လုံခြုံရေး

hnm | 火曜日, 10月 20, 2015 |




လူမှု့ကွန်ရက်ပေါ်တွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများနှင့် အသရေဖျက် မှု့များမြင့်တက်

မြန်မာ နိုင်ငံအနှံ့တွင်၂၀၁၅ ခုနှစ် ဇန်နဝါ ရီလမှယခုအချိန်ထိ လူမှုကွန်ရက် ပေါ်တွင် အဖွဲ့အစည်း များနှင့်ပုဂ္ဂိုလ် ရေး ဆိုင်ရာ အသရေဖျက်မှုများ အပြင် လိင်ပိုင်းဆိုင် ရာစော်ကားမှုများကို ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ထား သည့်အရေအတွက်မှာ ၂၂ မှုထိရှိနေကြောင်း နေပြည် တော်ရဲတပ်ဖွဲ့ဌာနချုပ် သတင်း အချက် အလက်နှင့် နည်းပညာဌာန မှသိရသည်။ ယင်းကဲ့သို့ဖွင့်လှစ် ထားသည့် ၂၂ မှုအနက် ပုဂ္ဂိုလ်ရေးဆိုင်ရာ အသရေဖျက် မှုများမှာအများဆုံးဖြစ် ပြီး လိင်ပိုင်းဆိုင်ရာစော်ကား မှုများ လည်းပါ ဝင်ကြောင်း သိရ သည်။

ယင်းနှင့်ပတ်သက်ပြီး နေပြည် တော်ရဲတပ်ဖွဲ့ဌာနချုပ်သတင်းအ ချက် အလက်နှင့် နည်းပညာဌာနမှ ရဲမှူးကြီးတစ်ဦးက ''မြန်မာနိုင်ငံ မှာ ရှိတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာဆက် သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ထားတဲ့ အမှုတွေက အခုလက်ရှိအချိန်အထိ ၂၂မှုပါ။ တရားစွဲတင်ထားတဲ့အမှု တွေလဲရှိပါတယ်။ အတိအကျမပြော နိုင်သေးလို့ပါ။ အဓိကအမှုတွေက တော့ အသရေဖျက် မှုတွေ များပါ တယ်''ဟု ပြောသည်။

လွန်ခဲ့သည့်ရက်ပိုင်း အတွင်း ကလည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အပါအဝင်တပ်မတော်၏ဝတ် စုံအရောင်းပြောင်း မှုနှင့်ပတ်သက် ပြီး လူမှုကွန် ရက်ပေါ်တွင် ပုတ်ခတ် စော်ကားပြီး ရေးသားဖြန့်ဝေခဲ့သူ မအူပင်မြို့နယ်နေ အမျိုးသမီးတစ် ဦးကို ရန်ကုန်တိုင်းဒေသကြီးဗဟန်း မြို့နယ်ရှိ တရားရိပ်သာတစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း ဗဟန်းရဲစခန်းမှ သိရသည်။

ယခုကဲ့သို့ အွန်လိုင်းလူမှုကွန် ရက်များပေါ်တွင် လူပုဂ္ဂိုလ်အဖွဲ့အ စည်းတစ်ခု ခုကို ပုတ်ခတ်စော်ကား ရေးသားမှုများ၊ မဟုတ်မမှန်ရေးသား မှုများမှာ ယခုနှစ်တွင်ပိုမိုများပြားလာ ကြောင်း သတင်းအချက်အလက်နှင့် နည်းပညာဌာနမှ သိရသည်။

ယင်းနှင့်ပတ်သက်ပြီး လူမှုကွန် ရက်သုံးစွဲသူ ကိုဇော်မျိုးသန့်က ''အခု တလော လူမှုကွန်ယက်တွေမှာ နိုင်ငံတော်ကို ပုတ်ခတ်စော် ကားမှု တွေ၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကို ဖြစ်စေ လူမှုကွန်ရက်ပေါ်ကနေ တိုက်ခိုက်တာတွေ အရမ်းများလာ တယ်။ လူမှုကွန်ရက်ပေါ်မှာတွေ့ တဲ့သတင်းတိုင်းအမှန်လို့ မယူဆ သင့်ဘူး။ ချင့်ချိန်စစ်ဆေးပြီးမှ ယုံ ကြည်သင့်ပါတယ်''ဟု သုံးသပ်ပြော ဆိုသည်။

________________________________________________________________________







ဂုဏ်ပြုထိုက်သူ

Aung Ko Ko အမည်ဖြင့် Facebook သုံးစွဲသူတစ်ဦး၏ ရေးသားဖော်ပြချက်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်တာဝန်ကျ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်အား စိစစ်ခဲ့ရာ ပန်းဘဲတန်းမြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ရဲတပ်ကြပ်ကျော်ဆွေဖြစ်ကြောင်း သိရှိရသဖြင့် ရိုးသားစွာတာဝန်ထမ်းဆောင်ခဲ့ပြီး ပြည်သူလူထု အပေါ်ယဉ်ကျေး ပျူငှာစွာဆက်ဆံခဲ့သူ ရဲတပ်ကြပ်ကျော်ဆွေအား အမှတ်(၆)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးသန်းမြင့်မှ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြင့်ထားရှိပါသည်။





အမျိုးသားလုံခြုံရေးနှင့် နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားကို မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် မြှင့်တင်ကာကွယ်သွားနိုင်ရန် လာမည့် နိုဝင်ဘာမှစ၍ ဆင်းမ်ကတ်များကို မဖြစ်မနေ နိုင်ငံသားမှတ်ပုံတင်လက်မှတ်အစစ်အမှန်ဖြင့် မှတ်ပုံတင်ပြီးမှသာ သုံးစွဲသူများအား သုံးစွဲခွင့်ပြုပေးကြရန် လိုင်စင်ရတာဝန်ရှိဆက်သွယ်ရေး အော်ပရေတာ သုံးခုအား ညွှန်ကြားချက် ထုတ်တော့မည်။

