ဝန်ဆောင်မှု့နှင့်စည်းကမ်းထိန်းသိမ်းမှု့

hnm | 火曜日, 10月 20, 2015 |












ကယားပြည်နယ် မီးသတ်တပ်ဖွဲ့ဝင်များ ရှာဖွေကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်



ကယားပြည်နယ် ဘောလခဲခရိုင် ဖားဆောင်းမြို့နယ် မော်ချီးဒေသ၌ အောက်တိုဘာ (၁၀)ရက်နှင့် (၁၁)ရက် တို့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ နေအိမ် ၆၀ ခန့် ပြိုကျပျက်စီးခဲ့ပြီး အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၇ ဦး စုစုပေါင်း ၁၇ ဦး သေဆုံး၍ အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦး ပျောက် ဆုံးခဲ့ကာ အိမ်ထောင်စု ၉၈ စုမှ လူဦးရေ ၃၆၉ ဦးမှာ သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသဖြင့် ယာယီ ကယ်ဆယ်ရေး စခန်းများ ဖွင့်လှစ်၍ ရွေ့ပြောင်းနေရာချထားပေးခဲ့ရသည်။ ထို့ပြင်မော်ချီးတောင်ပေါ် ကျေးရွာများမှာ နေထိုင်ရန် အန္တရာယ်ရှိသဖြင့် ထပ်မံရွေ့ပြောင်းလာသော ဒေသခံပြည်သူ ၁၁၈၆ ဦးအား ကယ်ဆယ်ရေး စခန်းများသို့ ကူညီရွေ့ပြောင်းပေးခဲ့သည်။

အဆိုပါ ဖြစ်စဉ်တွင် ကယားပြည်နယ် မီးသတ်ဦးစီးမှူး ဦးစီးသည့် ရှာဖွေ ကယ်ဆယ်ရေး တပ်ခွဲ(၁)ခွဲမှ တပ်ဖွဲ့ဝင် များသည် မော်ချီးအောက်ရွာနှင့် တောင်ပေါ် ကျေးရွာဆက်သွယ်သည့်လမ်းအား ယာယီလမ်းအဖြစ် ဖောက် လုပ်ပေးခြင်းနှင့် ရှာဖွေ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။


နေရပ်ပြန် ပြည်သူများအား သမ္မတက ကျပ် (၁၀၀၀၀)စီ ထောက်ပံ့

လွိုင်ကော်မြို့၊ မြေပြိုဘေးသင့် ပြည်သူများအတွက် ဖွင့်လှစ်ထားသည့် ယာယီ ကယ်ဆယ်ရေး စခန်းမှ နေရပ်သို့ ပြန်ကြသည့် ပြည်သူများအား နိုင်ငံတော်သမ္မတမှ တစ်ဦးလျှင် တစ်သောင်းကျပ်နှုန်း ထောက်ပံ့ခဲ့ကြောင်း သိရသည်။ “သမ်္မတကြီး ဒီကိုလာတုန်းက ထောက်ပံ့ခဲ့တယ်။ တစ်ဦးကို တစ်သောင်းစီနဲ့။ ကျွန်တော်တို့ ကယားပြည်နယ် အစိုးရအနေနဲ့လည်း တစ်ဦးကို ငါးထောင်နှုန်းနဲ့ အယောက် (၁၀၀၀)ကျော်ကို အခုဒီမှာ ဒုက္ခသည်က ငါးယောက်လောက်ပဲ ကျန်တော့တယ်။ သူတို့ကလည်း မော်ချီးက မိသားစုကို စောင့်နေလို့ပါ။ နေရပ်တွေကို ဒီနေ့ အပြီးပို့ပေးမှာပါ”ဟု ကယားပြည်နယ်၊ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေက ပြောသည်။

