ရေဘေးဒုက္ခနှင့် ကြုံတွေ့နေကြရသော မြန်မာနိုင်ငံသူ၊ နိုင်ငံသားများအား ပြည်တွင်း၊ ပြည်ပမှ ကူညီဖေးမပေးနေမှု့ အခြေအနေသတင်းအချို့

hnm | 日曜日, 8月 09, 2015 |




အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနကို ၂၄ နာရီ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်သွယ်ရမည့်ဖုန်းနံပါတ်များ အသိပေးခြင်း


မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂ဝ၁၅ ခုနှစ် ဇူလိုင်လနှင့် သြဂုတ်လများတွင် ဖြစ်ပွားခဲ့သော ရေဘေးသင့်ဒေသများအတွက် ကူညီကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းအကူအညီတောင်းခံလိုပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဌာနတွင် ၂၄ နာရီ ဖွင့်လှစ်ထားရှိသော အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၏ အထက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။



မြန်မာ့ ရေဘေးအတွက် ကူညီလှူဒါန်းနိုင်ရန် ဖေ့စ်ဘွတ်ခ်က စီစဉ်ပေး

တနိုင်ငံလုံးနီပါး ရေကြီးခဲ့တဲ့ မြန်မာနိုင်ငံကို ကူညီလှူဒါန်းနိုင်ဖို့အတွက် လူမှုကွန်ရက်တခုဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်က စီစဉ်ဆောင်ရွက်ပေးလိုက်ပြီဖြစ်ပါတယ်။ Donate to Myanmar Flood Relief ဆိုတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းက စတင်လိုက်တာ ဖြစ်ပါတယ်။ Visa ကတ်၊ Master Card တွေနဲ့ ငွေပေးချေရမှာဖြစ်ပြီး အနည်းဆုံး ၁၀ ဒေါ်လာကနေ ဒေါ်လာ ၅ သိန်းအထိ လှူဒါန်းနိုင်မှာပါ။ အဲဒီလိုပဲ ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာတွေဖြစ်တဲ့ အမ်ပီတီ၊ တယ်လီနော တို့ကလည်း ဖုန်းဘီတွေကတဆင့် လှူဒါန်းနိုင်ဖို့ စီစဉ်ထားပါတယ်။

အမ်ပီတီက တဆင့်လှူဒါန်းချင်ရင် ကုတ်နံပါတ် ၂၀၀၁ ကို မက်ဆေ့ဂ်ျပို့ရမှာဖြစ်ပြီး အနည်းဆုံး ၅၀၀ ကျပ် လှူဒါန်းရမှာပါ။ မက်ဆေ့ဂ်ျမှာတော့ ဘာမှ ရေးပေးစရာမလိုပါဘူး။

တယ်လီနောကတဆင့် လှူချင်ရင်လည်း ၂၀၀၁ ကို မက်ဆေ့ဂ်ျပို့ရမှာဖြစ်ပြီး အနည်းဆုံး ၅၀၀ ကျပ် လှူဒါန်းရမှာဖြစ်ပါတယ်။

မက်ဆေ့ဂ်ျပို့ရာမှာတော့ အင်္ဂလိပ်စာလုံးအကြီးနဲ့ HELPMM လို့ ရိုက်ပြီး ကွက်လပ်တခုနောက်မှာ လှူဒါန်းလိုတဲ့ ပမာဏကို ရိုက်ထည့်ရမှာပါ။

ဖေ့စ်ဘွတ်ခ်မှ လှူဒါန်းရန်လင့်ခ် - https://www.facebook.com/myanmarfloodrelief ပိုင်စိုး



ကလေးဒေသနှင့် ချင်းပြည်နယ် ရေဘေးသင့် ဒေသများအတွက် လုပ်အားဒါနရှင်များ၏ ရင်တွင်းပီတိ စကားသံများ

ရေဘေးသင့်ဒေသများ ဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီးနှင့် ချင်းပြည်နယ်အတွင်းရှိ ပြည်သူများအား မြန်မာနိုင်ငံအရပ်ရပ်ရှိ အလှူရှင်များမှ ပေးပို့လှူဒါန်းသော ဆန်အိတ်များ၊ စားသုံးဆီ၊စားသောက်ကုန်၊ ရေသန့်ဘူး၊ ခေါက်ဆွဲခြောက်ထုပ်များ၊ ဆေးဝါးပစ္စည်းများ၊ အဝတ်အထည်များ၊ အခြားလိုအပ်သည့်လူသုံး ကုန်ပစ္စည်းများ၊ နိုင်ငံတော်နှင့်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့မှ ထောက်ပံ့သော မီးစက်ကြီးများ၊ ထရန်စဖော်မာများ၊ ကလေးဒေသအတွင်း ရေကြီးနစ်ပြီးပျက်စီးခဲ့သော လယ်မြေများအချိန်မီ ပြန်လည်ထွန်ယက် နိုင်ရေးအတွက် လယ်ထွန်စက်ကြီးများတို့ကို မုံရွာလေယာဉ်ကွင်းမှတဆင့်ကလေးမြို့သို့ လည်းကောင်း၊ မုံရွာမြို့ သလ္လာဝတီဆိပ်နှင့် အလုံမင်းဒေါင့်ဆိပ်ကမ်းမှတဆင့်ချင်းတွင်းမြစ်ကြောင်းအတိုင်း အောင်မြသန်း ရေယာဉ်များဖြင့် ကလေးဝမြို့သို့ လည်းကောင်း၎င်းမှတဆင့် ကလေးမြို့သို့ မော်တော်ယာဉ်များ ဖြင့်ပေးပို့လျက်ရှိရာ အဆိုပါ ရေဘေးထောက်ပံ့ ပစ္စည်းများကို လေယာဉ်ပေါ်နှင့် ရေယာဉ်များပေါ်သို့ ထောက်ပံ့ပစ္စည်းများ တင်ဆောင်ရာတွင် လုပ်အားဒါနပြုသူများ၏ ရင်တွင်းစကားများကို စုစည်းတင်ပြအပ် ပါသည်။



ဦးရွှေဝင်း
စက်မှုလယ်ယာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး
စစ်ကိုင်းတိုင်းဒေသကြီး
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®

၁။ ကျွန်တော်တို့ ဌာနအနေနဲ့ ကောလင်းဒေသက ရေနစ်မြုပ်လယ်မြေတွေ အချိန်မီပြန်လည်စိုက်ပျိုးဖို့ အတွက် ထွန်စက်အစီး(၃၀)ကိုလွှတ်ပြီးအကူအညီပေးနေပါတယ်၊ အခုကလေးဒေသအတွက် လည်း နေပြည်တော်က ထွန်စက်အစီး(၂၀)၊ မန္တလေးတိုင်းဒေသကြီးက ထွန်းစက်အစီး(၃၅)စီးနဲ့ စစ်ကိုင်းတိုင်းဒေသ ကြီးက ထွန်းစက်(၂၅)စီး စုစုပေါင်းအစီး(၈၀)နဲ့ ရေနစ်မြုပ်လို့ ပျက်စီးသွားတဲ့လယ်မြေတွေကို အချိန်မီစိုက် ပျိုးနိုင်ဖို့ထွန်ယက်ခြင်းတွေကို အကူအညီပေးမှာပါ၊ အဲဒိလိုကူညီတဲ့အခါမှာ ကျွဲနွားမရှိတဲ့တောင်သူတွေ ကို ဦးစားပေး ထွန်ယက်ပေးမှာပါ၊ လယ်ယာသုံးစက်ကိရိယာ ရေနစ်မြုပ်ထားတဲ့ တောင်သူတွေကိုလည်း သူတို့ရဲ့ စက်ကိရိယာတွေကို ပြန်လည်ပြုပြင်ပေးတဲ့အလုပ်တွေကိုလည်းကူညီပေးသွားမှာပါ၊ အခုလိုကူညီခွင့်ရတဲ့ အတွက် ဝမ်းသာပါတယ်၊ ကျွန်တော်တို့ကဝန်ထမ်းတွေဖြစ်တော့ လုပ်အားအကူအညီပဲပေးနိုင်တယ် လေ၊ အဲဒိလို ကူညီခွင့်ရတဲ့အတွက် အများကြီးကျေနပ်မိပါတယ်။

ဦးမျိုးထွဋ်ဦး
လက်ထောက်ညွှန်ကြားရေးမှူး
စစ်ကိုင်းတိုင်းဒေသကြီးမီးသတ်ဦးစီးဌာန
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®

၂။ မုံရွာမြို့နယ် ရေဘေးအတွက် ရေကြီးချိန်ကလည်း သဲအိတ်တွေခင်းတယ်၊ ရေဝင်တဲ့နေရာတွေက ကလေးတွေ၊ သက်ကြီးရွယ်အိုအဖိုး၊အဖွားတွေကို ရေဘေးလွတ်ရာကို ရွှေပြောင်းပေးတဲ့နေရာတွေမှာ ကူညီ ပေးကြရတယ်၊ အခုလည်း မီးသတ်တပ်ဖွဲ့အနေနဲ့က ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ဝင်(၃၅)ဦး အရန်မီးသတ် တပ်ဖွဲ့ဝင် (၁၀၀)ဦးစုစုပေါင်း (၁၃၅)ဦးနဲ့ နေ့ည (၂)ဆိုင်းခွဲပြီး ကလေးဒေသနဲ့ ချင်းပြည်နယ် အတွင်းက ရေဘေးသင့် ပြည်သူတွေအတွက် ကယ်ဆယ်ရေး ပစ္စည်းတွေကို အောင်မြသန်း ရေယာဉ်တွေအပေါ် အရောက် တင်တဲ့နေရာမှာ လုပ်အားဒါန ပြုနေကြတာပါ။ အခု(၃)ရက်ရှိပါပြီ၊တပ်ဖွဲ့ဝင်တွေအားလုံးပင်ပန်းကျပေမဲ့ ရေဘေးသင့်ပြည်သူတွေ အတွက်က အရေးကြီး လိုအပ်နေတဲ့အတွက် အချိန်မီ ပို့ဆောင်နိုင်ဖို့အတွက် သယ်ပိုးပေး နေကြပါတယ်၊ အခု လိုကူညီခွင့်ရတဲ့အတွက် အများကြီးဝမ်းသာပါတယ်။

ဦးမျိုးဝင်း
အောင်မြသန်းရေယာဉ်မိသားစု
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®

၃။ မုံရွာမြို့မှာ ရေကြီးမှူဖြစ်တဲ့ အချိန်တုံးကလည်း သဲအိတ်တွေ၊ မော်တော်ယာဉ်တွေအကူအညီပေးခဲ့ ပါတယ်၊ အခုလည်း ကလေးဒေသနဲ့ ချင်းပြည်နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေး ပစ္စည်းတွေကို ကျွန်တော်ရဲ့ အောင်မြသန်းရေယာဉ်မိသားစုက ရေယာဉ် (၇)စီးနဲ့ အခမဲ့ပို့ဆောင်ပေးမှာပါ ကျွန်တော်ကိုယ်တိုင်လည်း ဆန်အိတ်(၈၀၀)နဲ့၊ ငါးပိသာဝင်ဆီပုံး (၈၀၀)ကိုပေးပို့လှူဒါန်းပါတယ်၊ အနယ်နယ် အရပ်ရပ်ကအလှူရှင်တွေလှူဒါန်းကြတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကို ရေဘေးသင့်ဒေသအရောက်ကျွန်တော် ပိုင်တဲ့ရေယာဉ်တွေနဲ့ အမှန်တကယ် လိုအပ်တဲ့သူတွေဆီကို ပို့ဆောင်ပေးခွင့်ရတဲ့အတွက် အများကြီး ကျေနပ်ပီတိ ဖြစ်ရပါတယ်၊ တန်(၅၀)ဆံ့ရေယာဉ်(၁)စီး၊ တန်(၁၅၀)ဆံ့ရေယာဉ်(၃)စီး၊ တန်(၃၀၀)ဆံ့ ရေယာဉ် (၁)စီး၊ တန်(၃၅၀)ဆံ့ရေယာဉ်(၁)စီး နဲ့ ဆန်အိတ် (၉၀၀၀)ကျော်၊ ဆီပုံးတွေ၊ ထွန်စက်တွေ၊ မီးစက်ကြီးတွေ၊ ထရန် စဖော်မာတွေ၊ စားသောက်ကုန်မျိုးစုံ၊ ရေသန့်ပုလင်းတွေ၊ ဆေးဝါးမျိုးစုံ၊ အခြားလူသုံးကုန်တွေကို တန်ချိန် (၈၀၀)လောက်ကို ကလေးဝမြို့ကိုအခမဲ့ပို့ဆောင်ပေးမှာပါ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ လုပ်တဲ့အချိန် မှာလည်း ထပ်ပြီး အကူအညီတွေပေးသွားမှာပါ၊ နိုင်ငံခြားတိုင်းပြည်တွေကတောင် လာပြီးလှူဒါန်းနေကြသလို နိုင်ငံတစ်ဝှမ်းကလည်း အလှူရှင်တွေက အခုလိုလှူဒါန်းကြတာ အများကြီးဝမ်းသာပါတယ်၊ ရေဘေးသင့်ပြည်သူ တွေလည်း အမြန်ဆုံး ရေဘေးဒုက္ခတွေ ကင်းဝေနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