လာမည့် နိုဝင်ဘာလမှစတင်၍ မိုဘိုင်းဖုန်း ဆင်းမ်ကတ်များကို မှတ်ပုံတင် သုံးစွဲကြရန် ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးအား ခေါ်ယူဆွေးနွေးခဲ့ပြီး ယခုတစ်ပတ်အတွင်း ညွှန်ကြားချက်တစ်ရပ် ထုတ်ပြန်ရန် ရှိနေကြောင်း စုံစမ်းသိရသည်။ ဆက်သွယ်ရေး အော်ပရေတာများ အနေဖြင့် ဆင်းမ်ကတ်များကို ရောင်းချသည့်အခါ မှတ်ပုံတင်ပြီးမှသာ ရောင်းချရမည်ဆိုသော အချက်မှာ စည်းမျဉ်းစည်းကမ်းတွင် ပါဝင်ပြီးသား ဖြစ်သော်လည်း လုပ်ငန်းများ စတင်သည့် အချိန်တွင် အခက်အခဲများ မရှိစေရန် ယင်းအချက်ကို အလွန်အမင်း တင်းကျပ်ခြင်း မရှိဘဲ လျှော့ပေါ့ပေးထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် မှတ်ပုံတင်ထားခြင်းမရှိသော ဆင်းမ်ကတ်များ (တစ်နည်းအားဖြင့်) အမှန်တကယ် အသုံးပြုသူနှင့် မှတ်ပုံတင်ထားသူ ကွဲလွဲနေသော ဆင်းမ်ကတ်များမှာ အလွန် များပြားလာကြောင်း သိရသည်။

“ဆင်းမ်ကတ်တွေကို မှတ်ပုံတင် သုံးစွဲဖို့ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ဆက်သွယ်ရေး အော်ပရေတာတွေနဲ့ ဆွေးနွေးခဲ့တာ ရှိပါတယ်။မကြာခင်မှာလည်း ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေနဲ့ ညွှန်ကြားချက် တစ်ရပ် ထုတ်ပြန်ဖို့ရှိပါတယ်။ အဲဒီအခါကျမှ အသေးစိတ် သိရပါမယ်။ ထုတ်ပြန်လာတဲ့ ညွှန်ကြားချက်ပေါ် မူတည်ပြီး ဘယ်လို လုပ်ဆောင် သွားရမလဲဆိုတာ စီစဉ်ရပါမယ်”ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက အောက်တိုဘာ ၁၉ ရက်တွင်ပြောကြားသည်။

“မှတ်ပုံတင် အမှန်နဲ့သုံးသူက ၅၀ ရာခိုင်နှုန်းလောက်တော့ ရှိပါတယ်။ ဒီကိစ္စက တောက်လျှောက် ဆောင်ရွက်နေတာ ဖြစ်လို့ အချိန်နဲ့ အမျှ ပြောင်းလဲနိုင်ပါတယ်။ မိုဘိုင်းဖုန်း ငွေကြေး ၀န်ဆောင်မှုတွေ အသုံးပြုမယ်ဆိုရင်လည်း ဒါကအရေးကြီးပါတယ်။ ၀ယ်ကတည်းကိုက မှတ်ပုံတင်အမှန်နဲ့ မှတ်ပုံတင်ပြီး ၀ယ်ယူသင့်ပါတယ်” ဟု တယ်လီနော မြန်မာမှ တာဝန်ရှိသူက ပြောကြားသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အချိန်ကာလ တစ်ခုအထိ စောင့်ထိန်းရဦးမှာဖြစ်လို့ ထုတ်ပြန်လို့ မရသေးပါဘူး။ အူရီဒူးဆင်းမ်ကတ်ကို မှတ်ပုံမတင်ဘဲ သုံးမယ်ဆိုရင် ၁၅ ရက်အကြာမှာ လိုင်းပိတ်ခံရမှာပါ။ တခြားသူနာမည်နဲ့ မှတ်ပုံတင်ပြီး သုံးစွဲနေတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါက အရမ်း အန္တရာယ်ကြီး ပါတယ်။ ကိုယ့်နာမည်နဲ့ တခြားသူက အဲဒီ ဆင်းမ်ကတ်ကို သုံးနေတာဆိုတာ ပြဿနာရှိနိုင်ပါတယ်” ဟု အူရီဒူးမြန်မာမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။

တယ်လီနော၊ အူရီဒူး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းတို့က တရားဝင် ဖွင့်လှစ်ထားသော အရောင်း ပြခန်းများတွင်သာ ဆင်းမ်ကတ်များ ၀ယ်ယူသည့်အခါ စနစ်တကျ မှတ်ပုံတင် ရောင်းချပေးပြီး ပြင်ပဈေးကွက်တွင်မူ မှတ်ပုံတင်ခြင်းမရှိဘဲ အလွယ်တကူ ရောင်းချ ပေးခြင်းများသာ ပိုမို များပြားနေကြောင်း သိရသည်။

 နေမျိုးထွန်း

_______________________________________________________________



ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်ပြီး ဆရာ၊ ဆရာမများကို ချုပ်ကိုင်ထားခြင်းမရှိ

အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခြင်းနှင့် ပတ်သက်ပြီး ဆရာ၊ ဆရာမများကို ချုပ်ကိုင်ထားခြင်း မရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ပြောကြား သည်။ “ဆရာ၊ ဆရာမတွေအနေနဲ့ ဆန္ဒမဲပေးတာကို ဘယ်သူကိုမဆို၊ ဘယ်ပါတီကိုမဆို မဲ ပေးနိုင်ပါတယ်။ ဟိုလူကိုမှ မဲပေးရမယ်၊ ဒီလူကိုမှ မဲပေးရမယ်ဆိုတာမျိုး ကျွန်တော် တို့ ရွေးချယ်မပေးထားပါဘူး။ လွတ်လပ်စွာ မဲပေးနိုင်ပါတယ်” ဟု ယင်းက ဆက် လက် ပြောကြားသည် ။ ပညာရေးဝန်ကြီးဌာန လက်အောက် အခြေခံပညာ၊ အဆင့်မြင့်ပညာရှိ ပညာရေးဝန် ထမ်းများကို မဲပေးခြင်းနှင့်ပတ်သက်ပြီး ဖိအားပေးကာ အတင်းအကျပ် ဆန္ဒမဲတောင်း ခံခြင်း၊ ကြိုတင်မဲ ပေးခိုင်းခြင်းများကိုလည်း ဆောင်ရွက်ထားခြင်း မရှိကြောင်း သိရ သည် ။

