စည်းလုံးခြင်းသည် ခွန်အား

hnm | 火曜日, 10月 20, 2015 |




ကမ္ဘာဦးအစ ပဒေသာပင်ကြီး အကြောင်း ဒဏ္ဍာရီကို ကြားဖူး၊ ဖတ်ဖူးကြမယ်ထင်တယ်ဗျ။ ဗြဟ္မာ ကြီးတွေ စုတိစိတ်ကျပြီး ကမ္ဘာပေါ် မှာလူလာဖြစ်ကြတော့ အဲဒီပဒေသာ ပင်ကြီးကနေ လိုသမျှရတယ်လို့ အဆိုရှိတယ်ဗျ။ အဆိုလို့ သာပြော ရတယ်။အာဒိကပ္ပလို့ခေါ်တဲ့ကမ္ဘာဦး ကျမ်းတွေမှာကိုပါတာနော်။ မြန် မာဆိုတဲ့ဝေါဟာရကတောင် အဲဒီ ဗြ ဟ္မာဆိုတာကနေ ဆင်းသက်လာ တာလို့ အဆိုရှိသေးသဗျ။ အဲဒီ စကားပြန်ဆက်ရရင်တော့၊ အဲဒီလို ကိုယ်လိုတာလေး ပဒေသာပင်ကြီး ဆီကနေ သွားယူလိုက် သုံး လိုက် စားလိုက်နဲ့နေကြရာကနေ လောဘ တက်လာသူတွေက လိုတာထက်ပို ယူပြီး စုဆောင်းကြ၊ နေ့ဖို့ညစာတွေ သိုလှောင်ကြ၊အကျိုးအမြတ်ရအောင် လုပ်ကြဖန် များ လာပြီး ပဒေသာ ပင်ကြီးကိုပါ ကိုယ်ပိုင်လုပ်ဖို့ ကြိုး စားကြလာလေတော့ကာ ပဒေသာ ပင်ကြီးလည်း ကွယ်သွားရောတဲ့ဗျား။

အဲဒီကစပြီး သဘာဝတရားက ကမ္ဘာသူ ကမ္ဘာသားတွေအားလုံး အတွက် ပေးသမျှတွေကို လူတစ် စုက ခြံခတ်ပြီး လက်ဝါးကြီးအုပ် တဲ့စနစ်ဟာ အစပြုလာ တယ် လို့ဆို နိုင် သဗျ။ အဲဒီလို ခြံခတ်ပြီးတဲ့ နောက် ခြံပတ်ပတ်လည်မှာလည်း အစောင့်အကြပ် ထူထပ်စွာထား သေးဆိုသကိုးဗျ။ ခြံထဲမဝင်နိုင်တဲ့ သူတွေခမျာတော့ သူတို့ပေး သ လောက် ပဲ ရကြသတဲ့။ သူတို့ခိုင်း သမျှ လုပ်ကြရသတဲ့။ ခြံပိုင်ရှင် ဆိုသူတွေဟာလည်း ပေးစရာတွေ ဘယ်လောက်ပိုလျှံနေပါစေ မပေး ဘဲ အပုပ်ခံအပျက် အစီး ခံ ထားကြ သတဲ့။ ဒါဟာသမိုင်းဦးဘုံမြေစနစ် ကနေ အရင်းရှင်စနစ်အထိ ဆင်း သက်လာပုံကို အတိုဆုံး ပြောထား တဲ့ ဥပမာပဲလို့လည်း ဆိုကြသဗျ။

