မန္တလေးမြို့မှာ မြန်မာ နွားသိုးအလှ၊ နို့စားနွားနဲ့ ဆိတ် ပြပွဲပြိုင်ပွဲ ကျင်းပ

hnm | 月曜日, 2月 16, 2015 |




မန္တလေးမြို့တွင် တိုင်းဒေသကြီးအဆင့် မြန်မာနွားသိုးအလှ၊ နို့စားနွားနဲ့ ဆိတ်ပြပွဲပြိုင်ပွဲဖွင့်ပွဲကို (၇၈)လမ်းပေါ်ရှိ မန္တလေးတိုင်းဒေသကြီး မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံးဝင်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။

 အဲဒီပွဲကို မြန်မာနိုင်ငံ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးရဲမြင့်၊ တိုင်းဒေသကြီး ဝန်ကြီးများနဲ့ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။ 

အဲဒီပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်နဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်တို့က အမှာစကား ပြောကြားခဲ့ပါတယ်။

 မြန်မာနွားသိုးအလှ၊ နို့စားနွားနဲ့ ဆိတ်ပြပွဲပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးရှိ ခရိုင်(၇)ခုမှ ပြိုင်ပွဲဝင်များ လာရောက် ယှဉ်ပြိုင်ခဲ့တယ်လို့လည်း သိရပါတယ်။ တိုင်းဒေသကြီးအဆင့် မြန်မာ့နွားသိုးအလှ နို့စားနွားနဲ့ ဆိတ်ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်ပုံစံ(၄)မျိုး ပိုင်းခြား ယှဉ်ပြိုင်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

အခုပြပွဲပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအပြင် ရန်ကုန်တိုင်းဒေသကြီးနဲ့ တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာလည်း ကျင်းပသွားမှာ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်ရဲ့ ပြောကြားချက်အရ သိရပါတယ်။ အခုကျင်းပပြုလုပ်တဲ့ တိုင်းဒေသကြီးအဆင့် မြန်မာ့နွားသိုးအလှ၊ နို့စားနွားနဲ့ ဆိတ်ပြပွဲပြိုင်ပွဲကို မြန်မာနိုင်ငံ၊ မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနနဲ့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့တို့က ပူးပေါင်းစီစဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။ 

အခုလို ကျင်းပတာဟာ (၃)ကြိမ်မြောက်ဖြစ်ပြီးတော့ (၂၀၁၃)ခုနှစ်က စတင်ကျင်းပခဲ့ပြီး (၂၀၁၄)ခုနှစ်မှာ ဒုတိယအကြိမ် ကျင်းပပြုလုပ်ခဲ့ကာ ယခု(၂ဝ၁၅)ခုနှစ်မှာ တတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

SUN

Category: , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