“ဖေ့စ်ဘွတ်ခ်တွေမှာ ဆရာ၊ ဆရာမတွေ မဲပေးတာနဲ့ ပတ်သက်ပြီးတော့ ကြံ့ခိုင်ရေး ကိုပဲ ပေးရမယ်။ မပေးရင် ရာထူးမတိုးတာတို့၊ နယ်ပြောင်းခံရတာတို့ လုပ်မယ်ဆိုတာ မျိုးတွေကို တွေ့နေရပါတယ်။ အဲဒီလိုကိစ္စမျိုး လုံးဝမရှိပါဘူး” ဟု ယင်းက ဆက်လက် ပြောကြားသည် ။

အွန်လိုင်းစာမျက်နှာအချို့တွင် ပညာရေးဝန်ထမ်းများ အနေဖြင့် ခေတ်အဆက်ဆက် အကြောက်တရားဖြင့် တာဝန်ထမ်းဆောင်လာကြသည့် သူများဖြစ်သည့်အတွက် အထက်မှ ဖိအားပေးပြီး ယင်းတို့အလိုကျ ပါတီကို မဲပေးခိုင်းမည့် အခြေအနေတွင် ရှိ နေကြောင်း ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်ပညာကဏ္ဍမှ ဆရာ၊ ဆရာမများကို ချုပ်ကိုင်နိုင်ခြင်း မရှိဘဲ ယင်းတို့ ချုပ်ကိုင်မည့်သူများမှာ အခြေခံပညာမှ ဆရာ၊ဆရာမ များ ဖြစ်ကြောင်းကို ဖော်ပြရေးသားလျှက် ရှိနေကြသည်။

အခြေခံပညာကဏ္ဍတွင် ဆရာ၊ ဆရာမပေါင်း ၄ သိန်းဝန်းကျင်တွင် ရှိနေပြီး အဆင့် မြင့်ပညာကဏ္ဍတွင် ဆရာ၊ ဆရာမတစ်သောင်းကျော် ရှိနေကြောင်း သိရသည် ။

သူရိယ

--------------------------------------------------------------------------------------------


ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးရေး

ခေတ်မီတိုးတက်လာတဲ့ ဒီနေ့လိုခေတ်မှာ အင်တာနက်အသုံးပြုသူတွေများပြားလာပြီး အွန်လိုင်းကနေတစ်ဆင့် ၀ါဒဖြန့်မှုတွေလည်း ပြုလုပ်နေကြတာတွေ့ရပါတယ်။ လူတစ်ဦးတစ်ယောက်က ကိုယ့်ခံစားချက်ကို ရင်ဖွင့်ပြော ပြတာမျိုး တွေရှိသလိုအဖွဲ့အစည်းတစ်ခုရဲ့မကောင်းကြောင်းကို လီဆယ်ဝါဒဖြန့်နေတာတွေလည်း ရှိပါတယ်။ အစိုးရအဖွဲ့၊ အစိုးရတပ်မတော်၊ ဌာနဆိုင်ရာအသီးသီးအပေါ် အပြစ်မရှိအပြစ်ရှာဝါဒဖြန့်နေတဲ့ account တွေကလည်း တော်တော် များများပေါ်လာတာတွေ့ရပါတယ်။ ခေတ်စနစ်ရဲ့ပြောင်းလဲမှုအရ Personal account တွေမှာ ကိုယ်ရေး ချင်တာရေး နေတာမှန်ပေမယ့် နိုင်ငံတော်နဲ့လူသားမျိုးနွယ်တွေကို ထိခိုက်စေမယ့်လုပ်ကြံဝါဒဖြန့်မှုတွေကတော့ မကောင်းပါဘူး။ အထူးသဖြင့် ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားစည်းလုံးရေးကို ပျက်စီးအောင်ရည်ရွယ်ချက်ရှိရှိ လုပ်ကြံ ရေးသားဝါဒဖြန့်နေ တဲ့ account တွေ တွေ့ရတော့ စိုးရိမ်စရာဖြစ်လာပါတယ်။

အခု NCA ချုပ်ဆိုနိုင်ဖို့ကြိုးစားနေတာ အားလုံးအမြင်ပဲဖြစ်ပါတယ်။ အဲဒီကိစ္စအပေါ် အပြုသဘောမဆောင်တဲ့ အရေး အသားတွေလုပ်တာဟာ ငြိမ်းချမ်းရေးကိုမလိုလားသူလို့ သတ်မှတ်နိုင်ပါတယ်။ ပြီးရင် တိုင်းရင်းသားအချင်းချင်းကြား မှာ လူမျိုးရေးအမုန်းတရားတွေ တိုးပွားအောင်လှုံ့ဆော်ရေးသားတာဟာလည်း တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ပြိုကွဲစေချင်တဲ့သဘောပါ။ အတွေးအခေါ်နိမ့်ပါးမှုကြောင့်ပဲဖြစ်ဖြစ်၊ လူမျိုးရေးအမြင်ကျဉ်းမြောင်းတဲ့စိတ်ကြောင့်ပဲဖြစ် ဖြစ် ကောင်းတာကို မကောင်းဘူးလို့မြင်နေမယ်ဆိုရင် တစ်ဖက်စွန်းရောက်ဝါဒီသမားဖြစ်သွားပါလိမ့်မယ်။ အချိန်မီ ပြုပြင်သင့်တယ်လို့ပဲ ပြောချင်ပါတယ်။

