ပုဂံမှာ မီးပုံးပျံစီး ရှု့ခင်း ကြည့်ရှုမှု စိတ်ဝင်စားမှု့ မြင့်မား

hnm | 月曜日, 2月 16, 2015 |





ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းမှာ ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေနဲ့ ပြည်တွင်း ဘုရားဖူးတွေ မီးပုံပျံစီး ရှုခင်း ကြည့်ရှုမှုကို စိတ်ဝင်စားမှု များလာတယ်လို့ သိရပါတယ်။ 

ပုဂံ ယဉ်ကျေးမှု နယ်မြေအတွင်းမှာ မီးပုံးပျံလုပ်ငန်း လုပ်ကိုင်တဲ့ ပုဂ္ဂလိက လုပ်ငန်း သုံးခုရှိနေပြီး လိုက်ပါ စီးနင်းသူတွေ စိတ်ဝင်တစား စီးနင်းမှု ရှိနေတယ်လို့ သိရပါတယ်။ အဓိကအားဖြင့် မိသားစု အစုအဖွဲ့အလိုက် စီးနင်းပြီး ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရဲ့ သဘာဝအလှကို မြင်ကွင်းကျယ်အနေနဲ့ မြင်နိုင်ဖို့ အဓိက ရည်ရွယ် ပြုလုပ်ထားတာဖြစ်လို့ မီးပုံးပျံ စီးနင်းသူတွေအတွက် နှုန်းထားအလိုက် လေးယောက်စီး၊ ခြောက်ယောက်စီး၊ ရှစ်ယောက်စီးနဲ့ ဆယ့်နှစ်ယောက်စီးအဖြစ် သတ်မှတ် ပြုလုပ်ထားပြီး ပျံသန်းမှု အနိမ့်အမြင့်ကတော့ ပုံမှန်အနေထားနဲ့ လေကြောင်းအတိုင်း ပျံသန်းရတာ ဖြစ်တယ်လို့ သိရပါတယ်။

 မြန်မာနိုင်ငံ ပုဂံ ရှေးဟောင်းနယ်မြေအတွင်း မီးပုံးပျံ မောင်းနှင်ရတာဟာ ကမ္ဘာအရပ်ရပ်က တခြားနေရာတွေထက် လုံခြုံမှုရှိတယ်လို့ မီးပုံးပျံ မောင်းနှင်သူ မစ္စတာပီးယားက အခုလို ပြောပါတယ်။ 

မီးပုံးပျံ တက်နိုင်ဖို့ ပုဂံနယ်မြေအတွင်းမှာ ကွင်း လေးငါးကွင်းလောက်ရှိပြီး ဆင်းသက်မှုကိုတော့ မောင်းနှင်သူက လေကြောင်းအလိုက် တန်ခိုးကြီး ဘုရားတွေမှာ ဆင်းသက် ဖူးမြော်စေတယ်လို့ သိရပါတယ်။ 

မီးပုံးပျံ စီးနင်းသူတွေကို စိတ်ချမ်းသာမှုနဲ့ ယုံကြည်မှုပေးနိုင်ဖို့အတွက် မီးပုံးပျံ မောင်းနှင်သူ ခန့်ထားရာမှာလည်း ပြည်ပ မောင်းနှင်မှု အတွေ့အကြုံ အများဆုံးရှိတဲ့ လုပ်သက် ဆယ်နှစ်ကျော်သူတွေကိုသာ ခန့်ထားတာဖြစ်ပြီး မီးပုံးပျံ တစ်လုံးအတွက် စိတ်ချမှု ပေးနိုင်အောင် ၀န်ဆောင်မှု ပေးပုံကို မီးပုံးပျံ စီးနင်းမှုလုပ်ငန်း အရောင်းနဲ့ ဖြန့်ဖြူးရေး တာဝန်ခံ မသဉ္ဖာက အခုလို ပြောပြပါတယ်။

 မီးပုံးပျံ စီးနင်းသူတွေကို မြန်မာနိုင်ငံအတွင်း လာရောက် လည်ပတ်စဉ်အတွင်း ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရဲ့ သဘာဝအလှတွေကို မီးပုံပျံနဲ့ အောင်မြင်စွာ ပျံသန်း ကြည့်ရှုပြီး ဆင်းသက်နိုင်ခဲ့တဲ့ အသိအမှတ်ပြု လက်မှတ် ပေးအပ်တယ်လို့ သိရပါတယ်။

 မီးပုံးပျံ စီးနင်းဖို့ ခရီးသွားဧည့်သည်တွေ ဆောင်ရွက်ရမယ့် လုပ်ငန်းအဆင့်ဆင့်နဲ့ လိုက်ပါ စီးနင်းခ နှုန်းထားတွေကိုလည်း မသဉ္ဖာက အခုလို ပြောပြပါတယ်။ မီးပုံးပျံ ဘုရားဖူး ခရီးသွားလုပ်ငန်းကို ကမ္ဘာလှည့်ခရီးသွားနဲ့ ဘုရားဖူး အများဆုံးလာတဲ့ ပွင့်လင်းရာသီမှာသာ လုပ်ကိုင်ပြီး မိုးတွင်းမှာ ရပ်ဆိုင်းထားတယ်လို့ သိရပါတယ်။ 

ပုဂံ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း မီးပုံးပျံ အများစု စီးနင်းကြသူတွေကတော့ ဥရောပနိုင်ငံတွေက ခရီးသွား ဧည့်သည်တွေဖြစ်ကြပြီး အာရှ ဧည့်သည်တွေလည်း အသင့်အတင့် စီးနင်းကြကာ ပြည်တွင်းက အနည်းငယ်မျှသာ စီးနင်းတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ပြည်တွင်း ဧည့်သည်တွေလည်း စိတ်ဝင်စားပြီး စတင် စီးနင်းနေကြပြီလို့ သိရပါတယ်။


SUN

Category: , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