တပ်သား ဝင်းနောင်
အမှတ်(၉၂၉) ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ရင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®

၎။ ကယ်ဆယ်ရေးပစ္စည်းတွေကို လေယာဉ်ပေါ်တွေကိုသယ်ပေးရတယ်၊ အခုချင်းတွင်းရေကြောင်းကနေ အချိန်မီ တင်ပို့နိုင်ဖို့အတွက် လုပ်အားလာပေးတာ အခု(၃)ရက်ရှိပါပြီ၊ ပြည်သူတွေ ရေဘေးဒုက္ခရောက်ကျရတဲ့ အချိန်မှာ ငွေကြေး၊ ပစ္စည်းတွေမလှူဒါန်းနိုင်တဲ့အတွက် လုပ်အားဒါန ပေးခွင့်ရတဲ့အတွက် အများကြီးဝမ်းသာ ပီတိ ဖြစ်ရပါတယ်၊ အများပြည်သူတွေ လှူဒါန်းတဲ့ ပစ္စည်းတွေကိုမြင်ရတော့ေ ရဘေးသင့်ပြည်သူတွေ အတွက် ကျေနပ်ပီတိ ဖြစ်ရပါတယ်၊ တစ်ဒေါင့်တစ်နေရာက ပါဝင်ခွင့်ရတဲ့အတွက် ပျော်ပါတယ်။

တပ်သား ကျော်စွာဝင်း
အမှတ်(၉၂၉)ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်း
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®

၅။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဒေသနဲ့ ချင်းပြည်နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေး ပစ္စည်းတွေ ရေယာဉ်တွေ အပေါ်ကို သယ်ယူတဲ့နေရာမှာ လုပ်အားဒါန လာပေးတာ (၃)ရက်ရှိပါပြီ။ ပင်ပန်းပေမဲ့လည်း ရေဘေးသင့်ပြည်သူတွေ အတွက် ကိုယ်ကိုယ်တိုင် ငွေကြေး၊ ပစ္စည်းတွေ မလှူဒါန်းနိုင်တော့ တပ်မတော်သား တစ်ယောက်အနေနဲ့ လုပ်အားဒါနကို လှူတန်းခွင့်ရတဲ့အတွက် ကျေနပ်ပါတယ်။ ရေဘေးသင့် ဒေသတွေက ပြည်သူတွေ ကျန်းမာစွာနဲ့ ထူထောင်ရေး လုပ်ငန်းတွေ ပြန်လုပ်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

ရဲတပ်သားနန်းထိုက်
မြို့မရဲစခန်း၊ မုံရွာမြို့နယ်
▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®

၆။ မြစ်ရေကြီးချိန်မှာ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို လုပ်ခဲ့ပါတယ်၊ အခုရေကျချိန်မှာလည်း ရေဘေးသင့် ဒေသတွေကို ပို့မဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ ထမ်းကူပေးတာပါ၊ ကျွန်တော်တို့က ဝန်ထမ်းတွေ ဖြစ်တဲ့အတွက် သူများတွေလို ငွေကြေး၊ ပစ္စည်းတွေ မကူညီနိုင်တော့ လုပ်အားဒါနပဲ ပေးနိုင်တာ၊ အခုလို လုပ်အားနဲ့ ရေဘေးသင့် ပြည်သူတွေကို ကူညီခွင့်ရတဲ့အတွက် အများကြီး ကျေနပ်ပီတိ ဖြစ်ရပါတယ်၊ ပင်ပန်းပေမဲ့ တစ်အားပျော်ပါတယ်။

တပ်သား မျိုးညွန့်အောင်
ပုလဲမြို့နယ်မီးသတ်စခန်း
၇။ ကျွန်တော်က ပုလဲမြို့နယ် မီးသတ်စခန်းရဲ့ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ကပါ၊ ဒီမှာလုပ်အားလာပေးတာ (၃)ရက် ရှိပါပြီ၊ ဒီကိုလည်းရောက်ရော အနယ်နယ်အရပ်ရပ်က လှူတဲ့ကယ်ဆယ်ရေးပစ္စည်းတွေ အများကြီးပဲ တွေ့ရတော့ အရမ်းအံ့ဩမိတယ်၊ ကိုယ်တိုင်မလှူနိုင်ပေမဲ့ လုပ်အားနဲ့လှူဒါန်းခွင့်ရတဲ့အတွက် အများကြီးပဲ ဝမ်းသာ မိပါတယ်၊ သဘာဝဘေးကြီးလည်း အမြန်ကင်းဝေးပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေလည်း အမြန်ဆုံး လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းနေပါတယ်။

ကိုဖိုးတာ
ရန်ကင်းလူငယ်လူမှုကူညီရေးအသင်း၊ မုံရွာမြို့
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®

၈။ လုပ်အားလာပေးတာတော့ ပထမဆုံးနေ့ပါ၊ အင်အား(၉)ဦးနဲ့ လုပ်တာပါ၊ ကျွန်တော်တို့ လူမှုကူညီရေး အသင်းနေနဲ့ ပစ္စည်းတွေလည်း လှူဒါန်းတယ်၊ လုပ်အားလည်း လာပေးတာပါ၊ ကျွန်တော်တို့ လူမှုကူညီရေး အသင်းတွေ အနေနဲ့က ဒုက္ခခံစားနေရတဲ့ မည်သူမဆို ကူညီနေတာဆိုတော့ အခုလည်း ရေဘေးခံစားနေရတဲ့ ကလေးဒေသနဲ့ ချင်းပြည်နယ် ပြည်သူတွေကို ကယ်ဆယ်ရေးပစ္စည်း တွေအပြင် လုပ်အားပါ ပေးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်၊ ဆက်ပြီးလည်း လုပ်အားဒါန ပေးသွားမှာပါ၊ ပင်ပန်းပေမဲ့လည်း ပျော်ပါတယ်။

ဦးသန့်ဇင်
ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

၉။ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီအနေနဲ့ ကလေးဒေသနဲ့ ချင်းပြည်နယ်အတွင်းက ရေဘေးသင့် ပြည်သူတွေ အတွက် ဆန်(၅၀၀)အိတ်နဲ့ အပါချီဘိလပ်မြေ (၁၀၀၀)အိတ် လာရောက်လှူဒါန်းတာပါ၊ ကုမ္ပဏီက မော်တော်ယာဉ်တွေနဲ့ ဝန်ထမ်းတွေနဲ့ လာပြီးလှူဒါန်းကြတာပါ၊ အခုလို ကိုယ်ထိလက်ရောက်လာပြီး လှူဒါန်းခွင့် ရတဲ့အတွက် အများကြီး ဝမ်းသာပါတယ်၊ ကျွန်တော်တို့ကုမ္ပဏီ အနေနဲ့ ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေကို အခုလ(၃)ရက်နေ့က စပြီး လုပ်ဆောင်ခဲ့တာပါ။

ဦးအောင်ထိုက်
ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
®®®®®®®®®®®®®®®®®®®®

၁၀။ ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီအနေနဲ့ မုံရွာခရိုင်အရာတော်မြို့နယ်က ရေဘေးကယ်ဆယ်ရေး လုပ်ငန်းတွေ အဖြစ် ဇူလိုင်လ (၂၈)ရက်ကတည်းက စပြီး ထမင်းထုပ်ဝေတယ်၊ ဆန်၊ ဆီတွေ လိုက်ပြီး လှူနေပါတယ်၊ အခုလည်းကလေးဒေသနဲ့ချင်းပြည်နယ်အတွင်းက ရေဘေးသင့်ပြည်သူတွေအတွက် လာပြီး လှူကြတာပါ၊ အဲဒိလိုလှူဒါန်းခွင့် ရတဲ့အတွက် ကုမ္ပဏီအနေနဲ့ အများကြီးဝမ်းသာပီတိဖြစ်ပါတယ်။

ဖိုးချမ်း-မုံရွာ


မြန်မာရေဘေး EU ယူရို ၄ သန်းခွဲကူ

မြန်မာနိုင်ငံက ရေဘေးဒဏ်သင့်လူထုအတွက် နောက်ထပ် အကူအညီရန်ပုံငွေ ကျပ်ငွေ ၆ ဘီလီယံ၊ ယူရိုငွေနဲ့ဆိုရင် ၄.၅ သန်းကို ဥရောပ သမဂ္ဂ EU ကပေးမယ်လို့ ရန်ကုန်မြို့အခြေစိုက် ဥရောပသမဂ္ဂနဲ့ အဖွဲ့ဝင်နိုင်ငံများဆိုင်ရာ သံရုံးတွေရဲ့ သြဂုတ်လ ၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ EU အဖွဲ့ဝင်နိုင်ငံတွေဟာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီအတွက် နှစ်စဉ် ယူရိုငွေ သန်း ၅ဝ ပေးနေတာဖြစ်ပြီး အခု ရေဘေးအတွက် နောက်ထပ် ယူရိုငွေ ၄ သန်းခွဲ ထပ်တိုးပြီးတော့ပေးတာပါ။ သက်ဆိုင်ရာ အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ အကူအညီ အလိုအပ်ဆုံးဖြစ်နေတဲ့ဒေသတွေက ပြည်သူတွေကို ထိထိရောက် ရောက် ကူညီနိုင်ဖို့ စီမံသွားမယ်လို့လည်း EU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ပြည်သူတွေ ပြန်လည်ထူထောင်ရေးကိစ္စအဝဝကို ကူညီသွားမှာဖြစ်သလို နောင်ဖြစ်ပေါ်လာနိုင်တဲ့ သဘာဝဘေး အန္တရာယ်တွေကို ကြိုတင်ကာကွယ်နိုင်ဖို့အတွက်လည်း ဒေသဆိုင်ရာအာဏာပိုင်တွေနဲ့ ပူးပေါင်းစီစဉ် ဆောင်ရွက်သွားမယ်လို့ EU ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