ဒီ Account ပိုင်ရှင်ကို တိုက်ခိုက်တာမဟုတ်ပါဘူး။ နိုင်ငံနဲ့လူမျိုးအတွက် အန္တရာယ်ရှိတယ်လို့ မြင်တဲ့အတွက် အွန်လိုင်းအသုံးပြုတဲ့ account ပိုင်ရှင်တစ်ဦးအနေနဲ့ ထောက်ပြခြင်းသာဖြစ်ပါတယ်။ Seng Jaw ဆိုတဲ့ account မှာ သမ္မတကြီးနဲ့ တိုင်းရင်းသားအဖွဲ့ ၄ ဖွဲ့တွေ့ဆုံဆွေးနွေးတာနဲ့ပတ်သက်ပြီး အပြစ်မြင်ထားတာ တွေ့လိုက်ရပါတယ်။ KNU ဥက္ကဋ္ဌ မူတူးစေးဖိုး၊ KNU/KNLA(PC)၊ KKO၊ RCSS/SSA တို့သမ္မတကို လာတွေ့တာငြိမ်းချမ်းရေးကိစ္စလာပြော ကြတာပါ။ အခုလုပ်နေတဲ့ NCA ကို အမြန်ဆုံးအကောင်အထည်ဖော်နိုင်အောင် ကောင်းသောလာခြင်းဖြစ်ပါတယ်။ ဒါ ကို Seng Jaw က ဘာဖြစ်လို့မုဒိတာမပွားနိုင်တာလဲ။ ကတုံးကထိပ်ကွက်နေရင်ကြည့်မကောင်းဘူးဆိုပြီး မူတူးစေးဖိုး ကို ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပြက်ရယ်ပြုထားတယ်။ KNU နဲ့ RCSS/SSAက နေပြည်တော်မှာဘာလာလုပ်တာလဲဆိုပြီး ဆင်ခြင်ဥာဏ်မဲ့စွာ မေးထားတယ်။ Seng Jaw ဟာ KIA လော်ဘီဖြစ်ပါလိမ့်မယ်။KIA ခေါင်းဆောင်တွေ မလုပ်နိုင်တဲ့ ငြိမ်းချမ်းရေးကိစ္စကို KNU နဲ့ RCSS/SSA က လာလုပ်တာကို မနာလိုဖြစ်နေတဲ့သဘောပါ။ KNU ဥက္ကဋ္ဌကို စော်ကားတဲ့ အသုံးအနှုန်းသုံးရင် KIA ခေါင်းဆောင်တွေကို ပြန်စော်ကားရင်ခံနိုင်ပါ့မလား။ ငြိမ်းချမ်းရေးကိစ္စလာဆွေးနွေးတာကို တောင်အပြစ်မြင်တတ် တဲ့ Seng Jaw ရဲ့ အတွေးအခေါ်ဒီလောက်ပဲရှိတယ်ဆိုတာ သိလိုက်ရပါတယ်။

လတ်တလောမြန်မာနိုင်ငံနေရာအချို့မှာ ရေကြီးရေလျှံမှုဖြစ်နေတာနဲ့ပတ်သက်ပြီး အဲဒီ account မှာပဲ သဘာဝဘေး ဒဏ်တွေကြောင့် တောတောင်တွေအကာအကွယ်မဲ့ပြီး ပြည်သူတွေဒုက္ခရောက်တာ ဗမာတွေကြောင့်ဆိုပြီး ပြော ထားပါ တယ်။ ဟုတ်ပါ့မလား Seng Jaw။ အခုရေကြီးတဲ့ နေရာဒေသတွေမှာ ဗမာတွေချည်းပဲနေတာမဟုတ်ပါဘူး။ ကချင်၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စတဲ့တိုင်းရင်းသားတွေနေထိုင်ကြတာပါ။ ကိုယ်ချင်းစာစိတ်ထားဖို့ လိုပါတယ်။ ဘယ်တိုင်းရင်းသားဒေသမှာပဲ ရေကြီးရေလျှံမှုဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေပါ။ ကူညီရိုင်းပင်းရမယ့် တာဝန်ရှိပါတယ်။ ရေဘေးကယ်ဆယ်ရေးအတွက် လုပ်အားနဲ့ ကူညီသူတွေ၊ ငွေနဲ့ပစ္စည်းထောက်ပံ့သူတွေ အများကြီးပဲ။ Seng Jaw က ရေဘေးကယ်ဆယ်ရေးမှာ ကူညီဖူးသလား၊ ငွေနဲ့ပစ္စည်းထောက်ပံ့ဖူးသလား။ ကောင်းတာလုပ်နေတာကို ဘာဖြစ်လို့ မကောင်းမြင်နေတာလဲ။ သစ်တောတွေပြုန်းလို့ သဘာဝအန္တရာယ်တွေ ပိုဆိုးလာတာ မှန်တယ်။ ဒါကိုဗမာလူမျိုးတွေ ကြောင့်လို့ ပြောလို့မရဘူး။ ကချင်ပြည်နယ်ကသစ်တောတွေ ဘယ်သူ ကြောင့်ပြုန်းတာလဲ။ KIA ကသစ်ခိုးထုတ်နေ လို့မဟုတ်ဘူးလား။ တရုတ်သစ်ခိုးဂိုဏ်းတွေကို ခိုးသွင်းပြီး KIA က ငွေသိန်းပေါင်းထောင်သောင်းချီရလို့ ခုတ်ခွင့်ပြုထားတာ မဟုတ်ဘူးလား။ ပြဿနာ အရင်းခံကို မှန်မှန်ကန်ကန် မတင်ပြနိုင်ဘဲ ဗမာလူမျိုးကိုမုန်းတီးနေတဲ့ အမြင်ကျဉ်းမြောင်း တဲ့စိတ်နဲ့ ပြောနေတယ်ဆိုတာ မြင်သာပါတယ်။

