အငှားအိမ်ရာ စီမံကိန်းကို မြို့သစ်စီမံကိန်းမှာ ထည့်သွင်းဖို့ စီစဉ်နေ

hnm | 月曜日, 2月 16, 2015 |




ရန်ကုန်တိုင်း ဒေသကြီးအတွင်း အငှားအိမ်ရာ စီမံကိန်းကို မြို့သစ်စီမံကိန်းမှာ ထည့်သွင်း အကောင်အထည် ဖော်သွားဖို့ စီစဉ်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းနှင့် မြေအသုံးချမှုဌာန လက်ထောက်ဌာနမှူး ဦးတိုးအောင်က ပြောပါတယ်။ 

အငှားအိမ်ရာစီမံကိန်းကို ရန်ကုန်မြို့ရဲ့ အနာဂတ် အဆိုပြုမြေ အသုံးချမှု ဇုန်စီမံကိန်းအရ ဖော်ဆောင်သွားမယ့် မြို့သစ်စီမံကိန်းမှာ ထည့်သွင်း အကောင်အထည်ဖော်ဖို့အတွက် လိုအပ်ချက်တွေနဲ့ ပက်သက်ပြီး ရှင်းလင်းတင်ပြခဲ.ပါသည်။ 

အများပြည်သူအတွက် အငှားအိမ်ရာ စီမံကိန်းကို အကောင်အထည်ဖော်ပေးဖို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ရတာနဲ့ ပတ်သက်ပြီးတော့လည်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ရှင်းလင်းခဲ.ပါသည်။ 

လူဦးရေ ခုနစ်သန်းခန့်ရှိတဲ့ ရန်ကုန်တိုင်းဒေသကြီးမှာ တန်ဖိုးနည်းအိမ်ရာနဲ့ တန်ဖိုးမျှတအိမ်ရာတွေ တည်ဆောက် ရောင်းချနေပေမယ့် တိုက်ခန်းတစ်ခန်းကို ကျပ်သိန်း၃၀၀၀န်းကျင်ခန့် ရှိနေတာမို့ ၀ယ်ယူဖို့ လက်လှမ်းမမီသူတွေ များပြားနေပြီး ငှားရမ်းနေထိုင်မှုကိုသာ အဓိကအားပြု နေရတာလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

အငှားဈေးနှုန်းတွေဟာလည်း ခြောက်လတစ်ကြိမ်ခန့် တက်နေတာကြောင့် ရန်ကုန်မြို့တော်အတွင်း အိမ်ပိုင်ဆိုင်မှုမရှိတဲ့ သူတွေအနေနဲ့ နေထိုင်ရေးဟာ အဓိကအခက်ခဲကြီးတစ်ခု ဖြစ်လာနေတယ်လို့ ရန်ကုန်မြို့ရှိ အိမ်ငှားနေထိုင်သူတွေရဲ့ ပြောကြားချက်အရ သိရှိရပါသည်။


SUN

Category: , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