အီးယူ၊ ဗြိတိန်နှင့် အမေရိကန်က ဒေါ်လာ ၂ သန်းခွဲနီးပါး မြန်မာရေဘေးထောက်ပံ့

မြန်မာနိုင်ငံဒေသအနှံ့ရေလွှမ်းမိုးမှုကြောင့် အကြီးအကျယ်ပျက်စီးဆုံးရှုံးမှုတွေနဲ့ ပြန်လည် ထူထောင်ရေးလုပ်ငန်းတွေအတွက် ဥရောပသမဂ္ဂ(အီးယူ)က ယူရိုငွေ ၁ သန်း (အမေရိကန်ဒေါ်လာ ၁၀ သိန်း ၈ သောင်းကျော်)ထောက်ပံ့ကူညီမယ်လို့ ဒီကနေ့ ထုတ်ပြန်ကြေညာပါတယ်။ ဗြိတိန်နိုင်ငံအနေနဲ့လည်း စတာလင်ပေါင် ၅ သိန်း (အမေရိကန်ဒေါ်လာ ၇ သိန်း ၈ သောင်းကျော်)ထောက်ပံ့ကူညီသွားမယ်လို့ ယူကေအစိုးရထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဗြိတိန်နိုင်ငံတကာဖွံ့ဖြိုးရေးဌာန(DFID)အနေနဲ့ မြန်မာနိုင်ငံမှ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းက လူပေါင်း ၄၈,၀၀၀ ကျော်ကို အာဟာရစွမ်းအားမြင့်မားတဲ့ ဘီစကွတ် တွေ ပေးအပ်ခဲ့ပြီးဖြစ်သလို လူပေါင်း ၂၀,၀၀၀ ကိုလည်း တစ်ကိုယ်ရေသန့်ရှင်းရေးပစ္စည်း ထုပ်တွေနဲ့ရေသန့်စင်ပစ္စည်းတွေကို ပံ့ပိုးပေးခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။

ဗြိတိန် နိုင်ငံတကာဖွံ့ဖြိုးရေးဌာန၀န်ကြီး ဘာရွနက်စ်ဘာမာက“မြန်မာနိုင်ငံက ရေကြီးမှု၊ မြေပြိုမှုဒဏ်အသီးသီးကိုခံစားခဲ့ကြရတဲ့သူတွေအတွက် ကျွန်မတို့အရမ်းစိတ်မကောင်းဖြစ်ရပါ တယ်။သဘာဝဘေးအန္တရာယ်အတွက် ကျွန်မတို့ရဲ့ စီမံချက်က အစားအသောက်နဲ့ တခြား အ ရေးပေါ်လိုအပ်တဲ့ပစ္စည်းတွေ လူတွေလက်ထဲကိုမြန်မြန်ရောက်ရှိရေးပဲဖြစ်ပါတယ်။ အခု ထော က်ပံ့လိုက်တဲ့ ငွေကြေးက နိုင်ငံတစ်လွှား ပိုမို ကူညီထောက်ပံ့ပေးသွားမှာဖြစ်သလို ရေကြီးမှုဒဏ်ကို ခံလိုက်ရသူတွေ ပြန်လည် နာလန်ထူလာနိုင်ပြီး သူတို့ဘ၀ သူတို့ ပြန်လည် တည်ဆောက်လာနိုင်အောင် ပံ့ပိုးပေးသွားမှာပါ။ အခြေအနေကို ကျွန်မတို့ ဆက်ပြီး စောင့်ကြည့်နေမှာဖြစ်သလို၊ ဗြိတိသျှ အစိုးရကလည်း ဒီလို ဆိုးရွားတဲ့ အခြေအနေမှာ မြန်မာလူထုကို ကူညီပံ့ပိုးသွားဖို့ အသင့်ရှိနေပါတယ်”လို့ ပြောပါတယ်။

အလားတူ အမေရိကန်ပြည်ထောင်စုကလည်း USAID ရဲ့ပြည်ပကပ်ဘေး ကူညီရေးဌာန(OFDA)မှတ ဆင့် အမေရိကန်ဒေါ်လာ ၆ သိန်းထောက်ပံ့ကူညီပေးမယ်လို့ ဒီကနေ့ ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ဘေးဒဏ်သင့်လူ့အဖွဲ့အစည်းတွေရဲ့ အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အမေရိကန်ပြည်ထောင်စုမှ အဖွဲ့တဖွဲ့က ဒေသဆိုင်ရာဝန်ထမ်းတွေ၊ အတူလက်တွဲ လုပ်ဆောင်နေကျ အဖွဲ့အစည်းတွေနဲ့အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီး ဆက်လက်ပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမှာ ဖြစ်သလို အကူအညီလိုအပ်နေတဲ့ သူတွေကိုလည်းအကောင်းဆုံး ကူညီနိုင်ဖို့ လက်တွဲဖော်အဖွဲ့အစည်း တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ သံရုံးထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အလားတူ သြစတေးလျနိုင်ငံက ဒေါ်လာ ၂ သန်း၊ နော်ဝေက ဒေါ်လာ ၁ဒသမ ၂သန်း မြန်မာရေဘေးကူညီဖို့ ကမ်းလှမ်းထားပြီး တရုတ်က ဒေါ်လာ ၃ သိန်း၊ စင်ကာပူကြက်ခြေနီက ဒေါ်လာ ၁သိန်း ၊ မလေးရှား ပက်ထရိုနပ်စ်ရေနံကုမ္ပဏီက ဒေါ်လာ ၁သိန်းခွဲ ၊ ထိုင်းက ဘတ် ၅သန်းနဲ့ ကမ္တာဒီယား နိုင်ငံကလည်း ဒေါ်လာ ၁ သိန်း လျူဒန်းတယ်လို့ အသီးသီး ထုတ်ပြန်ထားပါတယ်။

မြန်မာအစိုးရက ရေဘေးအတွက် နိုင်ငံတကာအကူအညီတွေ လက်ခံနေသလို အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း မြန်မာရေဘေး ကယ်ဆယ်ပြန်လည်ထူထောင်ရေးအတွက် အကူအညီပေးရန် နိုင်ငံတာ အသိုင်းအ၀န်းကို ပန်ကြားထားပါတယ်။




အိန္ဒိယ တပ်မတော်မှ ကလေးဒေသ ရေဘေးသင့် ကျေးရွာများအတွက် ထောက်ပံ့ရေး ပစ္စည်းများ စတုတ္ထအကြိမ် လာရောက် လှူဒါန်း

အိန္ဒိယနိုင်ငံမှ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်လာသည့် လေယာဉ်သည် ယနေ့ ညနေ ၅နာရီ ၅မိနစ်အချိန် ကလေးမြို့ စတုတ္ထ အကြိမ်အဖြစ် ထပ်မံ ရောက်ရှိလာပြီး ဆန်အိတ် ၃၁၅ အိတ် ဆေးပစ္စည်း ၇၄ ဖာ သယ်ဆောင်လာပြီး ကလေးမြို့ဒေသ ကွက်ကဲရေးမှူး ဗိုလ်မှူးချုပ် အောင်သူနှင့် တာဝန် ရှိသူများက ကြိုဆို လက်ခံကြသည်။ အဆိုပါ ပစ္စည်းများအား ဦးအောင်မောင်း ညွှန်ကြားရေးမှူး ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာနမှ လက်ခံ ရယူခဲ့ကြောင်း သတင်းရှိသည်။ ၇-၈-၂၀၁၅ ရက်နေ့တွင် ကလေးမြို့သို့ အိန္ဒိယနိုင်ငံမှ ပေးပို့သည့် ရေဘေးသင့် ကယ်ဆယ်ရေး ပစ္စည်း စုစုပေါင်းမှာ ဆန်အိတ် (၈၉၅) အိတ်၊ ခေါက်ဆွဲခြောက် (၃၅) ဖာနှင့် ဆေးပစ္စည်း (၇၄) ဖာ တို့ ဖြစ်ကြောင်း သတင်းရရှိသည်။



ထိုင်းဘုရင်ကြီး နှင့် မိဖုရားက မြန်မာ့ရေဘေး ဘတ်ငွေ ၅ သန်း လှူဒါန်း

ထိုင်းနိုင်ငံက ပြည်သူလူထုကြည်ညိုလေးစားတဲ့ ဘုရင်မင်းမြတ်နဲ့ မိဖုရားတို့က မြန်မာနိုင်ငံက သဘာဝဘေးအန္တရာယ် ကြုံနေရတဲ့ ဒုက္ခသည်တွေအတွက် ထိုင်းဘတ်ငွေ ၅ သန်း လှူဒါန်းလိုက်ပါတယ်။ ထိုင်းဘုရင်နန်းတော်ရဲ့ ပြည်သူပြည်သားများ ကယ်ဆယ်ရေး ဖောင်ဒေးရှင်းရန်ပုံငွေထဲကနေ ဘတ် ၅ သန်းထုတ်ယူဖို့ သြဂုတ် ၇ ရက်နေ့ နေ့စွဲနဲ့ အမိန့်တော် ချမှတ်ပြီး ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာမှတဆင့် မြန်မာနိုင်ငံကို လှူဒါန်းအပ်နှံမယ်လို့ အိုင်အန်အန် ထိုင်းသတင်းဌာနမှာ ရေးပါတယ်။ ထိုင်းအစိုးရအနေနဲ့လည်း ဘတ်ငွေ ၅ သန်းလှူးဖို့ အစိုးရ၀န်ကြီးများအဖွဲ့ အစည်း အဝေးမှာ ဆုံးဖြတ်ခဲ့ကာ အလှူငွေ အပ်နှင်းပွဲကို ဒီကနေ့ ကျင်းပဖို့ရှိပြီး မြန်မာအစိုးရကိုယ်စား သံအမတ်ကြီး ဦးဝင်းမောင် နဲ့ တာဝန်ရှိသူတွေက လက်ခံရယူမှာဖြစ်ပါတယ်။



ကုလသမဂ္ဂက မြန်မာနိုင်ငံရေဘေးအတွက် ဒေါ်လာ ကိုးသန်း ကူညီပေး

လူပေါင်း ၃၃၀,၀၀၀ ကျော်ထက်မနည်း ဘေးဒုက္ခကြုံတွေ့နေပြီး သေဆုံးသူပေါင်း ၈၈ ဦးရှိသွားပြီဖြစ် သည့် မြန်မာနိုင်ငံရေဘေးအတွက် အကူအညီထောက်ပံ့မှုများ ဆောက်ရွက်ပေးလျက်ရှိသည့် အဖွဲ့ အစည်းများကို ကူညီမှုပေးရန် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးရုံးက အကူအညီ ရန်ပုံငွေ ဒေါ်လာ ကိုးသန်း ချထားပေးသည်။ "အရေးပေါ်ခိုလှုံရေးစခန်းတွေကလူတွေ၊ သန့်ရှင်းတဲ့ရေ၊ မိလ္လာစနစ်၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အခြားအကူအညီ အရပ်ရပ်အတွက် ယခုရန်ပုံငွေအကူအညီကို မတည်ပေးတာဖြစ်ပါတယ်။"ဟု လူသားချင်းစာနာထောက်ထားရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးအရာရှိ စတီဗင်အိုဘရိန်းက ထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြသည်။

ကုလသမဂ္ဂဗဟိုအရေးပေါ်တုံ့ပြန်မှုရန်ပုံငွေ CERF က ထုတ်ပေးသည့် ယင်းရန်ပုံငွေကြေးကို ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် ဒုက္ခကြုံတွေ့နေသည့် ပြည်သူ ၁၆၀,၀၀၀ ဝန်းကျင်နှင့် စစ်ကိုင်းနှင့် မကွေးတိုင်းက ဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်နေသည့် အဖွဲ့အစည်းများသို့ ထောက်ပံ့မှုများ ပေးအပ်သွားမည်ဖြစ်သည်။

အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ဒေါ်လာ ၄၇ သန်းအနည်းဆုံး လိုအပ်မည်ဖြစ်ကြောင်း ကူညီပေးရေးအေဂျင်စီများက ပြောပြီး ဘေးဒုက္ခအခြေအနေများက ပိုမိုများပြားလာမည်ဖြစ်ကြောင်း ခန့်မှန်းထားသည်။

ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့များက မြန်မာအစိုးရအာဏာပိုင်များ၊ လူမှုရေးအဖွဲ့အစည်းများ၊ ဒေသတွင်း အဖွဲ့အစည်းများနှင့် မြန်မာကြက်ခြေနီအသင်းကြီးတို့ ဦးဆောင်လုပ်ဆောင်နေကြသည့် ကူညီပေးရေး လုပ်ငန်းများအတွက် ထောက်ပံ့ကူညီမှုများ ပေးလာပြီဖြစ်သည်။

လက်ရှိတွင် ပြည်သူ ၁၀၃,၀၀၀ အတွက် စားနပ်ရိက္ခာ တန်ချိန် ၃၈၇ တန်နှင့် ရေသန့်စင်ဆေးပြား ၆၂၀၀၀၀ ကို ဖြန့်ဖြူးဝေငှထားပြီးဖြစ်သလို အခြားကယ်ဆယ်ရေးပစ္စည်းများလည်း အကူအညီများ ပေးထားသည်။



မြန်မာနိုင်ငံ ရေဘေး ကယ်ဆယ်ရေး အတွက် တရုတ်နိုင်ငံမှ ယွမ် ၁၀ သန်း ကူညီထောက်ပံ့မည်

တရုတ်နိုင်ငံ အစိုးရမှ ယွမ် ၁၀ မီလီယံ ( အမေရိကန် ဒေါ်လာ ၁.၆၃ မီလီယံ) တန်ဖိုးရှိသော အရေးပေါ် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းများအား မြန်မာနိုင်ငံက ရေဘေးသင့်ခံ ပြည်သူများ အတွက် ပေးအပ်မည် ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားကူးသန်း ဝန်ကြီး ဌာနမှ ကြာသပတေး နေ့တွင် ပြောကြား လိုက်ပါသည်။ ဇွန်လ ကတည်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံ၏ ဒေသ အတော်များများကို ထိခိုက်ခဲ့ပြီး လူနေအိမ်များ၊ လယ်ယာများ၊ ရထားလမ်းများ၊ တံတားများ နှင့် လမ်းများ ပျက်စီး ခဲ့ရသည်။

စက်လှေ စီးရေ ၁၀၀ အပါအဝင် ကူညီ ထောက်ပံ့ရေး ပစ္စည်းများအား မြန်မာ နိုင်ငံဘက်သို့ ဖြစ်နိုင်သမျှ မြန်မြန်ပို့ရန် ရှိကြောင်း ဝန်ကြီးဌာနက သတင်း ထုတ်ပြန်ချက်တွင် ပြောပါသည်။မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံရုံးကလည်း အရှေ့တောင် အာရှနိုင်ငံများရှိ တရုတ် လုပ်ငန်းရှင် များအား ဖိတ်ခေါ်၍ ရေဘေးသင့်သူများ အတွက် ကူညီ ထောက်ပံ့ရေးတွင် ပါဝင်ပေးကြရန် ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့သော ရေဘေး ကယ်ဆယ်ရေး ညှိနှိုင်း အစည်းအဝေးတွင် တိုက်တွန်းခဲ့ပါသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး ဟုန်လျန် နှင့် သံရုံးဝန်ထမ်းများသည် စစ်ကိုင်းတိုင်း ဒေသကြီး ၊ မကွေးတိုင်း ဒေသကြီး နှင့် ရခိုင်ပြည်နယ်ရှိ ဒုက္ခသည်များ အတွက် စုစုပေါင်း ကျပ်သိန်း ၃,၇၀၀ (အမေရိကန် ဒေါ်လာ ၃ သိန်းကျော်) တန်ဖိုးရှိ လူသားချင်း စာနာ ထောက်ထားမှု ကူညီ ထောက်ပံ့ရေး ပစ္စည်းများကို လှူဒါန်း ထားကြောင်း သိရသည်။

ထိုအရေးပေါ် ထောက်ပံ့ရေး ပစ္စည်းများကို သြဂုတ်လ ၃ ရက်နေ့တွင် စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ရှိ အိမ်ထောင်စု ပေါင်း ၁,၅၄၅ ထံ သွားရောက် လှူဒါန်းခဲ့သလို သြဂုတ်လ ၄ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ် အတွင်းရှိ ရေဘေးသင့်သူ အိမ်ထောင်စုပေါင်း ၂ သောင်းထံ သို့လည်း သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများ သွားရောက် လှူဒါန်းခဲ့ပြီး ဖြစ်သည်။ ထို့အပြင် သြဂုတ်လ ၇ ရက်နေ့တွင် တရုတ်သံရုံး မှ မကွေးတိုင်း ဒေသကြီးရှိ ရေဘေးသင့် ဒေသများသို့ သွားရောက်၍ ကူညီ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက် လှူဒါန်း ဦးမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရုတ်နိုင်ငံ၏ အစိုးရမဟုတ်သည့် အကြီးဆုံး ကယ်ဆယ်ရေးအဖွဲ့ ဖြစ်သည့် Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် ရေဘေးသင့် ဒေသများတွင် လူသားချင်း စာနာထောက်ထားမှု ကယ်ဆယ်ရေး လုပ်ငန်များ ဆောင်ရွက်ရန် သြဂုတ်လ ၄ ရက်နေ့ မနက်ပိုင်းတွင် တရုတ်နိုင်ငံ မှ မြန်မာနိုင်ငံ သို့ရောက်ရှိခဲ့ကြ ပါသည်။



တရုတ်ပြည်ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးပစ္စည်း ကုန်တင်ကား ၁၄စီး ပေးပို့


သြဂုတ်လ၆ရက်နေ့နံနက်ပိုင်း တွင် တရုတ်ပြည်ယူနန်ပြည်နယ်မှ မြန်မာပြည်ရေဘေးဒဏ်ခံဒုက္ခသည်အတွက် ကယ်ဆယ်ရေးပစ္စည်း များ ကုန်တင်ကား ၁၄စီး ဖြင့် ရွှေလီ-မူဆယ် ဂိတ်ကို ဖြတ်ကျော် ၍ မြန်မာ ဘက်သို့ ၀င်ရောက်သည်။ တရုပ်ကြီးမှ ကား ၁၄ စီး လားရှိးမြို့ ဖြတ်သွားပါပြီ ၆-၈-၂၀၁၅ ရက်နေ့တွင် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရမှ မြန်မာနိုင်ငံ၊ သဘာဝဘေးဒဏ်သင့်ဒေသများအတွက် ထောက်ပံ့လှူဒါန်းသော မိုးကာတဲ ၁၀၀၀ ခု၊ တန်ဖိုး ယွမ် ၁၃ သိန်း၊ နို့မှုန့်ဖာ ၅၀၀ ဖာ တန်ဖိုး ယွမ် ၂.၈ သိန်း၊ ခေါက်ဆွဲခြောက် ၁၀၀၀၀ ဖာ တန်ဖိုး ယွမ် ၃.၉ သိန်း၊ ဆန် ၁၀၀ တန် တန်ဖိုး ယွမ် ၄.၄ သိန်းတို့အား ယူနန်ပြည်နယ်အစိုးရ၊ နိုင်ငံခြားရေးဌာညွှန်ကြားရေးမှူး မစ္စတာ ဟိုတောင်းနှင့် အဖွဲ့ဝင်များမှ မော်တော်ယာဉ် ၁၄ စီးဖြင့် မူဆယ်မြို့၊ မြန်မာ-တရုတ်နယ်စပ် ၀င်/ ထွက်ပေါက် မန်ဝိန်းဂိတ်မှ သယ်ဆောင်ထွက်ခွာလာရာ ညနေ ၃ နာရီတွင် ကွတ်ခိုင်မြို့အား ဖြတ်သန်း၍ ဆက်လက်ထွက်ခွာလာကြောင်းနှင့် ယနေ့ မန္တလေးမြို့သို့ အရောက်ပို့ဆောင်မည်ဖြစ်ကြောင်း သတင်းရရှိ။



မြန်မာရေဘေးကပ် အရေးပေါ်လိုအပ်ချက်အတွက် အမေရိကန်က ဒေါ်လာ ၆ သိန်း ကူညီ

မြန်မာရေးဘေး ဒုက္ခအတွက် အမေရိကန်အစိုးရက လတ်တလော လိုအပ်ချက်များ အတွက် အမေရိကန်ဒေါ်လာ ၆၀၀၀၀၀ လှူဒါန်း သွားမည် ဖြစ်ကြောင်း အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်သည်။ ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါ အတိုင်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် မိုးသည်းထန်မှုနှင့် ရေလွှမ်းမိုးမှု ဒဏ်ခံရသူ အားလုံး အတွက် ကျွန်ုပ်တို့ စိတ်ပူပန်လျက်ရှိပြီး အစစအရာရာအတွက် ဆုတောင်းပေးနေပါသည်။ အမေရိကန်အစိုးရသည် USAID၏ ပြည်ပကပ်ဘေးကူညီရေးဌာန(OFDA)မှတစ်ဆင့် အမေရိကန်ဒေါ်လာ ၆ဝဝ,ဝဝဝ ကို လက်တလောအကူအညီအဖြစ် ပေးအပ်ပါမည်။ ဘေးဒဏ်သင့် လူ့အဖွဲ့အစည်းများ၏ အရေးပေါ်လိုအပ်ချက်များအား ဖြည့်ဆည်းပေးရန် ကျွန်ုပ်တို့ဆီမှ အဖွဲ့တစ်ဖွဲ့သည် ဒေသဆိုင်ရာဝန်ထမ်းများ၊ အတူလက်တွဲလုပ်ဆောင်နေကျ အဖွဲ့အစည်းများနှင့်အတူ အနီးကပ်ပူးပေါင်းဆောင်ရွက်နေပြီ ဖြစ်သည်။ ကျွန်ုပ်တို့ဘက်မှ ဆက်လက်၍ အခြေအနေကို အနီးကပ်စောင့်ကြည့်သွားမည် ဖြစ်သလို အကူအညီလိုအပ်နေသောသူများကို အကောင်းဆုံး ကူညီနိုင်ရန် လက်တွဲဖော်အဖွဲ့အစည်းများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားပါမည်။


JICA အဖွဲ့အစည်းမှ လှူဒါန်းလိုက်သော ကုန်သေတ္တာ(၂)လုံး ရန်ကုန်လေဆိပ်သို့ ရောက်ရှိ

ရေဘေးသင့်ပြည်သူများအတွက် ဂျပန် နိုင်ငံ အစိုးရ JICA အဖွဲ့အစည်းမှ လှူဒါန်းလိုက်သော Sleeping Mattress(456)ထုပ်၊ Blanket (2700)ထုပ်နှင့် Plastic Sheet(40)ထုပ်တို့ ပါဝင်သော ကုန်သေတ္တာ(၂)လုံးသည် စင်္ကာပူလေကြောင်းလိုင်း ခရီးစဉ် အမှတ် SQ-998 ဖြင့် စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ (၅-၈-၂၀၁၅)ရက်နေ့ (၀၉၄၅)အချိန် တွင် ရောက်ရှိလာပါသည်။ အဆိုပါ ကုန် သေတ္တာ(၂)လုံးအား ကယ်ဆယ်ရေးနှင့်ပြည်လည်နေရာချထားရေး ၀န်ကြီးဌာန(ရန်ကုန်တိုင်းဒေသကြီး)မှ ညွန်ကြားရေးမှူး ဦးကြည်သာ၊ လေကြောင်းရဲတပ်ဖွဲ့ခွဲ(ရန်ကုန်)မှ တပ်ဖွဲ့ခွဲမှူး ဒုရဲမှူးကြီး ဥကာကို၊ လေကြောင်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန (ရန်ကုန်လေဆိပ်)မှ အထွေထွေမန်နေဂျာ ဦးညီညီမောင်တို့မှ လာရောက်ကြည့်ရှုစစ်ဆေးပြီး ညွန်ကြားရေးမှူး ဦးကြည်သာထံသို့ လွှဲပြောင်းပေးအပ်ရန် Custom Warehouse သို့ ဆက်လက်သယ်ဆောင်သွားကြောင်း၊ ဦးကြည်သာ အနေဖြင့် Custom Warehouse သို့ သွားရောက်ထုတ်ယူပြီး စစ်ကိုင်းဒေ ဒေသကြီးသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