နိုင်ငံတော်သမ္မတမှ ယာယီ ကယ်ဆယ်ရေး စခန်းမှ နေရပ်ပြန်သူ (၂၇၁)ဦးအား ထောက်ပံ့ပေးခဲ့ပြီး၊ ယာယီ ကယ်ဆယ်ရေး စခန်းမှ ဘေးသင့်ပြည်သူ (၁၃၀၅)ဦးအား အောက်တိုဘာလ (၁၄)ရက်နေ့မှ (၁၉) ရက်နေ့အထိ နေရပ်သို့ ပြန်ပို့ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ (၁၀)ရက်နေ့ မိုးသည်းထန်းစွာ ရွာသွန်းမှုများကြောင့် ကယား ပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာ အုပ်စုတွင် မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ပြီး၊ သေဆုံးသူ (၁၇)ဦး ရှိခဲ့သည်။ ယင်းသေဆုံးသူ (၁၇)ဦးအား တစ်ဦးလျှင် တစ်သိန်းဖြင့် ထောက်ပံ့မှုများ ပေးခဲ့ကြောင်း ကယားပြည်နယ်၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ ဒုတိယ ဦးစီးမှူး ဒေါ်အေးချမ်းမြေ့က ပြောသည်။



လျှပ်စစ်ဓာတ်အားစနစ် ကောင်းမွန်ရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေး ဆောင်ရွက်
မကွေးတိုင်း ဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်တွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း လက်အောက်ရှိ မင်းလှမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မြို့တွင်းသို့ ၃၃/၆ ဒသမ ၆ ကေဗွီ ၁ ဒသမ ၂၅ အမ်ဗွီအေဖြင့် ဓာတ်အား ဖြန့်ဖြူးပေးထားလျက်ရှိရာ ဗို့အားစနစ် ကောင်းမွန်စေရေး၊ ဓာတ်အား စဉ်ဆက်မပြတ် ပေးနိုင်ရေးနှင့် ဝန်အား ပိုမို သုံးစွဲနိုင်ရေး အတွက် ၃၃/၁၁ကေဗွီ ၃ ဒသမ ၁၅ အမ်ဗွီအေ တိုးချဲ့ တည်ဆောက်ခြင်း၊ ၁၁ ကေဗွီ ဓာတ်အားလိုင်း ၄ မိုင် တည်ဆောက်ခြင်း၊ ၁၁/သုည ဒသမ ၄ ကေဗွီ ၁၆ဝ ကေဗွီအေ ဓာတ်အားခွဲရုံ ငါးရုံ တိုးချဲ့ တည်ဆောက်ခြင်း လုပ်ငန်းများကို ယနေ့မှ စ၍ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ ထို့ပြင် ဓာတ်အားစနစ် ကောင်းမွန်စေရေးနှင့် လျှပ်စစ်အန္တရာယ် ကင်းရှင်းစေရေးတို့ အတွက် ရတနာမဉ္စူ ဘုရားလမ်း၊ အခြေခံပညာ အထက်တန်းကျောင်းလမ်း၊ မြင်သာ ထိပ်လမ်း၊ သရက်တောလမ်း၊ စက်မှုမေတ္တာလမ်း ၁ လမ်း၊ ၂ လမ်း၊ ၃ လမ်းတို့တွင် သစ်သား ဓာတ်တိုင်များအား ကွန်ကရစ်တိုင်၊ သံလက်တန်းတို့ဖြင့် လဲလှယ်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။