ဒီတော့ကာ ကမ္ဘာ့သမိုင်းကို ပြန်လှန် သုံးသပ်ကြည့်ရင်လည်း သမိုင်းဦးဘုံမြေစနစ်ကနေ၊ကျေးပိုင်၊ ကျွန်ပိုင်စနစ်၊ မြေရှင်ပဒေသရာဇ် စနစ်၊အရင်းရှင်စနစ်ဟောင်း၊ အရင်း ရှင်စနစ်သစ်စသည်ဖြင့် တစ်ခုတည်း ကနေ တစ်ခုပေါက်ဖွားလာပြီး အ ဆင့်ဆင့် ပြောင်းလာတာကို တွေ့ရ ပါတယ်ဗျ။ အဲဒီမှာ လူထုလူတန်း စားကွဲ ပြားမှုဟာ လည်း ပေါ်လာ ခဲ့တယ်။ ခုပြောပြောနေကြတဲ့ ဆင်းရဲနွမ်းပါးမှု၊ ဝင်ငွေမလောက်င မှုဆိုတာတွေဟာလည်း ခေတ်အမျိုး မျိုးမှာ ပုံစံအမျိုးမျိုးနဲ့ ပေါ်လာခဲ့ တယ်ဗျ။ အကြမ်း အနုသာ ကွာရင် ကွာမယ် ရှိနေဆဲဆိုတာကတော့ သေချာတယ်ဗျ။ တချို့ကပြောကြ သလိုပဲ အရင်းရှင်စနစ် ဆိုတာဟာ ရှေ့က အစာနဲ့မျှားပြီး မောင်းနှင် တဲ့စနစ်ကိုးဗျ (ကွန်မြူနစ်စနစ်တို့ ဆိုရှယ်လစ်စနစ်တို့ကတော့ တုတ် နဲ့ရိုက်ပြီး မောင်းနှင်တဲ့စနစ်လို့ဆို ကြပြန်သကိုး)။ဆိုတော့ကာ အရင်း ရှင်စနစ်ရဲ့ အဓိကဆောင်ရွက်မှုက ဘာ လဲဆိုတာကို ပြန်ကြည့်လိုက် ရင်ကုန်ထုတ်လုပ်မှုဟာ အမြတ်တင် ရောင်းဖို့အတွက်ဆိုတာကို တွေ့ ရမယ်ဗျ။

အမြတ်တင်ထားတဲ့ ကုန်တွေ ကို ရောင်းရာမှာလည်း အမြတ်များ များရသည်ထက်ရအောင် ဈေး ကွက်တွေအမျိုးမျိုး ရှာကြရတယ် ဗျ။ ကိုယ့်နိုင်ငံတွင်း ဈေးကွက် သာမက ကမ္ဘာ့ဈေးကွက်ကိုပါ ခြေ လှမ်းချဲ့ရတယ်ဗျ။ ကုန်ကြမ်းကို ပေါပေါလောလောရအောင်ကတော့ အရင်းရှင်ကြီးတွေနဲ့ အစိုးရတွေနဲ့ ပေါင်းပြီးနိုင်ငံငယ်လေးတွေကို ကို လိုနီပြုကြတယ်ဗျ။ အဲဒီနိုင်ငံငယ် လေးတွေဆီက ထွက်ကုန်တွေကို ကိုယ်တစ်ယောက်တည်း သပိတ် ဝင်အိတ်ဝင်ရသလို၊ ကိုယ့်ထုတ် ကုန်တွေကိုလည်း အဲဒီနိုင်ငံ ငယ် လေးတွေကိုပဲပြန်ရောင်းရတဲ့အကွက် ကလည်း ရှိသေးသဗျ။ မဝယ် မနေရအတင်းအကျပ် လုပ်လာပြီ ဆိုရင်တော့ ဖက်ဆစ်စနစ်ဘက် ယိမ်းသွားပြီလို့ဆိုကြသဗျ။ ဒီတော့ ကာ တစ်ချက်ခုတ် သုံးလေးချက် လောက် ပြတ်တာပေါ့။ အဲဒီလို ကို လိုနီနိုင်ငံတွေ လုရင်းစစ်တွေဖြစ် ကြပြန်ရောဗျ။ ကမ္ဘာစစ်ကြီးနှစ်ခု ဖြစ်ခဲ့ရခြင်းဟာ အဲဒီအ ချက်လည်း ပါသဗျ။ နောက်တစ်ချက်ကတော့ ကမ္ဘာ့စီးပွားပျက်ကပ်ကို စစ်နဲ့ဖြေ ရှင်းတာပဲဗျ။စစ်ဖြစ်တော့ကာလက် နက်တွေ၊ ယာဉ်ရထားတွေ၊ စား သောက်ကုန်တွေ လို အပ်လာပြီဗျ။ ဒီတော့ကာ အဲဒီပစ္စည်းတွေ ရောင်း ကောင်းပြီပေါ့ဗျာ။ အဲဒီစက် ရုံတွေ လည်ပတ်နိုင်ပြီပေါ့ဗျာ။ အလုပ် သမားတွေလည်း အလုပ်ရကြပြီ ပေါ့ဗျာ။ ဒါကြောင့် လက်ငင်းမပေး နိုင်လည်း အြေ<ွကးရောင်းသဗျ။ တွက်ကိန်း အင်မတန်ကိုက်ပြီပေါ့ ဗျာ။ ဥပမာတစ်ခုပြရရင် အမေရိ ကန်ဟာ ဒီလိုနည်းနဲ့အကြီးအကျယ် ချမ်းသာလာပြီး ကမ္ဘာ့စူပါ ပါဝါ နိုင်ငံကြီးဖြစ်လာတာဗျ။ အရင်းရှင် စနစ်ဟာသမိုင်းမှာ အဖျက်ဆီးနိုင် ဆုံးစစ်ပွဲတွေ၊ အနုမြူဗုံးတွေ၊ အဝ လွန်ရောဂါနဲ့ ကမ္ဘာကြီးပူနွေးလာမှု အပါအဝင်ြ ပဿနာ အတော်များ များကိုဖြစ်လာစေတယ်လို့ ဆိုနိုင် သဗျ။ သို့သော် အလုပ်သမားလူ တန်းစာကို ဖန်တီးပေးခဲ့တဲ့အတွက် တော့အရင်းရှင်စနစ်ကို ကျေးဇူး တင်ဖို့ ရှိပြန် သဗျ။