ရေဘေးကယ်ဆယ်ရေးနှင့် ပတ်သက်၍ အရေးပေါ် လိုအပ်ချက်များ ဝေဖန်အကြံပြုချက်များအား လက်ခံ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း

တပ်မတော်အနေဖြင့် ရေဘေးသင့်ဒေသအသီးသီးရှိ ပြည်သူများ၏ အခက်အခဲများကို စေတနာထား၍ ကယ်ဆယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် မြ၀တီနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး Facebook စာမျက်နှာများသို့ ရေဘေးကယ်ဆယ်ရေးနှင့် ပတ်သက်၍ ကူညီပေးနိုင်ရန် သတင်းပေးပို့မှုများကိုလည်း လက်ခံရရှိခဲ့ပါသည်။ အဆိုပါ သတင်းပေးပို့မှုများအရ သွားလာရန်ခက်ခဲသော နေရာများသို့ တပ်မတော် ရဟတ်ယာဉ်များအသုံးပြုပြီး အချိန်နှင့်တစ်ပြေးညီ ထောက်ပံ့ရေးပစ္စည်းများအား ပို့ဆောင်ခဲ့ပါသည်။ ထိုသို့သွားရောက်ရာတွင် ရဟတ်ယာဉ် ဆင်းသက်ရန် မြေပြင်အခြေအနေ အခက်အခဲရှိမှုအား ကြိုတင်မသိရှိနိုင်သည့်အတွက် ဝေဟင်မှပင် ချပေးခဲ့ ရသည်များလည်း ရှိပါသည်။

ထိုသို့ ချပေးရာတွင် အချို့သော ထောက်ပံ့ရေးပစ္စည်းများမှာ ရွံဗွက်ထဲသို့လည်းကောင်း၊ ကွဲနိုင်သည့် ပစ္စည်းအချို့ ပျက်ဆီးမှုများ ရှိခဲ့သည်ကိုလည်းကောင်း သိရှိရသည့်အတွက် များစွာ စိတ်မကောင်းဖြစ်မိပါသည်။ နောင်တွင် အလားတူ ကိစ္စရပ်မျိုး ထပ်မံမဖြစ်ပွားစေရေး စီမံဆောင်ရွက်လျက်ရှိပါသည်။

ယခုကဲ့သို့ လိုအပ်ချက်များ၊ အကြံပြုချက်များ ရရှိသည့် အတွက် အလွန်တရာ ကျေးဇူးတင်ရှိပါကြောင်း၊ လိုအပ်ချက်များ နှင့် အကြံပြုချက်များအား ကြိုဆိုလျက်ရှိပါကြောင်း အသိပေးကြေငြာအပ်ပါသည်။



ရခိုင်ရေဘေးအတွက် ကြက်ခြေနီအသင်းပိုင် အသုံးအဆောင်၊ ဆေးဝါး ဂိုဒေါင်သုံးလုံးစာ ပေးအပ်သွားမည်

ရခိုင်ရေဘေးသင့်ပြည်သူများ အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအ သင်းပိုင် ဂိုဒေါင်သုံးလုံးထဲမှကြိုတင် စုဆောင်းထားသော မိသားစုအသုံး အဆောင်၊ ဆေးဝါးနှင့် ပြန်လည်ထူ ထောင်ရေးပစ္စည်းများကို ဖြန့်ဝေပေး
အပ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှသိရသည်။ ''အသင်းအနေနဲ့ ဂိုဒေါင်တွေကို ဖွင့်ပြီး အသုံးအဆောင်ပစ္စည်းတွေ ကို ဘေးသင့်တဲ့ပြည်သူတွေလက်ထဲ ရောက်အောင် ပေးအပ်သွားပါမယ်။ ရခိုင်ပြည်နယ်မှာ ဂိုဒေါင်သုံးခုရှိတယ်။ စစ်တွေ၊ ကျောက်ဖြူ၊ သံတွဲမြို့တွေမှာ ရှိတဲ့ ဂိုဒေါင်ထဲက မိသားစုသုံးပစ္စည်း တွေ၊ ဆေးဝါးတွေကိုေ ပးအပ်သွား မှာ ဖြစ်ပါတယ်''ဟြု မန်မာနိုင်ငံကြက် ခြေနီအသင်း၊ ရေဘေးဒုက္ခသည်စီမံ ခန့်ခွဲရေးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်သောင်းရွှေက ပြောသည်။

ရေဘေးသင့်ပြည်သူများအနေ ဖြင့် သန့်ရှင်းသော သောက်သုံးရေ များကို အဓိကလိုအပ်နေပြီး စားနပ် ရိက္ခာနှင့်နေစရာအခက်အခဲများလည်း ရှိနေကြောင်း သိရသည်။

''ရေကြီးတော့ ရခိုင် မြောက်ဦး က လူတွေ တောင်ကုန်းပေါ်မှာ တဲ ထိုးနေရတယ်။ တောင်ကုန်းမရှိတဲ့သူ တွေကျတော့ သစ်ပင်ပေါ်မှာနေရ တယ်။ တောင်ကျရေတွေက နောက် တော့ သောက်စရာမရှိဘူး။ သောက် ရေသန့်တွေလိုအပ်နေပါတယ်။ မျိုး စပါးတွေလိုပါတယ်''ဟု ရခိုင်ပြည်နယ်၊ မြောက်ဦးမဲဆန္ဒနယ် အမှတ်(၁) လွှတ် တော်ကိုယ်စားလှယ် ဦးထွန်းလှိုင်က ပြောသည်။

သန့်ရှင်းသော သောက်သုံးရေ ရှိရန် ရေသန့်ဆေးပြားများကို မြန်မာ နိုင်ငံ ကြက်ခြေနီအသင်းကပေးအပ် သွားမည်ဖြစ်ပြီး ရေကိုကြိုချက်သောက် သုံးသင့်ကြောင်း သိရသည်။

''ဒီနေ့ စစ်တွေကို အသင်းက ရေ သန့်အလှူရှင်တစ်ဦး ထွက်သွားပြီ။ မြန်မာနိုင်ငံကြက်ခြေနီအသင်းက ပေး မယ့် မိသားစုအသုံးအဆောင်ပစ္စည်း တွေထဲမှာ ရေသန့်စင်ဆေးပြားပါတယ်။ တစ်ပြားကို
လီတာ၂ဝသန့်စင် သောက် သုံးနိုင်မှာဖြစ်ပါတယ်။

မြောက်ဦးက တော့ စစ်တွေဂိုဒေါင်ဖောက်တဲ့ထဲက နေ ပေးအပ်သွားမှာပါ။ သွားရေးလာ ရေး အဆင်ပြေပြီဆိုတာနဲ့ အသင်းက ချက်ချင်းလာမှာပါ။ အသင်းကမရောက် လာသေးခင် မပေးနိုင်သေးခင်မှာ မိုး ရေကိုသိုလှောင်ပြီး ကျိုချက်သောက် သုံးထားပါလို့ အကြံပေးချင်ပါတယ်'' ဟု ဆက်လက်ပြောသည်။

ရေဘေးဒုက္ခသည်များအနေ ဖြင့် ရေကျသွားချိန် မိမိတို့နေအိမ်သို့ ပြန်ရာတွင် မတော်တဆထိခိုက်မှုများ၊ အဆိပ်ရှိသော သတ္တဝါအန္တရာယ်များ ကို ဂရုပြုရှောင်ရှားနိုင်ရန် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သတိပေးသွား မည်ဖြစ်ကြောင်း သိရသည်။

 သူသူထက်လွင်


ကမ္ဘောဇဘဏ်က မြောက်ဦးဒေသသို့ ကျပ်သိန်း ၆၀၀ နှင့် ကုန်စည်မျိုးစုံသွားရောက်လှူဒါန်း ရေဘေးသင့်ပြည်သူများသို့ ကျပ်နှစ်ဘီလျံကျော်အထိ လှူဒါန်းပြီးဖြစ်ကြောင်းသိရ

ကမ္ဘောဇဘဏ် (ကမ္ဘောဇအုပ်စု အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း)အဖွဲ့မှ ရခိုင်ပြည်နယ်မြောက်ဦးဒေသရှိ ရေဘေးသင့်ပြည်သူများအတွက် ကျပ်သိန်း ၆၀၀ နှင့် စားသောက်ကုန်အပါအ၀င် အခြားကုန်စည်မျိုးစုံကို သွားရောက်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။ ကမ္ဘောဇဘဏ်လီမိတက်(ကမ္ဘောဇအုပ်စု အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း) အနေဖြင့် ကလေး၊ ဟားခါး၊ မြောက်ဦး၊ စစ်တွေအပါအ၀င် ရေဘေးသင့်ဒေသများရှိ ရေဘေးသင့်ပြည်သူများအတွက် ယခုအချိန်အထိ လှူဒါန်းမှုမှာ ကျပ်သန်း ၂၀၀၀ ကျော် (ကျပ်နှစ်ဘီလျံကျော်) အထိရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် ရေဘေးသင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက်လည်း ကမ္ဘောဇဘဏ်လီမိတက် (ကမ္ဘောဇအုပ်စု အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်း) အနေဖြင့် ဘိလပ်မြေအိတ် ၆၀၀၀ နှင့် အိမ်မိုးသွပ် ၆၀၀၀ ကိုလည်း လှူဒါန်းခဲ့ကြောင်း သိရသည်။

ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းဦးဆောင်၍ စီးပွားရေးလုပ်ငန်းရှင်များ၊ အနုပညာရှင်များပါဝင်သောအဖွဲ့သည် မြောက်ဦးဒေသသို့ သွားရောက်ကာ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း၊ ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်၊ အောင်မြင်သူကုမ္ပဏီဥက္ကဋ္ဌ ဦးလှမျိုး၊ ဧရာဟင်္သာကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်ဝင်းရှိန်၊ ၀မင်းကုမ္ပဏီဥက္ကဋ္ဌ ဦးခွန်နောင်မြင့်ဝေ၊ စိုင်းစည်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးစိုင်းစည်တွမ်ခမ်းတို့နှင့် အနုပညာရှင်များကလည်း အလှူပစ္စည်းနှင့် အလှူငွေကိုများ ထည့်ဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။



မြွေကိုက်လူနာများကို သြစတြေးလျ အကူအညီဖြင့် ဆေးဝါးနှင့် စက်ကိရိယာများ ထောက်ပံ့ပေးမည်

ရေဘေးသင့်ဒေသအချို့ မြွေအန္တရာယ် ကြုံတွေ့နေရလျက် ရှိရာ သြစတြေးလျ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းကာြေ မွကိုက်လူနာများ အတွက် လိုအပ်သော နည်းပညာ၊ ဆေးဝါးနှင့် စက်ကိရိယာများကို ၂ နှစ်တာ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ကျန်းမာရေး ဦးစီးမှူး ဒေါက်တာဝင်းနိုင်က ပြောကြား သည်။ ယင်းအစီစဉ်အရ မန္တလေးတိုင်း ဒေသကြီးအတွင်း မြွေအပေါဆုံး မြို့နယ်များအဖြစ် သတ်မှတ်ထားသော ကျောက်ဆည်မြို့နယ်နှင့် မတ္တရာမြို့နယ် များရှိ အိမ်ခြေ သုံးထောင်ခန့်ကို သြဂုတ်လ ၇ ရက်နေ့မှ စတင်ပြီး မြွေကိုက်လူနာ ပြုစုနည်း၊ မြွေမကိုက်အောင်ေ နထိုင်နည်း စနစ်များနှင့် မြွေဆိပ်ဖြေဆေး သုံးစွဲနည်းနှင့် သိုလှောင်နည်းများကို သင်ကြားပေးမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းြေ ပာကြားသည်။