လမ်းစည်းကမ်းမဲ့ မောင်းနှင်သည့် ကွန်တိန်နာယာဉ်များကို ဖမ်းဆီး

ရန်ကုန်မြို့တွင်း စည်းကမ်း လိုက်နာမှု မရှိတဲ့ ကွန်တိန်နာတွေ၊ ကုန်တင်ယာဉ်တွေနဲ့ သစ်လုံးတင်ယာဉ်တွေကို သက်ဆိုင်ရာဌာနတွေက စုပေါင်းထားတဲ့ အဖွဲ့ ၃ ဖွဲ့က အလှည့်ကျ လှည့်လည် ဖမ်းဆီးနေပါတယ်။ ရန်ကုန်မြို့တွင်း အများပြည်သူ သွားလာတဲ့နေရာတွေမှာ ကွန်တိန်နာကားတွေဟာ စည်းကမ်းတကျ မောင်းနှင်မှုမရှိသလို သတ်မှတ်ထားတဲ့ ဧရိယာပြင်ပမှာ မောင်းနှင်သွားလာမှုတွေ ရှိတဲ့အတွက် အများပြည်သူတွေ စိတ်အနှောင့်အယှက်ဖြစ်စရာတွေ ကြုံတွေ့နေရတာကြောင့် အခုလို ဖမ်းဆီးနေတာလို့ သိရပါတယ်။ ကွန်တိန်နာ ယာဉ်တွေကို ရန်ကုန် စည်ပင်သာယာ နယ်နိမိတ်အတွင်းက လမ်းတွေပေါ်မှာ မောင်းနှင်သွားလာခွင့် ပြုထားချိန်ဖြစ်တဲ့ မနက် ၈ နာရီက ၁၀ နာရီ အတွင်း နဲ့ ညနေ ၃ နာရီကနေ ၅ နာရီ အတွင်း၊ တချို့လမ်းပိုင်တွေမှာ ည ၇ နာရီခွဲကနေ မနက် ၅ နာရီ ခွဲ အထိ မောင်းနှင်ခွင့် ပြုထားပါတယ်။
ဒီရက်ပိုင်းအတွင်းမှာလည်း ကွန်တိန်နာ ကားတိမ်းမှောက်မှုတွေ များလာပါတယ်။

 မေသင်္ကြန်



စည်းကမ်းမဲ့လုပ်ကိုင်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းများကို တွေ့ရှိပါက လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူမည်

ရန် ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိ ဆောက်လုပ် ရေးလုပ်ငန်းများတွင် စည်းကမ်းမဲ့ လုပ်ကိုင်ဆောင်ရွက်နေမှုများကို တွေ့ရှိပါက သက်ဆိုင်ရာလိုင်စင် ကန်ထရိုက်တာ၊ လိုင်စင်အင်ဂျင်နီယာများအား လိုင်စင်ပိတ်သိမ်းသည် အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ ဆောက်လုပ်ရေး လုပ်ငန်းများကို စည်းကမ်းမဲ့စွာပြု လုပ်ပါကဆောက်လုပ်ရေးလုပ်ငန်းများကို သတ်မှတ်ဒဏ်ကြေးများ အပြင် အနည်းဆုံးတစ်လရပ်ဆိုင်း အရေးယူသွားမည်ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော် မတီ၊ အင်ဂျင်နီယာ(အဆောက်အ အုံ)မှ ထုတ်ပြန်လိုက်ကြောင်း သိရသည်။

ယခုအခါ ရန်ကုန်မြို့ရှိဆောက် လုပ်ရေးလုပ်ငန်းခွင် အချို့တွင်စွန့် ပစ်ပစ္စည်းများ သယ်ယူရာ၌မြေ သယ်ယာဉ်များမှ အများပြည်သူသုံး လမ်းများပေါ်တွင် ညစ်ပေမှုဖြစ်ပေါ်ပြီး စည်းကမ်းမဲ့စွာလုပ် ကိုင် နေမှုကြောင့် ပြည်သူများစိတ်အနှောင့်အယှက် ဖြစ်ပေါ်လျက်ရှိ ကြောင်း သိရသည်။

''ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ လိုင်စင်ကန်ထရိုက်တာနဲ့ လိုင် စင်အင်ဂျင်နီယာများက မိမိတို့ကြီး ကြပ်ဆောက်လုပ်တဲ့ ဆောက်လုပ် ရေး လုပ်ငန်းခွင်ကိုစနစ်တကျ ကြပ် မတ် ဆောင်ရွက်သွားဖို့လိုအပ်ပါ တယ်။ စည်းကမ်းမလိုက်နာမှုများ ကို စစ်ဆေးတွေ့ရှိပါကသက်ဆိုင် ရာ လိုင်စင်ကန်ထရိုက်တာ၊ လိုင်စင် အင်ဂျင်နီယာတို့ကို လိုင်စင်ပိတ် သိမ်းသည်အထိ စည်းမျဉ်းစည်းကမ်း နဲ့အညီ ထိရောက်စွာအရေးယူသွား မှာဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်း ကိုလည်း သတ်မှတ်ဒဏ်ကြေးများ အပြင် အနည်းဆုံးတစ်လရပ်ဆိုင်း အရေးယူသွားပါမယ်'' ဟု ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ အင်ဂျင်နီယာ(အဆောက်အအုံ) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ယခုအခါ ရန်ကုန်မြို့တွင် ဆောက်လုပ်လျက်ရှိသော ဆောက် လုပ်ရေး လုပ်ငန်းခွင်အချို့သည် လုပ်ငန်းခွင်မှထွက်ရှိသည့် မြေကြီး နှင့် စွန့်ပစ်ပစ္စည်းများ သယ်ယူရာ၌ မော်တော်ယာဉ်များတွင် လိုအပ် သောအဖုံးအကာများ စနစ်တကျ မဆောင်ရွက်ခြင်း၊ သတ်မှတ်ထား သည့်နေရာများတွင် မစွန့်ပစ်ဘဲ စည်းကမ်းမဲ့စွန့်ပစ်ခြင်း၊ မြေသယ် ယာဉ်များ၏ဘီးများအား လုပ်ငန်း ခွင်မှအထွက်တွင် ရေဖြင့်ဆေးကြော ရန် ပျက်ကွက်ခြင်းတို့ကြောင့်အများ ပြည်သူသုံးလမ်းများပေါ်တွင် အမြင် မတင့်တယ်သော ညစ်ပေမှုဖြစ်ပေါ် ၍ စည်းကမ်းမဲ့စွာဖြင့် လုပ်ငန်း များ ဆောင်ရွက်ကြသောကြောင့် ပြည်သူများအနှောင့်အယှက်ဖြစ် ပေါ်နေ ရကြောင်း သိရသည်။

ဆောက်လုပ်ရေးလုပ်ငန်းများ တွင် စည်းကမ်းမဲ့ ဆောင်ရွက်နေမှု များနှင့် ပတ်သက်၍ ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက် အအုံ)ဌာနမှအများသိစေရန် ကြေ ညာချက်ကို အောက်တိုဘာ၁၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရေပေးဝေမှု လုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းကို ဒုတိယ ဦးစားပေးအဖြစ် ရန်ကင်းမြို့နယ်တွင် ဆက်လက် ဆောင်ရွက် သွားမည်

ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရေပေးဝေမှု လုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းကို ဒုတိယ ဦးစားပေးအဖြစ်
ရန်ကင်းမြို့နယ်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး လက်ရှိတွင် ပိုက်ဟောင်းများအစား ပိုက်အသစ်များ အစားထိုး သွယ်တန်းလျက် ရှိကြောင်း သိရသည်။ ရန်ကုန်တိုင်း ဒေသကြီးအတွင်း ရေပေးဝေမှု လုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းကို ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ ပူးပေါင်း၍ ODA ချေးငွေ ရယူကာ ဆောင်ရွက်နေခြင်း ဖြစ်ပြီး ယခုနှစ်ဧပြီလမှ စတင်၍ ပထမဦးစားပေးနေရာ ဖြစ်သည့် ကမ္ဘာအေး ဘုရားလမ်း မြကျွန်းသာ အနီးတွင် အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ ရေပေးဝေမှုလုပ်ငန်းများ အဆင့်မြှင့်တင်ခြင်းကို ရေတို၊ ရေရှည်စီမံကိန်း များဖြင့် ဆောင်ရွက်လျက်ရှိပြီး အဆိုပါ စီမံကိန်းပြီးစီးမည့် ၂ဝ၄ဝ ပြည့်နှစ်တွင် လေလွင့် ရေဆုံးရှုံးမှုများကို ၁ဝ ရာခိုင်နှုန်းအထိ လျှော့ချနိုင်မည်ဖြစ်ကြောင်း ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ သိရသည်။

