်တယ်လို့ သိရပါတယ်။
SUN
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း