ငြိမ်းချမ်းရေးနဲ့တိုင်းရင်းသားစည်းလုံးရေးကို ပျက်စီးအောင် ၀ါဒဖြန့်နေတဲ့ Seng Jaw ဆိုတာ မြန်မာနိုင်ငံထဲမှာမွေးတဲ့ မြန်မာနိုင်ငံသားမှ ဟုတ်ရဲ့လားလို့ တွေးမိပါတယ်။ မြန်မာနိုင်ငံထဲက တိုင်းရင်းသားမှန်ရင် ငြိမ်းချမ်းရေးပျက်စီးစေမယ့် အတွေးအခေါ်၊ တိုင်းရင်းသားအချင်းချင်း စိတ်ဝမ်းကွဲစေမယ့် အမြင်ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်မျိုးထားမှာမဟုတ် ဘူးလို့ပဲ ပြောချင်ပါတယ်။ အမှားကိုသိရင် အမှန်ပြင်ဖို့တော့လိုပါတယ်။ မကောင်းတာတွေကိုပဲဦးတည်ရေး မယ်ဆိုရင် မကောင်းတဲ့ဒုက္ခမျိုးစုံ Seng Jaw နဲ့ ပတ်သက်သမျှ မိသားစုအသိုင်းအ၀ိုင်းဆီရောက်လာမှာကို စေတနာအမှန်နဲ့ စိုးရိမ်မိပါတယ်။

‪‎ကြည်မင်းဟန်‬

=========================================





ISIS အဖွဲ့သို့ဝင်ရန် မြန်မာနိုင်ငံမှ လူ ၅၀ ခန့်အွန်လိုင်းမှတစ်ဆင့်ဆက် သွယ်မှုများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းတွေ့ရှိထား

ပြည်ပမှအကြမ်း ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် အိုင် အက်စ်အိုင်အက်စ် (ISIS) အဖွဲ့နှင့် ပူးပေါင်းရန် အတွက် မြန်မာနိုင်ငံမှ ဦးရေ ၅၀ ခန့် အွန်လိုင်းမှတစ်ဆင့် ချိတ်ဆက်ကာ ဆက်သွယ်ထားမှုများ ကို မြန်မာ နိုင်ငံရဲတပ်ဖွဲ့က စုံစမ်းတွေ့ ရှိထားဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာန ချုပ် မှ ရဲမှူးကြီးကျော်ဝင်းသိန်းက ပြော သည်။
လွန်ခဲ့သည့် ၂၀၁၄ ခုနှစ်က အယ်လ်ကိုင်ဒါခေါင်းဆောင်က မြန် မာနိုင်ငံကို အကြမ်းဖက်မှုများပြုလုပ် မည့် နိုင်ငံတစ်နိုင်ငံထဲတွင် ထည့်သွင်း လိုက်သည် ကို ကြေညာပြီးနောက်တွင် ယခုကဲ့သို့ ပြည်တွင်းမှ ဦးရေ ၅၀ ခန့်က အိုင်အက်စ်အိုင် အက်စ်အဖွဲ့ အစည်းနှင့်ပူးပေါင်းရန်အတွက် ကမ်း လှမ်းနေကြကြောင်း တွေ့ရှိခဲ့ရခြင်း ဖြစ်သည်ဟုဆိုသည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် မှ ရဲမှူးကြီးကျော်ဝင်းသိန်းက ''မြန်မာ နိုင်ငံမှာ လူဦးရေ ၅၀ လောက်က အိုင် အက်စ်အဖွဲ့က သူတို့ကိုလက်ခံမယ် ဆိုရင် သူတို့အနေနဲ့ အိုင်အက်စ်အ ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ချင်ပါတယ် လို့ အွန်လိုင်းချိတ်ဆက်ပြီး ဆက်သွယ် ထားတာတွေကိုလဲ ရဲတပ်ဖွဲ့က စိစစ် တွေ့ရှိ ထားပါပြီ။ ဩစတြေးလျနိုင်ငံ မှာဆိုလဲ လူဦးရေ ၅၀၀ လောက် က အိုင်အက်စ်အဖွဲ့နဲ့ ပူးပေါင်းဆောင် ရွက်ဖို့ ကမ်းလှမ်းထားတာရှိတယ်လို့ သိရပါတယ်။ အကြမ်းဖက်ခြိမ်းခြောက် မှုမခံရတဲ့ နိုင်ငံလို့မရှိဘူး။ ဘာလို့လဲ ဆိုတော့ အခု မြန်မာနိုင်ငံနဲ့ အနောက် နိုင်ငံတော်တော်များများနဲ့ ဆက်ဆံ ရေး က အရမ်းကောင်းနေပါတယ်။အရင်ကနဲ့မတူတော့ဘူး။ အိုင်အက်စ် အဖွဲ့ရဲ့ စည်းရုံးမှုတွေဟာ နိုင်ငံတိုင်း လိုလိုမှာ ဖြန့်ကြက်နေ တယ်။ အရင် တုန်းကတော့ မြန်မာနိုင်ငံနဲ့မဆိုင်ဘူး လို့ ထင်ခဲ့ရပေမယ့် အခုတော့ အများ ကြီးသတိပြုရမယ့်အချိန်ပါ။ အကြမ်း ဖက်သမားတွေရဲ့ အဓိကရေသောက် မြစ်က သူတို့ကို ငွေကြေးထောက်ပံ့ နေတဲ့ အဖွဲ့ အစည်းတွေပဲ''ဟု ပြော သည်။

ယင်းကဲ့သို့ အကြမ်းဖက်သမား များကို ငွေကြေးထောက်ပံ့နေသည့် အဖွဲ့အစည်းများကို စုံစမ်းဖော်ထုတ် အရေးယူရန် အတွက် မြန်မာနိုင်ငံ တွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပ ဒေကို ၂၀၁၄ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နောက် ယခုအခါ အကြမ်းဖက်မှု များ အပေါ် ငွေကြေးထောက်ပံ့ခြင်းဆိုင် ရာ တိုက်ဖျက်သည့်နည်းဥပဒေကို လည်း မကြာမီထွက်ရှိတော့မည်ဖြစ် ကြောင်း နိုင်ငံဖြတ်ကျော် မှုခင်းဌာန မှ ရဲမှူးချုပ်စိုးမြိုင်က ပြောသည်။