ပြီးတော့ကာ အရင်းရှင်စနစ် စတင်ဖွံ့ဖြိုးတဲ့ခေတ်က အလုပ် သမားတွေဟာ အင်မတန်နိမ့်ကျ ခဲ့ကြတာဗျ။ အဲဒါကို ကားလ် မာ့က်စ်နဲ့ အိမ်ဂျယ်တို့ကထွက်ရပ် လမ်း တစ်ခု ဖော်ပေးခဲ့သဗျ။ ဘာလဲ ဆိုတော့ကာ ကွန်မြူနစ်စနစ်ပါပဲ။ ကွန်မြူနစ်စနစ်ကို မကျင့်သုံး နိုင်သေးချိန်မှာ တော့ဆိုရှယ်လစ် စနစ်ကို အကောင် အထည်ဖော်ကြ ရ တယ်ဗျ။ အဲဒီစနစ်တွေရဲ့ အဓိက အချက်တွေကတော့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ လူတန်းစားကွဲပြား မှု မရှိရေးပါပဲ။ ရည်ရွယ်ချက် အင်မတန် ကောင်းပါတယ်။ သုံးဖို့ လိုသလောက်ပဲ ကုန်ထုတ်၊ အမြတ် တင်ရောင်းချမှု မရှိစေရ၊ လူတိုင်း မိမိအစွမ်းရှိသလောက်လုပ်၊ ပြီးရင် မိမိလိုသလောက် ယူ ဆိုတာတွေ ဟာ အဲဒီစနစ်တွေရဲ့ အ ကျဉ်း ချုပ် ပဲဗျ။

ခက်ပြန်တာက စနစ်ဘယ်လို ကောင်းကောင်း လူကမလိုက်နိုင် ရင်လက်တွေ့မှာအကောင်အထည် ဖော်လို့မရဘူးဆိုတာပါပဲ။ ပြီးတော့ ကာအရင်းရှင်စနစ် ဆိုရာမှာလည်း ကားလ်မာ့က်စ်တို့ခေတ်၊ ကမ္ဘာစစ် ကြီးတွေခေတ်က အရင်းရှင်စနစ်နဲ့ ကနေ့ခေတ်အရင်းရှင်စနစ်ဟာ မတူ တော့ဘူးဆိုတာကလည်း ရှိသေး တယ်။ နောက် တစ်ခု က လည်း ဟို ခေတ်က အလုပ်သမား တွေခံခဲ့ကြ ရတာမျိုးတွေဟာ ကနေ့ခေတ်မှာ မရှိသလောက် ရှားသွားပြီလို့ ဆို နိုင်ပါတယ် (ဒါတွေဟာ လည်း ခေတ် ဆက် ဆက်က အလုပ်သမား တွေရဲ့ကြိုးပမ်းမှု ရလဒ်တွေပါပဲ)။ အလုပ်သမားတွေဆိုရင်လည်း ဟို ခေတ်ကနဲ့ နှိုင်းယှဉ်ရင်အလုပ်ချိန် တွေ၊ ပိတ်ရက်တွေကအစ မ ယုံနိုင် လောက်ေ အာင် ကိုပဲ၊ အခွင့်အရေး တွေအများကြီး ရလို့နေပါပြီ။ ဒီ တော့ကာ ဒါမှဒါပဲ ဒါကိုပဲ လုပ်ရ မယ်ဆိုပြီး ဝါဒစွဲ စနစ်စွဲ လှေနံ ဓားထစ်လုပ်နေလို့ မရတော့ ပါဘူး ခင်ဗျာ။