“ဒီနှစ်မြို့နယ်က အိမ်ခြေ ၁၅၀၀ စီကို စတင်ပညာပေးပြီး ဆင့်ပွားသင်တန်း တွေကို ဆက်လက် လုပ်သွားမှာပါ MoU ထိုးတာတာကတော့ တစ်နိုင်ငံလုံး လုပ်မှာပါ။ ရန်ကုန်ကိုလည်း ဒီလဆန်းပိုင်းမှာပဲ စတင် လုပ်ပါလိမ့်မယ်” ဟု ဒေါက်တာဝင်းနိုင်က ဆိုသည်။

မတ္တရာနှင့် ကျောက်ဆည်မြို့နယ် များရှိ ကျေးရွာများတွင် နှစ်စဉ် မြွေကိုက်မှုကြောင့် သေဆုံးမှုများရှိနေပြီး မြို့နှင့် နီးသောကျေးရွာများတွင်ြေ မွကိုက်သော်လည်းဆေးရုံ၊ ဆေးခန်းများကို အချိန်မီ သွားရောက်ကုသနိုင်သဖြင့် အသက် ဆုံးရှုံးမှု မရှိကြောင်း၊ သို့သော်လည်း မြို့နှင့်ဝေးပြီး ကျေးလက်ကျန်းမာရေး ဆေးခန်းများ မရှိသည့် ကျေးရွာများတွင် ဆေးဝါးကုသမှု နောက်ကျသဖြင့် သေဆုံးခြင်းများ ရှိနေကြောင်း အဆိုပါဒေသခံ များထံမှ စုံစမ်းသိရှိရသည်။

ယင်းသို့ သြစတြေးလျနိုင်ငံက မြွေ ဆိပ်ဖြေနည်းကို မြန်မာနိုင်ငံတွင် ကိုယ်တိုင်ကိုယ်ကျ ထုတ်လုပ်နိုင်ရေး ကူညီပေးမည့် အစီအစဉ်အပြင်ြေ မွဆိပ်ဖြေဆေးကို ကျေးလက်ကျန်းမာရေး ဌာန၊ မြို့နယ် ကျန်းမာရေးဌာနနှင့် ဆေးရုံကြီးများတွင် သိုလှောင်ထားရှိနိုင်ရန် အတွက် ဆိုလာပြားနှင့် အအေးခန်းများကိုပါ ကူညီထောက်ပံ့မည် ဖြစ်ကြောင်း အဆိုပါဌာန တာဝန် ရှိသူက ထပ်လောင်းပြောကြားသည်။




စစ်ကိုင်းရေဘေးအတွက် ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မူအသင်း သွားရောက်လှူဒါန်းမည်

စစ်ကိုင်းတိုင်းမှ ရေဘေးသင့်ပြည်သူများအား ပြည်တွင်းဘုရားဖူးနှင့်ခရီးသွားဝန်ဆောင်မူအသင်းမှ သြဂုတ် ၇ ရက်တွင် သွားရောက်လူဒါန်း မည်ဖြစ်ကြောင်းသိရသည် ။ လူလေးဆယ့်ငါးဦးဆံ့ ကား ၁၁ စီးဖြင့် ဘုရားဖူးအသင်းဝင်များ ၊အလူရှင်များစုပေါင်းသွားရောက်ကြမည်ဖြစ်ပြီး ဆန်အိတ် ၂၀၀ နှင့်
အခြားအလူပစ္စည်းများ ၊အလူငွေများပါဝင်မည်ဖြစ်ကြောင်း အဆိုပါအသင်းမှ နာယက ဥပဒေအတိုင်ပင်ခံ ဦးမျိုးကြီးကပြောသည် ။ "ဆန်အိတ်တွေကတော့ သီတဂူဆရာတော်ကြီးကတစ်ဆင့်လူဒါန်းမှာပါ ။ပွင့်ဖြူဘက်ကိုသွားရောက်လူဒါန်းဖို့လည်း အဖွဲ့တစ်ဖွဲ့မနေ့ကထွက်သွားပါပြီ "ဟု ၄င်းကပြောသည် ။ ပွင့်ဖြူသို့သွားရောက်လူဒါန်းရာတွင် အလူငွေကျပ်သိန်းငါးဆယ် နှင့် အ၀တ်အစားများ ၊စားစရာများပါဝင်ကြောင်း သိရသည် ။
စစ်ကိုင်းသို့သွားရာတွင် အလူရှင်များလည်းပါဝင်ပြီး အပြန်တွင် အဆိုပါအလူရှင်များအား မန္တလေးရှိ ကျောက်စိမ်းဘုရားသို့ ဘုရားဖူးပို့ဆောင်ပေးမည်ဟုသိရသည် ။



ပရဟိတလုပ်ငန်းများအား ဂုဏ်ပြုလျက် SKY NET က ပရဟိတ ရုပ်သံလိုင်းကို အလှူ ဒါန အဖြစ် ထုတ် လွှင့်ပေးမည်

မြန်မာနိုင်ငံ နေရာအချို့တွင် ရေကြီးရေလျှံနှင့် မြေပြိုမှုများဖြစ်ပေါ်ပြီး ၊ ပြည်သူများ လှုမှုဒုက္ခ ခံစားနေကြရ ပြည်တွင်း/ပြည်ပ အလှူရှင်များက တစ်ဦးချင်း အလိုက်သော လည်းကောင်း၊ အဖွဲ့အစည်းအလိုက် သော်လည်းကောင်း ၊ လိုအပ်သောကူညီမှုများ ပေးပြီး ပရဟိတလုပ်ငန်းများ စွမ်းစွမ်းတမံ ဆောက်ရွက်လျက်ရှိ နေကြသည်။ အဆိုပါ မွန်မြတ်သော ပရဟိတလုပ်ငန်း များအား ဂုဏ်ပြုမှတ်တမ်းတင်ပေးပြီး ၊ ပရဟိတလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက် စေရန် ရည်ရွယ်ကာ ရွှေသံလွင်မီဒီယာ SKY NET က သြဂုတ် (၅) ရက်မှ စတင်ကာ ပရဟိတ (Parahita) ရုပ်သံလှိုင်းကို အလှူ ဒါန အဖြစ် စတင် ထုတ်လွှင့်ပေးနေ ပြီဖြစ်ပါသည်။

သို့ဖြစ်ပါသေ အဆိုပါ ပရဟိတလုပ်ငန်းများ ဆောက်ရွက်နေသော လူပုဂ္ဂိုလ်များ ၊ အဖွဲ့အစည်းများက မိမိတို့၏ ပရဟိတ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း ဗီဒီယိုများ ကို AVI format ဖြင့် ပေးပို့ကြပါရန် နှင့် SKY NET ၏ မူဝါဒနှင့် သတင်း မီဒီယာကျင့်ဝတ် နှင့် ကိုက်ညီသည့် မှတ်တမ်း များကို စိစစ်ရွေးချယ် တင်ဆက်ပေးမည် ဖြစ်ပါကြောင်း သတင်းကောင်းပါး အပ်ပါသည်။


ရေဘေးသင့်နေတဲ့ မြန်မာပြည်သူတွေအတွက် ထိုင်းရုပ်ရှင်မင်းသမီး အလှူခံ ပေးနေ

ရေဘေးသင့်နေတဲ့ မြန်မာပြည်သူတွေအတွက် ထိုင်းရုပ်ရှင်မင်းသမီး ကယောက် ကရာဗီ (Kaew Korravee) ဟာ ဘန်ကောက်မြို့ မဟာချိုင် အရပ်မှာရှိတဲ့ မြန်မာရပ်ကွက်များကို မနေ့ကစပြီး အလှူခံထွက်ရာမှာ အခုဆိုရင် အလှူငွေ ဘတ်တစ်သိန်းကျော် (ကျပ်သိန်းသုံးဆယ်ကျော်) လက်ခံရရှိနေပြီ ဖြစ်ကြောင်း သူ့ရဲ့ Facebook မှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြထားပါတယ်။ မင်းသမီး ကရာဗီနဲ့အတူ ကိုရီးယားရုပ်ရှင်မင်းသားတဦးလည်း ရေဘေးအတွက် အလှူခံရာမှာ ပါဝင်ခဲ့ပါတယ်။ “ဘယ်လိုအချစ်မျိုးလဲ” အမည်ပေးထားတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမားလေးတဦးနဲ့ ထိုင်းအမျိုးသမီးလေး တဦးတို့ ရဲ့ အချစ်ဇတ်လမ်းမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ မင်းသမီးကရာဗီဟာ မြန်မာလူမျိုးတွေနဲ့ တရင်းတနှီးဖြစ်လာခဲ့ပြီး ရေဘေးဒုက္ခခံစားနေရချိန်မှာ ကူညီလိုတဲ့ ဆန္ဒဖြစ်လာခဲ့တဲ့အတွက် အခုလို အလှူငွေ ကောက်ခံပေးခြင်းဖြစ်တယ်လို့ သူ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။



လက်ကျန်ဆန် တန်ငါးသန်းရှိပြီး ဖူလုံကြောင်း အစိုးရထုတ်ပြန်

ပြည်တွင်းဆန်ဈေးကွက်တွင် လက်ရှိအထိ လက်ကျန် ဆန်တန်ချိန် ငါးသန်းခန့်ရှိပြီး စပါးသစ်မပေါ်မီရာသီအထိ ပြည်တွင်းစားသုံးမှု ဖူလုံကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်းရရှိသည်။ြ မန်မာတစ်နိုင်ငံလုံးတွင် စပါးစိုက်ဧက ၁၇ သန်းခန့်ရှိပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၁၅ သန်းခန့်နှစ်စဉ်ထွက်ရှိကာ ပြည် တွင်းစားသုံးမှုအတွက် ဆန်တန် ချိန် ၁၂ သန်းခန့်သုံးစွဲမှုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စာရင်းများအရ သတင်းရရှိသည်။

‘‘ပြည်တွင်းစားသုံးမှုအတွက် တော့ ပူစရာမလိုဘူး။ ရေကျတာ နဲ့ ပြန်စိုက်လို့ရတယ်။ လက်ရှိမှာလည်း ဆန်လုံလုံလောက်လောက် ရှိတယ်။ ပြီးတော့ စပါးက သုံးလ လောက်ကြာရင် တစ်ခါထွက် တော့ စိုးရိမ်စရာမရှိဘူး’’ဟု ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။
မြန်မာနိုင်ငံအနှံ့ရှိ ရေကြီးနေ သည့်ဒေသများအတွက် စပါးများ ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးစပါးများကို မြန်မာနိုင်ငံ ဆန်စပါးအ သင်းချုပ်နှင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနတို့က ပူးပေါင်းထုတ်ပေးသွားရန် စီစဉ်နေသည်ဟု သတင်းရရှိ သည်။

ပြည်တွင်း၌ ဆန်အလုံအ လောက်ရှိပြီး လိုအပ်ပါက ပြည်ပ မှတင်သွင်းရန် အစိုးရက ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြော ကြားသည်။

‘‘မိုးစပါးပေါ်တဲ့အထိ ဆန် က လောက်လောက်ငင ရှိပါ တယ်။ လက်ကျန်အခြေအနေနဲ့ ပတ်သက်ပြီး စာရင်းတွေကို ပြုစုနေပါတယ်’’ဟု ဦးအောင်သန်းဦးက ရှင်းပြသည်။

‘‘နာဂစ်ဖြစ်ပြီးတော့ ဆန် ဈေးတက်မယ်ထင်ပြီး ဆန်ဝယ်စုကြတယ်။ တစ်အိတ်ကို နှစ် သောင်းပေါက်တဲ့ ပေါ်ဆန်းတောင် ကျပ်ရှစ်ထောင်လောက် အထိ ဈေးကျသွားတယ်။ ဒါ ကြောင့် စားသုံးသူတွေကိုပြောချင် တယ် မစိုးရိမ်ကြပါနဲ့လို့’’ဟု ဆန်စပါးကုန်သည် ဦးချစ်ကိုကိုက ပြောသည်။