ရဲမှူးချုပ်စိုးမြိုင်က ''အကြမ်း ဖက်မှုတွေအပေါ် ငွေကြေးထောက် ပံ့ခြင်းဆိုင် ရာ တိုက်ဖျက်တဲ့နည်းဥပ ဒေက အမြန်ဆုံးထွက်ရှိစေဖို့ အ တွက် လုပ်ဆောင်နေ ပါတယ်။ အကြမ်းဖက် မှုရှိရင် အကြမ်းဖက်မှုတွေ အပေါ် ငွေ ကြေးထောက်ပံ့မယ်။ ပစ္စည်းထောက် ပံ့မယ် စသဖြင့်ပေါ့။ သူတို့တွေကိုလဲ ရာဇဝတ်မှုကြောင်းအရ အရေးယူ မယ့်နည်းဥပဒေပါ။ အမြန်ဆုံးထွက် ရှိလာမယ်လို့ မျှော် လင့်ပါတယ်'' ဟု ပြောသည်။

အိုင်အက်စ်တို့သည် ဂျီဟတ် စစ်သားသစ်စုဆောင်းရာတွင် အင်ဒို နီးရှားကို အဓိကပစ်မှတ်ထားပြီး အ ရေအတွက် သုံးရာထက်မ နည်းသော အင်ဒိုနီးရှား နိုင်ငံ သားတို့သည် အိုင် အက်စ်အဖွဲ့နှင့် ပူးပေါင်းရန် အတွက် ပြည်ပ သို့ ထွက် ခွာသွား ကြကြောင်း၊ အိုင်အက်စ် အဖွဲ့နှင့် ပူးပေါင်းသူများ မှာ ယခုအခါ အင်ဒိုနီးရှားလူမျိုး လူ ဦးရေ ၇၀၀ အထိရှိနိုင်ကြောင်း မေးလ် အွန်လိုင်းတွင် ဖော်ပြထားသည်။

______________________________________________________________






ကိုးကန့်ဒေသတွင် ပြန်လည်ခေါင်းချခွင့်ပေးရန် ဖုန်ကြားရှင်က နိုင်ငံတော်သမ္မတထံတောင်းဆို

အသက် ကြီးရင့်ပြီဖြစ်သဖြင့် ကိုးကန့်ဒေသ တွင် ပြန်လည်ခေါင်းချခွင့်ပေးရန် ဖုန်ကြား ရှင်က နိုင်ငံတော်သမ္မတထံ စာရေး သားတောင်းဆိုခဲ့ကြောင်း ပြည်ထောင် စုဝန်ကြီးဦးအောင်မင်း ၏ ပြောကြား ချက်အရ သိရသည်။ေ အာက်တိုဘာ ၁၅ ရက်တွင် အစိုးရနှင့် တိုင်းရင်းသားလက်နက် ကိုင်အ ဖွဲ့ရှစ် ဖွဲ့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘော တူစာ ချုပ် ချုပ်ဆိုအပြီးတွင်ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ဖုန် ကြား ရှင်ခေါင်းဆောင်သော ကိုးကန့် အဖွဲ့နှင့်ပတ်သက်ပြီး မည်ကဲ့သို့ဆောင် ရွက် ထားမှုများရှိသည်ကို သိရှိလို ကြောင်း သတင်းမီဒီယာများ ၏ မေး မြန်းမှု အပေါ်ယင်း ကပြောခဲ့သည်။

''ဦးဖုန်ကြားရှင်ဟာ အရင် ၁၉၈၉ ခုနှစ်တုန်းက ငြိမ်းချမ်းရေးရယူခဲ့တဲ့ အဖွဲ့ထဲမှာ ဦးဖုန်ကြားရှင်လဲ ငြိမ်း ချမ်းရေးရယူခဲ့ပါတယ်။ ဦးဖုန်ကြား ရှင်နဲ့လဲ ကျွန်တော်တို့က နိုင်ငံတော် သမ္မတကြီးကအစ ပုဂ္ဂိုလ်ရေးအရ ခင်မင်ရင်းနှီးပါတယ်။ ဒါကြောင့်မို့ ဦးဖုန်ကြား ရှင် ကနေ စာရေးတယ်။ သမ္မတကြီးဆီကို၊ သူအသက်ကြီးပါပြီ၊ စစ်လဲမတိုက်ချင်တော့ပါဘူး။ ကိုးကန့် နယ်မြေမှာ ပဲ ပြန်ပြီးတော့ခေါင်း ချပါ ရစေဆိုပြီးတော့ စာရေးပါတယ်။ စာ ရေးတော့ သမ္မတကြီးကလဲ ပုဂ္ဂိုလ် ရေးခင်မင်မှုနဲ့ ကဲ အဲဒီလိုဆို ရင်တော့ ခွင့်ပြုပေးမယ်။ ခင်ဗျားပြန်လာခဲ့။ လောက်ကိုင်မှာနေမယ်ဆိုရင်လဲ ခွင့် ပြုမယ်။ မန္တလေး၊ လားရှိုး၊ ရန်ကုန် ကြိုက်တဲ့နေရာမှာနေပါ။ ခွင့်ပြုပေး မယ်လို့ပြောထားပါတယ်''ဟု ယင်း က ပြောသည်။

ယင်းသို့ နိုင်ငံတော်သမ္မတ၏ အကြောင်းပြန်မှုအပေါ် ဖုန်ကြားရှင် က ပြည် တွင်း သို့ပြန်ဝင်ရောက်လာ ပါက အသက်အန္တရာယ်ကြောင့် သေ နတ်အ လက် ၆၀ ခန့်ပါ တစ်ပါတည်း ယူခွင့်ပြုရန်ပါ တောင်းဆိုသည်ဟု ဦးအောင်မင်း က ဆိုသည်။