ဒါပေမဲ့ မပြောင်းမလဲ ကျန် နေသေးတာတွေကိုတော့ ပြောင်း လဲအောင် လုပ်ရမှာက အားလုံးရဲ့ တာဝန်ပါ။ ဒီခေတ်မှာက လိုချင် တာတွေ လိုအပ်တာတွေ ပိုများ လာ တယ် ဗျ။ တစ်ဖက်ကကြည့် ပြန်ရင်လည်း အဲဒီလို မဖြစ်ဖြစ် အောင် မောင်းသွင်းခံထားရတယ် လို့ဆိုနိုင်တယ်။ ခေတ်သစ်အရင်း ရှင် စနစ်ရဲ့ မဟာဗျူဟာတစ်မျိုးလို့ လည်းခေါ်နိုင်ပြန်သဗျ။ ၂၁ ရာစု လူသားတွေဟာကနေ့ခေတ်မှာ လို အပ်တဲ့ ပစ္စည်းမှန်သမျှမရှိဘဲနဲ့ကို အလုပ်လုပ်လို့မရ လောက်အောင် ဖြစ်လာနေပြီဗျ။ အလုပ်တွေချည်း ပဲဖိ လုပ်နေပြန်တော့လည်း ဘဝ ဟာမွန်းကျပ်လာပြန်ရော။ အဲသည် မွန်းကျပ်မှုတွေကို ဖောက်ထုတ်ပစ် ရပြန်ရော။ အရင်းရှင်စနစ်လွှမ်းမိုး နေမှတော့ ဒါတွေဟာ တစ်ခုမှ အ လကား မရပါဗျား။ ငွေကုန် မှရတာ ဖြစ်တာတွေချည်းပါပဲ။ ဒီတော့ကာ ဝင်ငွေထွက်ငွေ မမျှတ တာတွေဟာလည်း ပိုဖြစ်လာကြ ပြန်မှာပါပဲ။ ဝင်ငွေထွက်ငွေ မမျှ တော့တဲ့ အခါမှာ အကျင့်ပျက် လာဘ်စားမှုဆိုတာဟာလည်း နောက် ဆက်တွဲ ဖြစ်လာတာပါပဲ။ အမေ ရိကန်လိုနိုင်ငံမျိုး တရုတ်လိုနိုင်ငံ မျိုးမှာလည်းအကြီးအကျယ် အကျင့် ပျက် လာဘ်စားမှုတွေ ဒုနဲ့ဒေးဗျ။ တစ်ခုတော့ရှိတာပေါ့လေ သူတို့ တတွေကတော့ တိုးတက်ပြီးသား တိုင်းပြည်ကြီးတွေဆိုတော့ မထောင်း တာလှဘူးလို့တော့ ဆိုနိုင်သပေါ့။

ဒီတော့ကာ လိုအပ်ချက်တွေ များတာရယ်၊ မွန်းကျပ်မှုတွေကို ဖြေလျှော့ရတာရယ်၊ ဝင်ငွေထွက် ငွေ မမျှတာရယ်၊ အကျင့်ပျက် လာဘ်စားတာရယ်(အကျင့်ပျက် လာဘ်စား တယ်ဆိုရာမှာ အလုပ် ချိန်အတွင်း ပြင်ပလုပ်ငန်းကိုလုပ် တာဟာလည်း အကျုံးဝင်တယ်လို့ ပညာရှင်တွေကဆိုကြတာကိုလည်း သတိချပ်သင့်သဗျ)၊ ကုန်ဈေးနှုန်း တက် တာရယ်၊ ကုန်ဈေးနှုန်းတွေတက် လို့ ဝင်ငွေထွက်ငွေပိုပြီး မမျှတော့ တာရယ်တွေဟာ ပဋိစ္စသမုဒ္ဒပါဒ်လို အဆက်မပြတ်လည်နေတော့တာ ပဲဗျ။ အဲဒီလည်ပတ်မှုစက်ဝန်းကို ကြားကနေဖြတ်ထွက်ပစ်နိုင်မှ ရပ် တန်းကရပ်မှာ။