ထို့ကြောင့် ရေဘေးအန္တရာယ် နှင့်ကြုံတွေ့နေရသည့်ကာလဖြစ် သဖြင့် လက်လီဆန်ဆိုင်များတွင် ဆန်ဈေးများမြင့်တက်နေခြင်းနှင့် ဆန်ကုန်သည်များက ဆန်တစ် အိတ်လျှင် ယခင်ပေါက်ဈေးထက် ကျပ်တစ်ထောင်ခန့် တင်ရောင်း နေခြင်းများကို အရေးမယူနိုင် သော်လည်း ပေါက်ဈေးထက် သောင်းချီတင် ရောင်းနေသည့် ဆန်ကုန်သည် အချို့အား ဆန် ကုန်သည်များအသင်းက ခေါ်ယူ သတိပေးထားကြောင်း သတင်း ရရှိသည်။

လက်ရှိပြည်တွင်း၌ ဆန် လက်ကျန်သည် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များမှ တင်ပြ ချက်အရ ဆန်စက်ပိုင်ရှင်များ၊ လယ်သမားကြီးများ လက်ထဲတွင် မကြိတ်ခွဲရသေးသည့်စပါးများစွာ ရှိနေသည်ကို သိရှိထားကြောင်း ဦးအောင်သန်းဦးက ပြောသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက်နှင့် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC)တို့တွင်လည်း ဆန်တန်ချိန် တစ်သိန်းကျော် လက် ကျန်ရှိနေသေးကြောင်း သိရ သည်။ ထို့အပြင် ပြည်တွင်း၌ ဆန် လိုအပ်လာပါကလည်း ပြည်ပမှတင်သွင်းနိုင်ရန် အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်ရယူထားသည်ဟု ၎င်း က ရှင်းပြသည်။

ရေဘေးသင့် ဒေသများအ တွက် လှူဒါန်းရန်နှင့် ပြည်သူများ စားသောက်ရန် ဆန်ဝယ်ယူလိုပါ က ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် ဆန်ကြမ်း တစ်အိတ်လျှင် ကျပ် တစ်သောင်းခုနစ်ထောင်ခန့်ဖြင့် အချိန်ပြည့် ဝယ်ယူနိုင်ကြောင်း ဆန်ကုန်သည်အသင်းက ပြော သည်။ ဝါးတန်း ဆန်စပါးကုန်စည် ဒိုင်သို့ ဧရာဝတီတိုင်းမှ လက်ရှိ တစ်နေ့လျှင် ဆန်အိတ် လေး သောင်းခန့်အဝင်ရှိပြီး ဆန်တစ် အိတ်လျှင် ယခင်တစ်ပတ်ပေါက် ဈေးထက် ပျမ်းမျှကျပ်နှစ်ထောင် ခန့် ဈေးမြင့်တက်သွားကြောင်း ဆန်ကုန်စည်ဒိုင်စာရင်းများအရ သိရသည်။

လက်ရှိ ရေကြီးနစ်မြုပ်မှု ကြောင့် ပြည်တွင်း၌ ဆန်ပြတ် လပ်မှု မရှိစေရန် ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်မှ ဆန်တင်ပို့ နေမှုကိုလည်း တစ်လခွဲခန့်ရပ်နားထားကြောင်း သြဂုတ် ၆ ရက်၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဦးချစ်ခိုင်က ပြောသည်။

ပြည်တွင်း၌ ရေကြီးမှု ကြောင့် ဆန်ဈေးများမြင့်တက် လာပြီး ယခုနှစ် စားနပ်ရိက္ခာအ တွက် ပြည်သူအများ စိုးရိမ်နေ သည်။ ပြည်တွင်း၌ လက်ကျန် ဆန်မည်မျှရှိပြီး အချိန်ကာလမည် မျှထိဖူလုံသည်ကိုလည်း ပြည်သူ အများက သိရှိလိုကြသည်။

ပြည်ပတင်ပို့မှုကို ယာယီရပ် ဆိုင်းရခြင်းသည် ဈေးကွက် သဘောတရားကို ဆန့်ကျင်ပြု လုပ်ခြင်း မဟုတ်ဘဲ လက်ရှိရေ ဘေးကြုံတွေ့နေရသော အရေးပေါ် ကာလတွင် ဆန်မပြတ်လပ်ရန်နှင့် ဈေးနှုန်းများစွာ မမြင့်တက် စေရန် ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။



ဆန်တစ်အိတ် (၂)သောင်းကျပ်ထက် ပိုရောင်းပါက ဖမ်းဆီးအရေးယူမည်ဖြစ်ကြောင်း သတိပေးထား

ရခိုင်ပြည်နယ်တွင် ဆန်တစ်အိတ်ကို (၂၀၀၀၀)ကျပ်ထက် ပိုမိုရောင်းချပါက ဖမ်းဆီးမည်ဟု ပြောကြားထားကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်ချုပ် မောင်မောင်အုန်းက The Messenger Media သို့ ပြောသည်။ “ဆန်ဈေးတွေ တက်တယ်လို့ ပြောလို့ ဆန်တစ်အိတ်ကို (၂၀၀၀၀)ကျပ်ထက် ပိုမတက်ရဘူး။ တက်ရင် ဖမ်းမယ်လို့ ပြောထားတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကလည်း ပြောတယ်၊ ဆန်လိုရင် တပ်မတော် ရိက္ခာဆန်က ရောင်းချပေးမယ်လို့ ပြောတယ်”ဟု ၎င်းက ပြောသည်။ စစ်တွေမြို့တွင် ဆန်အိတ်ပေါင်း (၂၀၀၀)ကျော် ထုတ်ပေးထားကာ တစ်အိတ်လျှင်ငွေကျပ် နှစ်သောင်းနှင့် ရောင်းချရန် ညွှန်ကြားထားပြီး ကျောက်တော်မြို့၊ ဘူးသီးတောင်၊ မောင်တောမြို့များသို့ ဆန်အိတ် တစ်ထောင်စီ ပေးထားကြောင်း၊ ပျက်စီးသွားသော ပျိုးခင်းများအတွက် မျိုးစပါး ၀ယ်ယူရန် ငွေကြေး ကြိုတင် ထုတ်ပေးရန် စီစဉ်နေပြီး လမ်းပန်းဆက်သွယ်ရေး ကောင်းရန်အတွက် တံတားနှင့် လမ်းများကို ရက်(၂၀)အတွင်း အပြီး လုပ်ဆောင်ရန်လည်း ညွှန်ကြားထားကြောင်း ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ဆိုသည်။

“လူတွေက ကားလမ်းပိတ်တယ် ဘာညာဆိုတော့ ကောလာဟလတွေလည်း လွှင့်တယ်။ ဒါကုန်သည်တွေ လုပ်တာ၊ အဲဒါတွေ မဖြစ်အောင် ၀န်ကြီးချုပ်က ဈေးသတ်မှတ် ပေးလိုက် ၊ ရောင်းနိုင်ရင်ရောင်း မရောင်းနိုင်ရင် မရောင်းနဲ့ ပြောထားတယ်။ တစ်ဖက်ကတော့ လုပ်သင့်တယ် ထင်တယ်”ဟု စစ်တွေ မြို့မိမြို့ဖ ဦးသာပွင့်က The Messenger Media သို့ ပြောသည်။

ရခိုင်ပြည်နယ်ရှိ ကုန်သည်အသင်းများကို ဆန်များ ထုတ်ရောင်းရန် ညွှန်ကြားထားကြောင်း သိရသည်။ ရခိုင်ပြည်နယ်တွင် လမ်းပန်း ဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် ဆန်ဈေး အဆမတန် များပြားနေကာ ဆန်တစ်အိတ်လျှင် (၄၀၀၀၀)ကျပ် နီးပါး အထိ ရှိနေကြောင်း ၊ ယခင်က ဆန်တစ်အိတ်လျှင် အရည်အသွေးပေါ် မူတည်၍ ကျပ်(၁၅၀၀၀)မှ ကျပ်(၂၀၀၀၀) ကျော် အထိရှိကြောင်း ဒေသခံများက ဆိုသည်။



လက်ရှိ ရေကြီးရေလျှံမှုများကြောင့် ပြည်ပသို့ ဆန်တင်ပို့ခြင်းကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး လိုအပ်ပါက ပြည်ပမှ တင်သွင်းသွားမည်ဖြစ်ရာ ဆန်ပြတ်လပ်မှုအတွက် စိုးရိမ်စရာမလိုကြောင်း ဆန်စပါးအသင်းချုပ် ပြောကြား

လက်ရှိတွင် မြန်မာပြည်တစ်ဝန်း ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေသောကြောင့် ပြည်ပ သို့ ဆန်တင်ပို့ခြင်းအား တစ်လခွဲကြာ ရပ် ဆိုင်းထားမည်ဖြစ်ပြီး လိုအပ်ပါက ပြည်ပမှ တင်သွင်းသွားမည်ဖြစ်သည့်အတွက် ပြည်တွင်း၌ ဆန်ပြတ်လပ်မှုအတွက် စိုးရိမ်စရာမလို ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးချစ်ခိုင်က သြဂုတ် ၆ ရက်က မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“အခု တိုင်းနဲ့ပြည်နယ် ၁၄ ခုမှာ ၁၁ ခု မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ဆန်ပြတ်လပ်မှာကို လူတွေက စိုးရိမ်နေကြတာ ရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်တွင်းမှာ ဆန်ပြတ်လပ်မှု မရှိအောင် ပြည်ပကို ဆန်တင်ပို့မှုကို တစ်လခွဲခန့် ရပ်ဆိုင်းထားမှာဖြစ်ပါ တယ်။ အခု ဆန်ဈေးတက်ရခြင်းအကြောင်းက ဈေးကစားလို့ တက်သွားရတာပါ။ အဖွဲ့အ စည်းတွေကဖြစ်ဖြစ်၊ ပြည်သူတွေထဲကဖြစ်ဖြစ် လှူချင်တဲ့စိတ်နဲ့ နားမလည်ဘဲနဲ့ တောင်းသလောက် ပေးဝယ်လိုက်တယ်။ ဒါတွေကို ကာကွယ်ဖို့ ကျွန်တော်တို့ မြန်မာနိုင်ငံဆန်စပါး အဖွဲ့ချုပ်ကနေ လက်ကားအရောင်းဌာနတွေ ဖွင့်လှစ်ဖို့ စီစဉ်နေပါတယ်။ ရေဘေးသင့်တဲ့ ဒေသတွေမှာပဲ ဆန်ကိုဝယ်လို့ရအောင် လုပ် ပေးနေတာပါ။ လတ်တလောမှာလည်း ရခိုင်၊ မန္တလေး၊ မကွေး လက်လှမ်းမီသလောက် ပို့ပေးနေပါတယ်။ ဒီထက်ပိုပြီး စနစ်တကျတင်ပို့ သွားနိုင်ဖို့ ဆောင်ရွက်နေပါတယ်” ဟု မြန်မာ နိုင်ငံဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးချစ်ခိုင်က ပြောကြားသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပေါ်ခဲ့သည့်၊ လက်ရှိဖြစ်ပေါ်နေဆဲ ရေကြီးရေလျှံမှုများကြောင့် ဆန်စပါးနှင့် ပတ်သက်၍ စိတ်ပူစရာ မရှိအောင် လုပ်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံဆန်စပါးအဖွဲ့ချုပ်အနေဖြင့် ကောလင်း၊ ၀န်းသို စသည့် စစ်ကိုင်းတိုင်း အထက်ပိုင်းတွင် ရေကြီးရေလျှံမှုများဖြစ်သည့် ကာလကတည်းက စောင့်ကြည့်ခဲ့ကြောင်း၊ အစပိုင်းတွင် ဧည့်မထ တစ်အိတ်လျှင် ကျပ် ၁၈၅၀၀ နှင့် ကျပ် ၁၉၂၀၀ ကြားတွင် ရှိခဲ့ရာမှ သောကြာ၊ စနေ၊ တနင်္ဂနွေ သုံးရက်ရေကြီးခဲ့ပြီး ဈေးကွက်ပြန်ဖွင့်သည့်နေ့တွင် ဈေးများမြင့်တက် လာသည်ကို တွေ့ရကြောင်း၊ ယင်းကဲ့သို့ မြင့်တက်ခြင်းသည် လက်လီဈေးကွက်မှစ၍ မြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ယခင်တစ်အိတ်လျှင် ကျပ် ၁၉၀၀၀ ၀န်းကျင်ရှိသည့် ဧည့်မထ တစ်အိတ်သည် ၂၁၅၀၀ နှင့် ၂၂၀၀၀ အထိ ဈေးမြင့်သွားကြောင်း သိရသည်။