ဦးအောင်မင်းက ''သူ့ရဲ့အသက် အန္တရာယ်စိုးရိမ်ရတယ်။ ဒါကြောင့် လက်နက်အလက် ၆၀ ယူခွင့်ပေးပါ ဆိုပြီးပြောပါတယ်။ ကျွန်တော်တို့က လက်နက်ပေးလိုက်ပြီဆိုရင် ဖုန်အဖွဲ့ နဲ့ ရန်အဖွဲ့ တိုက်ပွဲတွေဖြစ်နေဦးမှာ ပဲ။ ဒါကြောင့် ဒါကိုတော့ခွင့်မပြုနိုင် ဘူးလို့ ဒီအတိုင်းပဲအကြောင်းပြန်ထား တယ်။ သေနတ်တော့ယူမလာနဲ့၊ ကြိုက် တဲ့နေရာမှာ နေလို့ရတယ်လို့ အ ကြောင်းပြန်ထား တယ်။ ကျွန်တော် တို့အစိုးရက အများကြီးသဘောထား ကြီးပါတယ်''ဟု ဆိုသည်။

TNLA အဖွဲ့နှင့်လည်း မိမိတို့ အနေဖြင့် ပထမအကြိမ်သွားရောက် ညှိနှိုင်းစဉ်က အဆိုပါအဖွဲ့၏တောင်း ဆိုချက် များကြောင့် ဆွေးနွေးပွဲ မဖြစ် မြောက်ခဲ့ကြောင်း၊ NCA ကိစ္စနှင့်ပတ် သက်ပြီး ထပ်မံ သွားရောက်တွေ့ ဆုံ ခဲ့ရာတွင်လည်း အဆိုပါအဖွဲ့က လက် ခံတွေ့ဆုံခြင်း မရှိခဲ့ဟု ဦးအောင်မင်း က ပြောသည်။

''TNLA နဲ့ပတ်သက်ပြီးတော့ လဲ ၂၀၁၃ ခုနှစ်မှာ ကျွန်တော် မူဆယ် မြို့မှာ ပဏာမအဆင့် လက်မှတ်ရေး ထိုးဖို့ သွားပြောတယ်။ သွားပြောတော့ အဆင်မပြေဘူးဗျ။ ဘာကြောင့်လဲဆို တော့ သူတို့က ပလောင်လူမျိုးတွေ နေ တဲ့ နေရာအားလုံးကို သူတို့ကိုပေး ရမယ်တဲ့။ ပလောင်လူမျိုးတွေနေ တဲ့ နေရာတိုင်း ပေးရမယ်ဆိုရင် ရှမ်းတွေ၊ ကချင်တွေရှိတဲ့နေရာမှာလဲ ပလောင် တွေရှိတယ်။ အဲဒီတော့ ကျန်တဲ့ရှမ်း တွေ၊ ကချင်တွေက လက်ခံပါ့မ လား။ နောက်ဆွေးနွေးပွဲ ဆက်လုပ်ဖို့လုပ် ပေမယ့်လဲ မလုပ်ဖြစ် ဘူး။ နောက် NCA အတွက် ကျွန်တော်တို့ MPC အဖွဲ့လူတွေ ထပ် သွားတွေ့တော့ လက် ခံမတွေ့ဘူး''ဟု ဦးအောင်မင်းက ရှင်းလင်းပြောကြား ခဲ့သည်။

=================================


မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းအတု တွေ့ရှိသဖြင့် ဆက်လက်စစ်ဆေးရာမှ နိုင်ငံသားစိစစ်ရေးကတ်အတု ပြုလုပ်သူများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ


မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အိမ်ထောင်စုစာရင်းအတု တွေ့ရှိသဖြင့် ဆက်လက်စစ်ဆေးရာမှ နိုင်ငံသားစိစစ်ဆေးရေးကတ်ပြားအတု ပြုလုပ်သူများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ စုံစမ်းသိရှိရသည်။ သြဂုတ် ၂၇ ရက်က မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်၊ ၁၂၃ လမ်းနေ ဒေါ်သီတာလင်းသည် သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ပင်စင်ကိစ္စဆောင်ရွက်ရန် ထောက်ခံစာ လာရောက်လျှောက်ထားရာတွင် ၎င်းထံတွင် တွေ့ရသော အိမ်ထောင်စုလူဦးရေစာရင်းမှာ အတုဟုယူဆရသဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း၊ယင်းကြောင့် မင်္ဂလာတောင်ညွှန့်မြို့နယ်ဦးစီးမှူးက သွားရောက်စစ်ဆေးရာ အဆိုပါ အိမ်ထောင်စုစာရင်းမှာ အတုဖြစ်နေသည်ကို တွေ့ရှိခဲ့ရပြီး စုံစမ်းရာ ယင်းအိမ်ထောင်စုစာရင်းအား ကျောက်မြောင်းဈေးအတွင်းရှိ မာကျူရီ ပလတ်စတစ်အရောင်းဆိုင်ပိုင်ရှင် မကြူဆိုသူက ပွဲစားပြုလုပ်၍ ငွေကျပ် ၈၀၀၀၀ ဖြင့် လုပ်ဆောင်ပေးသဖြင့် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိခဲ့ရ၍ သက်ဆိုင်ရာရဲစခန်းတွင် တိုင်တန်းခဲ့ကြောင်း သိရသည်။