အဲဒီလို ရပ်တန်းကရပ်နိုင်ဖို့ ဆိုတာကလည်းသက်ဆိုင်ရာတတ် သိနားလည်ပညာရှင်တွေရဲ့ လမ်း ညွှန်မှုအတိုင်း အုပ်ချုပ်သူ/ အုပ် ချုပ်ခံအားလုံးကလိုက်နာကြ လိုက် လုပ်ကြမှဖြစ်မှာဗျ။နည်းတွေ စနစ် တွေ ဘယ်လိုကောင်းကောင်း လူ သာ မပါလို့ကတော့ အလုပ်မဖြစ် ပါဘူး ခင်ဗျာ။ ဒီတော့ကာ တစ် ယောက်နဲ့တစ်ယောက် အပြစ်ဖို့ တဲ့ အပြစ်တင် လူ့အဖွဲ့အစည်းအ ဖြစ် မခံကြဘဲ ပြင်စရာပြောင်းစရာ တွေကို ထောက်ပြမယ့်သူတွေက လည်း စနစ်တကျ ထောက်ပြကြ၊ အကျင့်ပျက်ခဲ့သူတွေကလည်း ပျက်နေတာတွေကို ပြင်ကြ၊ လို နေတာ တွေကိုဖြည့်ပေးဖို့ လိုရင် လည်း ဖြည့်ပေးရမယ့်သူက ဖြည့် ပေးကြ၊ လိုက်နာစရာတွေကို အပြည့် အဝ မလိုက်နာခဲ့တဲ့ သူတွေက လည်းတာဝန်သိသိသစ္စာရှိရှိ လိုက် နာကြ၊ အဲဒီလို တစ်ယောက်နဲ့တစ် ယောက် ဖေးမကူညီကြပြီး ကြိုးစား ကြရင် ခုနကအတောမသတ်လည် နေတဲ့ စက်ဝန်းကြီး မရပ် ခံနို င်ရိုး လားဗျာ။ အဆုံးသတ်ရလာဒ်ချင်း သာတူမယ်ဆိုရင် တော်လှန်ရေး ထက် ငြိမ်းချမ်းစွာ ပြုပြင်ပြောင်းလဲ ရေးဟာ ပိုအလုပ်ဖြစ်တယ်ဆိုတာ သာဓကတွေ အ များကြီး ရှိနေမှပဲဗျ။ စည်းလုံးခြင်းသည်ခွန်အားဆိုတဲ့ စကား ရှေးသူဟောင်းတွေက အလကား ထားခဲ့ကြတာမှ မဟုတ်တာ။

ဟက်ကာ



ငြိမ်းချမ်းရေးလမ်းပေါ်ရောက်ရှိရေး အတွက် တရုတ် အထူးကိုယ်စားလှယ်၏ ပြောကြားချက် 

ပြီးခဲ့သည့် နှစ်က တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ သည့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ဖုန်ကြား ရှင် ဦးဆောင်သော ကိုးကန့်တပ်ဖွဲ့အား ငြိမ်း ချမ်းရေးလမ်းပေါ် ရောက်ရှိရန်အတွက်မူ အချိန်ပေးရန် လိုအပ်ကြောင်း NCA အပြီး သတ် လက်မှတ်ထိုးပွဲသို့ အသိသက်သေ အဖြစ် တက်ရောက်လာသူ တရုတ်နိုင်ငံကိုယ် စားလှယ်က ပြောသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးသံအမတ်ကြီး Mr. Sun Guoiangu ''တရုတ်နိုင်ငံအနေနဲ့ မြန်မာ ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပေါ် ထောက်ခံတယ်။ နောင်လဲ ထောက်ခံနေ မှာပဲ။ ကိုးကန့်ကို NCA လက်မှတ်ထိုးဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။ အချိန်ပေးဖို့ လိုအပ်ပါတယ်။ တစ်ညတည်းနဲ့လုပ်လို့ မ ပြီးပါဘူး''ဟု ဖလားဝါးနယူးစ်ဂျာနယ် သို့ ပြောသည်။

