မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ (လောက်ကိုင်ဒုက္ခသည်များနှင့် ကျဆုံးစစ်သည်များအတွက် တတ်နိုင်သည့်ဘက်မှ ဝိုင်းဝန်း ဖေးမကူညီပေးနေ)

ဒို့တာဝန် အရေးသုံးပါးကို အစဉ်ဦးထိပ်ထားလျက် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းရွက်နေကြသော တပ်မတော်သားများအား ဂုဏ်ပြုသောအားဖြင့် အလှူငွေများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဖေဖော်ဝါရီ(၁၄)ရက် မွန်းတည့်(၁၂)နာရီက နေပြည်တော်၊ တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။
အဲဒီအခမ်းအနားမှာ စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦးက နှုတ်ခွန်းဆက်စကား ပြောကြားပြီး အလှူရှင်များရဲ့ နိုင်ငံတော် တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်နေကြတဲ့ တပ်မတော်သားများအတွက် အလှူငွေကျပ် (၂၈၃၂)သိန်းကျပ် ပေးအပ်လှူဒါန်းမှုကို လက်ခံခဲ့ပါတယ်။
အလားတူပဲ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တွဲဖက်စစ်ရေးချုပ် ဗိုလ်ချုပ်နေလင်းတို့ကလည်း အသီးသီး လက်ခံရယူကြပြီး ဂုဏ်ပြု မှတ်တမ်းလွှာတွေ ပြန်လည် ပေးအပ်ခဲ့ကြတယ်လို့ သိရပါတယ်။
အလားတူ နိုင်ငံတော်တာဝန်များကို သက်စွန့်ကြိုးပမ်း ဆောင်ရွက်ရင်း လောက်ကိုင်ဒေသတွင် ကျဆုံး ၊ဒဏ်ရာရ စစ်သည်မိသားစုများအတွက် ရွှေသံလွင်မီဒီယာ၊ (Sky Net)မှ ဥက္ကဋ္ဌ ဦးကျော်ဝင်းက ကွယ်လွန်သူ ဖခင်အား ရည်စူး၍ အလှူငွေကျပ် သိန်း(၉၇ဝ)၊ တပ်မတော်တပ်ရင်း၊ တပ်ဖွဲ့များအတွက် စုစုပေါင်း ငွေကျပ်သိန်း(၂၁၇၆)တန်ဖိုးရှိ ရုပ်သံဖမ်းစက် အစုံ(၁ဝဝဝ) (တစ်နှစ်အခမဲ့ ကြည်ရှုခွင့် အပါအဝင်) စုစုပေါင်း လှူဒါန်းငွေတန်ဖိုး (၃၁၄၆)သိန်းအား ဖေဖော်ဝါရီ(၁၄)ရက် ညနေ(၄)နာရီ မိနစ်(၂ဝ)က ဘုရင့်နောင် ရိပ်သာ၌ ပေးအပ်လှူဒါန်းရာ စစ်ရေးချုပ် ဗိုလ်ချုပ်ဆန်းဦးက လက်ခံရယူခဲ့တယ်လို့ သိရပါတယ်။
ဖေဖော်ဝါရီ(၁၂)ရက်က နေပြည်တော်မှာ ကျင်းပပြုလုပ်တဲ့ တပ်မတော်သားများအား အလှူငွေ ပေးအပ်လှူဒါန်းပွဲမှာ စေတနာရှင် ပြည်သူများက စုစုပေါင်း ငွေကျပ် (၃၈ဝ၂)သိန်းနှင့် ရုပ်သံဖမ်းစက်အစုံ (၁ဝဝဝ)တို့အား ပေးအပ် လှူဒါန်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။
အလားတူပဲ ရန်ကုန်တိုင်း စစ်ဌာနချုပ်ရှိ အနော်ရထာ ခန်းမမှာလည်း အလှူငွေ ပေးအပ်ပွဲကို မွန်းလွဲပိုင်းက ကျင်းပရာမှာ အလှူရှင်များက နိုင်ငံတော်တာဝန်များကို သက်စွန့်ကြိုးပမ်း ထမ်းရွက်နေကြသည့် တပ်မတော်သားများအတွက် အလှူငွေကျပ် (၃၃၇၃၆၂၅ဝဝ)၊ အမေရိကန်ဒေါ်လာ (၂ဝဝဝ)နဲ့ စားသောက်ဖွယ်ရာ ပစ္စည်းတန်ဖိုး ငွေကျပ်သိန်း (၆ဝ)ဖိုးအား ပေးအပ်လှူဒါန်းရာ တိုင်းမှူးနှင့် တာဝန်ရှိသူများက လက်ခံရယူကြပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပြန်လည် ပေးအပ်ကာ တိုင်းမှူးဗိုလ် ချုပ်ထွန်းထွန်းနောင့် ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
SUN
Category: bcjpnoa, htaynaing, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း