ယင်းနောက် ရဲစခန်းမှ စစ်ဆေးရာ မာကျူရီပလတ်စတစ် အရောင်းဆိုင်ပိုင်ရှင် မကြူ (ခ)သီသီ၏ ထွက်ဆိုချက်၌ အဆိုပါ အိမ်ထောင်စုစာရင်းအား မင်္ဂလာတောင်ညွှန့်၊ ကူးတို့ ဆိပ်ရပ်ကွက်နေ မတင်တင်မိုးက ပြုလုပ်ပေးခဲ့ကြောင်း ပေါ်ပေါက်သဖြင့် မတင်တင်မိုးအား ဖမ်းဆီးစစ်ဆေးရာ ယင်းအိမ်ထောင်စုစာရင်းမှာ တောင်ဒဂုံမြို့နယ် မအေးအေးမာ (ခ) အေးအေးအောင်က ပြုလုပ်ပေးခဲ့သည်ဟု ထပ်မံစစ်ဆေး ပေါ်ပေါက်သဖြင့် မအေးအေးမာ(ခ) မအေးအေးအောင်အား ထပ်မံသွားရောက် ဖမ်းဆီးခဲ့ရာ မအေးအေးမာနှင့် အတူ ၎င်း၏ နေအိမ်အတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ရှစ်ခုနှင့် တံဆိပ်တုံးထုရာတွင် အသုံးပြုသည့် မင်နှိပ်ဘူးတစ်ဘူးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးရာ ယင်းနိုင်ငံသားစိစစ်ရေးကတ်ပြားအတုများမှာ ရွှေပြည်သာမြို့နယ်၊ ဘုရင့်နောင်လမ်းရှိ သိင်္ဂီဦးဖိနပ် အရောင်းဆိုင်ပိုင်ရှင် သက်ဦးအောင်ထံမှ ရရှိခြင်းဖြစ်ကြောင်း သိရသဖြင့် ယင်းဆိုင်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးရှာဖွေရာ ဆိုင်အတွင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြုလုပ်ရန် ဦးစီးအရာရှိတံဆိပ်ပေါ်၌ လက်မှတ်များ ရေးထိုးထားပြီး အမည်မသွင်းရသေးသည့် ပန်းရောင်နိုင်ငံသား စိစစ်ရေးကတ်ပြားအတု ၂၁ ကတ်၊ အခြား အမည်မသွင်းရသေးသည့် ပန်းရောင်နိုင်ငံသားစိစစ်ရေးကတ်ပြား အတု ၇၆ ကတ်၊ စုစုပေါင်း (၉၇) ကတ်တို့အား သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်၍ သက်ဦးအောင်၏ မိဘများနေထိုင်သည့် နေအိမ်မှ နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြု လုပ်ရာတွင်အသုံးပြုသော ကွန်ပျူတာတစ်လုံးနှင့် ကာလာပရင်တာ တစ်လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယင်းကြောင့် အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အတုပြုလုပ် သုံးစွဲနေသူများဖြစ်သည့် ဒေါ်သီတာဝင်း၊ မကြူ (ခ)သီသီ၊ မတင်တင်မိုး၊ မအေးအေးမာ(ခ) အေးအေးအောင်နှင့် ကိုသက်ဦးအောင်တို့အား မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းက (ပ) ၇၃၉/၂၀၁၅၊ ပြစ်မှုပုဒ်မ ၄၂၀/၄၆၈ တို့ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိပြီး ကွင်းဆက်လိုက်ကာ ဆက်လက်စုံစမ်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

  
မြင့်သူ

_____________________________________________________________



ရန်ကုန်မြစ်အတွင်း စက်လှေဖြင့် လိုက်လံ လုယက်နေသည့် ဓားပြဂိုဏ်းကို ဖမ်းမိ

ရန်ကုန်မြစ်အတွင်းရှိ ကမ်းကပ်ထားသည့် စက်လှေများနှင့် ငါးဖမ်းသင်္ဘောများ ပေါ်မှ ပစ္စည်းများကို စက်လှေများဖြင့် လိုက်လံ လုယက်နေသော ဓားပြဂိုဏ်း အဖွဲ့မှ အမျိုးသား လေးဦးကို သက်သေခံ ပစ္စည်းများနှင့်အတူ ဖမ်းမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်း သိရှိရသည်။ “ဖမ်းမိထားတဲ့ လေးယောက်ကို ဒလရဲစခန်းမှာ ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်၊ သူတို့အဖွဲ့ ကျူးလွန်ထားတဲ့ အခြားပြစ်မှု ဖြစ်စဉ်တွေကို စုံစမ်း စစ်ဆေးနေပြီး အခြားအဖွဲ့ဝင်တွေကိုပါ ထပ်မံဖမ်းမိဖို့ အပူတပြင်း ရှာဖွေနေပါတယ်” ဟု ရန်ကုန်တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ဖမ်းမိထားသူများမှာ ဒလ မြို့နယ်တွင် နေထိုင်သူများဖြစ်သည့် အသက် ၁၉ နှစ် အရွယ်ရှိ နေမျိုးသူ အပါအဝင် အမျိုးသားလေးဦး ဖြစ်ပြီး ၎င်းတို့ကို အောက်တိုဘာလ ၈ ရက်နေ့က ဖမ်းဆီးကာ စစ်ဆေးမေးမြန်းခဲ့ရာမှ အောက်တိုဘာလ ၁၈ ရက်နေ့က ရန်ကုန်မြစ်အတွင်း ၎င်းတို့အဖွဲ့ လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုသည့် ငါးဖမ်းစက်လှေ တစ်စင်းနှင့် အတူ လုယက်ထားသည့် ပစ္စည်းများကို သိမ်းဆည်း ရမိခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“ဒီနှစ်ထဲမှာ ရန်ကုန်မြစ်ဘေးနားက ဆိပ်ကမ်း၊ ပုဇွန်တောင်နဲ့ အခြားမြို့နယ် တွေမှာ ညအိပ် ကမ်းကပ် ရပ်နားထားတဲ့ စက်လှေတွေ လုယက်ခံရမှု မကြာခဏ ဖြစ်ခဲ့တယ်။ လုယက်မှုဖြစ်စဉ်တွေကို ဆက်စပ် ကြည့်တော့ စက်လှေနဲ့ ရန်ကုန်မြစ်ထဲ လှည့်လည် လုယက်နေတဲ့ အဖွဲ့က တစ်ဖွဲ့တည်း ဖြစ်နိုင်တယ်လို့ ယူဆရတယ်” ဟု ရန်ကုန် တောင်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဓားပြဂိုဏ်းအဖွဲ့မှ ဖမ်းမိထားသူများကို စစ်ဆေးခဲ့ရာမှ ငါးဖမ်း သင်္ဘောများပေါ်မှ လုယက်ထားသည့် ဘက်ထရီအိုးများ၊ ဝရိန်ကြိုးခွေများ၊ ရေပိုက်ဆက်များ၊ လက်ကိုင်ဖုန်းများ အပြင် ၎င်းတို့အဖွဲ့ အသုံးပြုသည့် ဓားနှင့် လေးခွများကို သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