ထို့ပြင် တရုတ်နယ်စပ်တွင် အ ခြေချသည့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များနှင့် ပတ်သက်၍ တရုတ်လွှမ်းမိုး မှု ရှိနိုင်သည်ဟု ဝေဖန်မှုကို ယင်းက ငြင်း ဆိုခဲ့သည်။

မြန်မာငြိမ်းချမ်းရေးစင်တာမှ ဦးညိုအုန်းမြင့်က ''တရုတ် အထူးကိုယ်စား လှယ်ကြီး အနေနဲ့ ဦးအောင်မင်းရော၊ ပြည် ထောင်စုဝန်ကြီး ဦးစိုးသိန်းကိုရောအာမခံ သွားတာက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရ ဖို့ တရုတ်အစိုးရအနေနဲ့ အမြန်ဆုံး ဆောင် ရွက်ပေးမယ်။ လက်မှတ်မထိုး ရသေးတာ က မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့အ စည်းတွေ ဖြစ်နေတယ်လို့လဲ ပြောပါတယ်။ မြောက်ပိုင်းမှာ လက်မှတ်မထိုးတဲ့ သူတွေ အပေါ်မှာလဲ သူတို့အနေနဲ့ အတတ်နိုင်ဆုံး အကြံပြုသွားမယ်။ သို့ပေမဲ့ ဆုံးဖြတ်ပိုင်ခွင့် တော့ သူ့မှာမရှိဘူးလို့ ပြောပါတယ်။ ဥပမာ ကေအိုင်အိုအတွက် ဆုံးဖြတ်ပိုင်ခွင့်တော့ မရှိဘူး။ ဒါပေမဲ့ ကေအိုင်အိုအတွက် အမြန် ဆုံး လက်မှတ်ထိုးနိုင်အောင် သူတို့ ကြိုးစား ပေးသွားမယ်လို့ ပြောပါတယ်။ UWSA ၊ မိုင်းလား၊ ကိုးကန့် ဒါတွေအကုန်လုံးအတွက် သူတို့အနေနဲ့ အာမခံ ပေးသွားတဲ့အတွက်၊ ကျွန်တော့်အနေနဲ့ကတော့ အထူးသံအမတ် ကြီးရဲ့ အာမခံချက်တွေက တကယ် တန် ဖိုးရှိတယ်လို့ ထင်ပါတယ်''ဟု ဖလားဝါးန ယူးစ်ဂျာနယ်သို့ ပြောသည်။

မြန်မာနိုင်ငံ၏ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ်(NCA)ကို အောက်တိုဘာ ၁၅ ရက် တွင် နေပြည်တော်၌ တိုင်းရင်းသားလက် နက်ကိုင် အဖွဲ့ရှစ်ဖွဲ့မှ ပါဝင်လက်မှတ်ရေး ထိုးခဲ့သည်။ အဆိုပါ NCA ချုပ်ဆိုမှု အခမ်း အနားတွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံတို့မှ မြန်မာနိုင်ငံ ဆိုင်ရာ သံအမတ်များမှ လေ့လာသူများအ ဖြစ် တက်ရောက်ခဲ့ကြပြီး အီးယူ၊ ကုလသမဂ္ဂ နှင့် ဂျပန်နိုင်ငံတို့မှလည်း မျက်မြင်သက်သေ အဖြစ် တက်ရောက်ခဲ့ကြသည်။ 