လက်ရှိ ရန်ကုန်မြို့ရေပေးဝေရာတွင် တစ်နေ့လျှင် ရေဂါလန်၂ဝ၅ သန်း ဖြန့်ဖြူး ပေးနေသော်လည်း လေလွင့်ရေဆုံးရှုံးမှုမှာ ၅ဝ ရာခိုင်နှုန်းခန့်ရှိနေကြောင်း၊ ရေပေးဝေ ရေးလုပ်ငန်းများ အဆင့်မြှင့်တင်ပြီးပါက နှစ်စဉ်တိုးတက်လာမည့် လူဦးရေ အတွက် သောက်သုံးရေ လုံလောက်စွာ ဖြန့်ဖြူးပေး နိုင်မည့်အပြင် လေလွင့်ရေ ဆုံးရှုံးမှုမှာလည်း လျှော့ချနိုင်မည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ဇုန်အလိုက်ရေပေးဝေနိုင်ရေး အစီအစဉ်အပြင် ရေသန့်စင်စက်ရုံများ တည်ဆောက်ရန် လျာထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။



သင်္ကန်းဝတ်ဖြင့် အရက်သောက်သူအား အရေးယူဆောင်ရွက်

မိတ္ထီလာမြို့နယ်တွင် သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက်စားနေသူ တစ်ဦးအား သာသနာ ညှိုးနွမ်းစေမှုဖြင့် ဖမ်းဆီးအရေးယူ စစ်ဆေးလျက်ရှိကြောင်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ယခုလ(၁၈)ရက်နေ့၊ နံနက်ပိုင်း အချိန်တွင် မိတ္ထီလာမြို့နယ်၊ နန်းတော်ကုန်း ရပ်ကွက် ရွှေစောလူး ကျောင်းတိုက်တွင် နေထိုင်သော ဦး......(ခ)........ (၅၂)နှစ်၊ ခြောက်ဝါ၊ သာသနာဝင် အမှတ်မရှိ (ဘ) ဦး........အား သင်္ကန်းဝတ်ဖြင့် အရက်သေစာ သောက်စားမူးယစ် နေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးပါရန် ဒေါ်....... (ခရိုင်သာသနာရေး ဦးစီးမှူး)က တိုင်တန်းသဖြင့် ဆရာတော်........ (နဂါးရုံ ကျောင်းတိုက်၊ မြို့နယ်သာသနာတော် ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့)၊ ဒေါ်.......(ဦးစီးမှူး ခရိုင်သာသနာရေး အဖွဲ့)နှင့် ရဲအုပ် ..... ၊ မိတ္ထီလာနယ်မြေ ရဲစခန်း (၂)အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက် စစ်ဆေးဖမ်းဆီးခဲ့သည်။ အဆိုပါအမှုနှင့် ပတ်သက်၍ နယ်မြေ ရဲစခန်း (အမှတ်-၂)မှ ရဲအရေးပိုင်မှု အမှတ် စဉ် ၃/၂၀၁၅၊ ပြစ်မှုပုဒ်မ ၂၉၅(က) အရ အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက်ရှိသည်။