“အဲဒီလိုဆန်ဈေးတွေ မြင့်တက်လာတဲ့ အတွက် ကျွန်တော်တို့ တနင်္လာနေ့မှာပဲ အရေးပေါ်အစည်းအဝေး ထိုင်ပါတယ်။ အရေးပေါ် အစီအစဉ်တွေ လုပ်တယ်။ ဒါကြောင့် ဈေးနှုန်းတန့်သွားတယ်။ အခုလည်း ပြည်တွင်းမှာ ဆန်စပါးကို လွတ်လပ်စွာ ရောင်းဝယ်ခွင့် ပြုထားတယ်။ အခု ရေဘေးခံရတယ်ဆိုတော့ ပြည်ပတင်ပို့မှုကို စက်တင်ဘာ ၁၅ ရက်နေ့အထိ ရပ်ဆိုင်းထားမယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဆန်စပါးစိုက်ပျိုးသည့် ဧက ၁၅ သန်းဝန်းကျင်ရှိပြီး ယခုနစ်မြုပ်သည့် ဧရိယာအကျယ်အ၀န်းမှာ တစ်သန်းကျော်ရှိ နေကြောင်း၊ အလားတူ ပျက်စီးသွားသည့် လယ်မြေဧရိယာနှစ်သိန်းနှင့် သုံးသိန်းကြား ရှိနိုင်ကြောင်း၊ ထိုဒေသများတွင် အချိန်မီပြန် လည်စိုက်ပျိုးနိုင်ရန် လိုအပ်ကြောင်း သိရသည်။

“ပျက်စီးသွားတဲ့ ဒေသတွေမှာ ပြန်လည်စိုက်ပျိုးနိုင်ဖို့ လိုပါတယ်။ အချိန်မီစိုက်ပျိုးနိုင်မယ် ဆိုရင်တော့ ဆန်စပါး အထွက်နှုန်းကို မထိခိုက်နိုင်ပါဘူး။ ဒါပေမဲ့ ရာသီဥတု ဆိုတာကလည်း ပြောလို့ရတာ မဟုတ်ပါဘူး။ ပြန်စိုက်ပြီးခါမှ မိုးနှောင်းမိုးကလည်း ရှိသေးတယ်။ တစ်ခါပြိုလဲ၊ နှစ်လဲပြိုလဲလည်း မဖြစ်စေချင်ဘူး။ ဒါပေမဲ့ အခုဆုံးရှုံး သွားတာတွေကို ကာမိဖို့ဆိုရင်တော့ ကျန်တဲ့ဒေသတွေမှာ အထွက်နှုန်းကောင်းအောင် လုပ်နိုင်ဖို့လိုပါတယ်။ တစ်ဧကမှာ လေးငါးတင်းပိုထွက်ရင်တောင် ဧကတစ်သန်းကျော်အတွက် ကာမီသွားနိုင်ပါတယ်” ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောကြားသည်။

 အငယ်ထွေး၊ နီလာ



ပြည်တွင်း၌ စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် ပုဂ္ဂလိက ကဏ္ဍမှ အရန် ဆန်အိတ် ၁ သိန်းကျော် သိုလှောင် ထားရှိမည်

မြန်မာနိုင်ငံ တစ်ဝှမ်း တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် သဘာဝ ဘေးဒဏ်ကြုံတွေ့ နေရသည့်အတွက် ပြည်တွင်း၌ စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် ပုဂ္ဂလိက ကဏ္ဍမှ အရန် ဆန်အိတ် ၁၇၀,၀၀၀ သိုလှောင်ထားရှိ သွားမည်ဟု မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။ စားနပ်ရိက္ခာ ဖူလုံမှု ရှိစေရန် အရန်ဆန်များကို ရန်ကုန် ၊ မန္တလေး ၊ မြောင်းမြ ၊ ကျိုက်လတ် ၊ နေပြည်တော်တို့  တွင် ထားရှိသွားရန် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပုဂ္ဂလိက ကဏ္ဍအနေဖြင့် ပူးပေါင်း စီစဉ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့  ပုဂ္ဂလိက ကဏ္ဍအနေဖြင့် အရန်ဆန် သိုလှောင်ထားရှိမှုမှာ ကောင်းမွန်သည့် ကာကွယ်မှုတစ်ခု ဖြစ်ပြီး အကယ်၍ အင်မတန် ဆိုးရွားသည့် အနေအထား ဆန်ပြတ်လပ်မှုမျိုး ဖြစ်ပေါ်ပါက အခြားနိုင်ငံများမှ တင်ပို့ မှုများကို ခွင့်ပြုပေးရန် နိုင်ငံတော်၏ ခွင့်ပြုချက်ကို ရယူထားကြောင်း ၊ တိုင်းပြည်အတွက် ဆန်စပါး ရိက္ခာ ပူပန် စရာမရှိကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံတွင် ရေကြီး နစ်မြုပ်သည့် ဧရိယာမှာ ဧက ၁ သန်းခန့် ရှိပြီး ရေကြီး နစ်မြုပ်မှုဒဏ် မခံရသည့် ဆန်စပါး စိုက်ဧရိယာ ၁၅ သန်းခန့် ကျန်ရှိသည့် အတွက် ယင်းနေရာများတွင် အထွက်နှုန်း ကောင်းမွန်စေရန် အားပေးကူညီပြီး ဆောင်ရွက်ရမည့် အပိုင်းများကို စားနပ်ရိက္ခာ ဖူလုံမှုနှင့် ဆက်စပ် လုပ်ဆောင်သွားရန် ရှိကြောင်းလည်း သိရသည်။



ရေဘေးကယ်ဆယ်ရေးအတွက် အနုပညာရှင်များ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်


သဘာဝဘေးအန္တရာယ်ကြုံတွေ့နေရသည့် ရေဘေးသင့်ဒေသရှိ ပြည်သူများ အတွက် ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးနိုင်ရန် တစ်နိုင်ငံလုံးအင်တိုက်အားတိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ အနုပညာရှင်များ၏ ပူးပေါင်းဆောင်ရွက်နေမှုကိုလည်း ယခုရက်ပိုင်းအတွင်း ပိုမိုတွေ့မြင်ရသည်။ သရုပ်ဆောင် ဝေဠုကျော်က ဝေဠုကျော် ဖောင်ဒေးရှင်းအနေဖြင့် ရေဘေး သင့်ဒေသများသို့ သွားရောက်၍ ကယ်ဆယ်ရေးနှင့်ထောက်ပံ့ရေးများကို အင်တိုက်အားတိုက် ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိ သည်ကို တွေ့ရသည်။


အခြားသောအနုပညာရှင်များဖြစ်ကြသည့် ဇင်ဝိုင်း၊ လွင်မိုး၊ လူမင်း၊ ပြေတီဦး၊ နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ မေသဉ္စာဦး၊ ဝိုင်းစုခိုင်သိန်း၊ သက်မွန်မြင့်၊ ဝတ်မှုံရွှေရည်၊ ခိုင်နှင်းဝေ၊ အိုင်ရင်းဇင်မာမြင့်၊ ကျားပေါက် အပါအဝင် ရုပ်ရှင်ဂီတ၊ သဘင် အနုပညာရှင်များကလည်း ရန်ကုန်မြို့၏ လမ်းဆုံလမ်းခွများနှင့် အထင်ကရနေရာ များတွင် ရေဘေးသင့်ပြည်သူများအတွက် အလှူငွေများ ရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပြီး ရေဘေးသင့်ဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ သွားရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။


ထို့ပြင် မြန်မာနိုင်ငံ သဘင်ဖောင်ဒေးရှင်းကလည်း သြဂုတ် ၆ ရက် ညနေ ၅ နာရီမှ ည ၉ နာရီအထိ ကမာရွတ် မြို့နယ် လှည်းတန်းစင်တာ၌ ဖျော်ဖြေရေးများ ဆောင်ရွက်ခဲ့ပြီး အလှူငွေများရရှိရန်ဆောင်ရွက်လျက်ရှိသည်။ '' အရင်ကလို ဇာတ်ပွဲတွေလုပ်ပြီး အလှူခံတာထက် ပြည်သူတွေထံသွားပြီး အလှူခံတာက ပိုပြီးထိရောက်မှုရှိလို့ အခုလိုလုပ်ခဲ့တာပါ။ အခုအစီအစဉ် မှာတော့ မြန်မာသံစဉ်နဲ့ ဖျော်ဖြေပြီး အလှူခံသွားမှာပါ။ ဒီကရတဲ့ ငွေတွေအားလုံးကို တကယ်လိုအပ်နေတဲ့ ရေဘေးသင့်ပြည်သူတွေဆီ အရောက်သွားပြီး ထောက်ပံ့ပေးသွားမှာပါ'' ဟု သဘင် ပညာရှင် မန္တလေးသိန်းဇော်ကပြောသည်။


တေးသံရှင် သက်မှူးဟေသီကလည်း ''ပြည်သူတွေ ဒုက္ခရောက်နေတဲ့အချိန်မှာ တေးသံရှင်တစ်ယောက်အနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ဆောင်ရွက် ခွင့်ရတဲ့အတွက် ကြည်နူးမိပါတယ်။ တတ်နိုင်သလောက် ရေဘေးသင့် ပြည်သူတွေအတွက် လှူဒါန်းသွားမှာပါ။ လက်ရှိမှာလည်း ထောက်ပံ့မှုတွေပေးနိုင် ဖို့ ဖျော်ဖြေရေးတွေလုပ်ပြီးအလှူခံနေပါတယ်''ဟုပြောသည်။ ယင်းဖျော်ဖြေရေးအစီအစဉ်ကို မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်းမှ စီစဉ်ခဲ့ပြီး သဘင်ပညာရှင်များနှင့် မြန်မာသံစဉ် တေးသံရှင်များက နှစ်ရက်တိုင်တိုင် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း သိရသည်။



ခရီးသည်တင်ယာဉ်လိုင်းအချိှု့ရရှိသောငွေများကို ရေဘေးသင့်ပြည်သူများအား လှူဒါန်းမည်

ရန်ကုန်မြို့တွင်းပြေးဆွဲ ခရီးသည်တင်ယာဉ်လိုင်းအချို့မှလည်း ယာဉ်လိုင်းပြေးဆွဲမူမှရရှိသောငွေများကို ရေဘေးသင့်ပြည်သူများအား လှူဒါန်းရန်ဆောင်ရွက်လျက်ရှိသည်ကို ယနေ့တွေ့ရသည် ။ ၁၀၃ (အဖြူ ) ယာဉ်လိုင်းတွင် ယာဉ် ၂၉ စီးရှိပြီး အဆိုပါယာဉ်အားလုံး ယနေ့ရရှိသော ငွေများကို ရေဘေးသင့်ပြည်သူများအားလှူဒါန်းသွားမည်ဟု သိရသည် ။

 လင်းဟိန်း

Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