ဒီမင်း၊ စိုးချစ်ချစ်ပိုင်


အပစ်ရပ်စာချုပ်တွင် အားလုံးပါလာရန် ဆက်ညှိမည်ဟု အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ ကြေညာ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် လက်မှတ်ထိုးရန် ကျန်ရှိနေသော လက်နက်ကိုင်အဖွဲ့ အားလုံး ပါဝင်လာရန် ဆက်လက်ညှိနှိုင်းသွားမည် ဖြစ်ကြောင်း အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့က ပူးတွဲကြေညာချက် တစ်စောင် ထုတ်ပြန်သည်။ေ နပြည်တော်တွင် အောက်တိုဘာလ ၁၆ ရက်မှ ၁၇ ရက်နေ့အထိ နှစ်ရက်တာ ကျင်းပသော အစိုးရနှင့် အပစ်ရပ်စာချုပ်တွင် လက်မှတ်ထိုးပြီးဖြစ်သော တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့တို့ အစည်းအဝေးအပြီးတွင် အထက်ပါအတိုင်း ထုတ်ပြန်ခြင်း ဖြစ်သည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးရာတွင် မပါဝင်သေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ဂုဏ်သိက္ခာရှိစွာ ပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် နှစ်ဖက် ကြိုးပမ်းဆောင်ရွက်သွားရန် သဘောတူကြပါသည်ဟု အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။

အပစ်ရပ်စာချုပ်တွင် လက်နက်ကိုင်အားလုံး ပါဝင်လာရန်မှာ လက်ရှိ လက်မှတ်ထိုးပြီး အဖွဲ့ရှစ်ဖွဲ့နှင့် အစိုးရတို့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအပေါ် မူတည်ကြောင်း၊ လက်မှတ်ထိုးပြီး အဖွဲ့များနှင့် အစိုးရတို့ အပစ်ရပ်စာချုပ် နောက်ဆက်တွဲ လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်လျှင် ကျန်အဖွဲ့များလည်း ပါလာမည် ဖြစ်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ပြောဆိုသည်။

“အဲ့ဒီအဖွဲ့တွေ ပါလာဖို့က အစိုးရနဲ့လည်း မဆိုင်ဘူး၊ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့လည်း မဆိုင်ဘူး။ တရုတ်နဲ့ အဓိကဆိုင်တာ။ သူက ပါဆိုရင် ပါလာမှာပါ။ တရုတ်ရဲ့ စိုးရိမ်ချက်တွေ ပြေလျော့ပြီး မြောက်ပိုင်းအဖွဲ့တွေ လက်မှတ်ထိုးနိုင်ဖို့ အစိုးရအနေနဲ့ တရုတ်ကို ရှင်းပြသင့်တယ်” ဟု တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်တစ်ဦးက မှတ်ချက်ပြုသည်။

ယင်းအပြင် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ တစ်ရပ်ကိုလည်း ထပ်မံခေါ်ယူမည်ဖြစ်ပြီး အပစ်ရပ်စာချုပ် နောက်ဆက်တွဲ လုပ်ငန်းစဉ်များ ညှိနှိုင်းခြင်း၊ အပစ်ရပ်စာချုပ်တွင် မပါဝင်သေးသည့် လက်နက်ကိုင်အဖွဲ့များ မည်သို့ ပါဝင်လာနိုင်မည် စသည့် ကိစ္စရပ်များကို ဆွေးနွေးမည်ဖြစ်ကြောင်း ခွန်မြင့်ထွန်းက ရှင်းပြသည်။

အဆိုပါ တိုင်းရင်းသားလက်နက်ကိုင် ထိပ်သီးညီလာခံကို ကရင်အမျိုးသားအစည်းအရုံး (KNU) ဌာနချုပ် လော်ခီးလာ သို့မဟုတ် ထိုင်းနိုင်ငံ ချင်းမိုင်တွင် ကျင်းပရန် စီစဉ်သွားမည်ဖြစ်ပြီး အစီအစဉ် အသေးစိတ်ကို ဆက်လက်ညှိနှိုင်းရမည် ဖြစ်ကြောင်း နေပြည်တော် အစည်းအဝေးတွင် ပါဝင်သည့် တိုင်းရင်းသား ကိုယ်စားလှယ်များက ပြောဆိုသည်။

နေပြည်တော်တွင် နှစ်ရက်ကြာ ပြုလုပ်သော အစည်းအဝေး၌ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ကော်မတီနှင့် ပဋိပက္ခ စောင့်ကြည့်ရေး ကော်မတီတို့ကို အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့မှ ကိုယ်စားလှယ်များ ပူးတွဲဖွဲ့စည်းခဲ့သည်။

Category: , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