ရန်ကင်းကလေး ဆေးရုံကြီး၌ ခုတင်-၁၅၀ ဆံ့ ခြောက်ထပ်ဆောင် တိုးချဲ့ ဆောက်လုပ်မည်


ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ရန်ကင်းကလေးဆေးရုံ၌ နိုင်ငံတကာအဆင့်မီ နှလုံးအထူးကုခွဲစိတ်ခန်း ကြီးများပါဝင်သော ခုတင်-၁၅၀ဆံ့ ခြောက်ထပ်ဆောင်ဆေးရုံသစ်ကြီးတစ်ခုအား တိုးချဲ့ ဆောက်လုပ် သွား မည်ဖြစ်ကြောင်း သိရသည်။ ““ကျွန်တော်တို့ ရန်ကင်းကလေးဆေးရုံကြီး ကို နိုင်ငံတော်က ခုတင်-၅၅၀ ဆံ့ဆေးရုံကြီး အဖြစ်ခွင့်ပြုထားရာမှာ လက်ရှိကတော့ ခုတင်-၄၀၀ ဆံ့ အနေနဲ့ပဲ ဖွင့်လှစ် နိုင်ပါသေး တယ်။ ဒါကို အခုလာမယ့် ၂၀၁၆ မတ်လမှာ ခုတင်-၁၅၀ ဆံ့ တိုးချဲ့ခြောက်ထပ် ဆေးရုံသစ်ကြီးတစ်ခု ဖွင့်လှစ်နိုင်အောင် စီစဉ်သွားမှာပါ။

ဒီဆေးရုံသစ် ကြီးပြီးရင်တော့ နိုင်ငံတကာအဆင့်မီ အဆင့်မြင့်နှလုံး ခွဲစိတ်ခန်းကြီးကနေ ကျန်းမာရေး စောင့်ရှောက်မှုတွေရရှိမှာဖြစ်လို့ ကလေးတွေကို ကျန်းမာရေး စောင့်ရှောက်မှု တွေပိုပေးနိုင်မှာဖြစ်ပါတယ်””ဟု ရန်ကင်း ကလေး ဆေးရုံအုပ်ကြီး ဒေါက်တာ သာထွန်းကျော်က ပြောသည်။

ရန်ကင်းကလေးဆေးရုံတွင် မွေးကင်းစ ကလေးငယ်ကုသဆောင်၊ ကလေးနှလုံးရောဂါ ကုသဆောင်နှင့် ခွဲစိတ်ဆောင်တို့တွင် ပြင်ပလူနာ ၂၀၀ဦး၊ ဆေးရုံတက် လူနာ ၅၀ မှ ၇၀ ထိ နေ့စဉ်တက်ရောက်နေပြီး လက်ရှိတွင် ဆေးရုံတက် အတွင်းလူနာ ၂၄၇ ဦးတို့အား ကျန်းမာရေး စောင့်ရှောက်ပေးခြင်းနှင့် ဆေးကုသ ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။

ဆေးရုံတက်ရောက်နေသော ကလေးများ သည် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါနှင့် သွေးလွန်တုပ်ကွေး ရောဂါ အဖြစ်များသည်။ သေဆုံးမှုအနေဖြင့် သွေးထဲပိုးဝင်ကာ သွေးဆိပ်တက်သေဆုံးသူများသည် လမစေ့ မွေးကင်းစ ကလေးငယ်များဖြစ်ကြောင်း သိရသည်။

ထိုဆေးရုံကြီး အနေဖြင့် လာရောက်ဆေး ကုသမှုခံယူသူ ပြင်ပလူနာများအား အခမဲ့ ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သော ဆေးဝါးများဝေငှပေးခြင်း၊ ငွေကြေးမတတ် နိုင်သူများအား ဓာတ်မှန်နှင့် CD Scan ရိုက်ပေးခြင်းတို့အား အခမဲ့ဆောင်ရွက်ပေးလျက်ရှိသည်။ အတွင်း လူနာများကိုလည်း လိုအပ်သော ဆေးဝါး၊ ဓာတ်မှန် CD Scan အခမဲ့ ရိုက်ပေးခြင်းတို့အား ဆောင်ရွက်ပေးကြောင်း သိရသည်။


မောင်မျိုး(ဧရာဝတီ)




တပ် မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ စောင့်ကြည်ဖို့ အီးယူကို ခွင့်ပြု

တပ်မတော်တပ်ရင်းတပ်ဖွဲ့တွေမှာရှိတဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဥရောပသမဂ္ဂ အီးယူရွေးကောက်ပွဲလေ့လာရေးအဖွဲ့ကို ခွင့်ပြုလိုက်ပါတယ်။ မနေ့က နေပြည်တော်မှာ အီးယူရွေးကောက်ပွဲလေ့လာရေးအဖွဲ့နဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ သဘော တူညီမှုရခဲ့တာလို့ ဒီကနေ့ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အီးယူ ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Alexander Graf Lambsdorff က ပြောပါတယ်။


"တပ်မတော်ရဲ့အမျိုးသားလုံခြုံရေးနဲ့ဆိုင်တဲ့နေရာတွေမှအပ တပ်မတော် မဲဆန္ဒနယ်မြေတွေမှာ အီးယူအဖွဲ့ဝင်တွေကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာဖို့ မိမိတို့အဖွဲ့နဲ့ ကာကွယ်ရေးဦးစီးချုပ်တို့တွေ့ဆုံရာမှာ သဘောတူညီမှုရရှိခဲ့တာ ဖြစ်တယ်လို့ အီးယူ ရွေးကောက်ပွဲလေ့လာရေးမှူးချုပ် Mr Lambosdorff က ပြောသွားတာဖြစ်ပါတယ်"

အီးယူအဖွဲ့အနေနဲ့ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်နိုင်ငံရေးပါတီ အနိုင်ရတာက အရေးမကြီးဘဲ စစ်မှန်မှု ဘက်မလိုက်မှုနဲ့ ပွင့်လင်းမြင်သာရှိမရှိဆိုတာတွေကိုသာ အလေးထား စောင့်ကြည့်သွားမယ့်လို့လည်း ပြောပါတယ်။

ဒါ့အပြင် လာမယ့်ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့လုပ်ငန်းစဉ်တွေဟာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတာတွေ့ကို အီးယူအနေနဲ့ တွေ့ရှိခဲ့ရင်တောင် ရွေးကောက်ပွဲ လမ်းကြောင်းအပေါ်ဖိအားပေး တောင်းဆိုသွားမှာမဟုတ်ဘူးလို့လည်းပြောပါတယ်။

လာမယ့်ရွေးကောက်ပွဲမှာ အီးယူအဖွဲ့အနေနဲ့ တိုင်းရင်းသားလူနည်းစုတွေ နေထိုင်တဲ့ မဲဆန္ဒနယ်မြေတွေအပါအ၀င် တိုင်းနဲ့ ပြည်နယ် ၁၄ ခုလုံးမှာ လူအင်အား ၁၅ဝ နဲ့ စောင့်ကြည့်လေ့လာသွားမှာ ဖြစ်သလို ရွေးကောက်ပွဲပြီး နောက်မှာ အစီအရင်ခံစာတစ်စောင်ထုတ်ပြန်သွားမှာလည်း ဖြစ်ပါတယ်။



အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် လုပ်ငန်းအလားအလာပေါ် မူတည်ကာ အတိုးနှုန်း ၁၂ ဒသမ ၅ ရာခို င်နှုန်းဖြင့် ချေးငွေ ကျပ် ၁ ဘီလီယံအထိ ရိုးမဘဏ်မှ ထုတ်ချေးမည်

အသေး စားနှင့် အလတ်စားလုပ်ငန်းများ အတွက် လုပ်ငန်းအလားအလာ ပေါ်မူတည်ကာ အတိုးနှုန်း ၁၂ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေကျပ် တစ် ဘီလီယံအထိ ရိုးမဘဏ်မှ ထုတ် ချေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယခင်က ရိုးမဘဏ်အနေဖြင့် အတိုးနှုန်းကို ၁၃ရာခိုင်နှုန်းဖြင့် ချေးငွေများ ထုတ်ချေးပေးလျက်ရှိ ရာမှအသေးစားနှင့် အလတ်စား လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ရည် ရွယ်ကာ အောက်တိုဘာလကုန်အထိ အတိုးနှုန်းအား သုညဒသမ ၅ ရာခိုင် နှုန်းလျှော့ချကာ ၁၂ ဒသမ ၅ရာခိုင် နှုန်းဖြင့် ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း ရိုးမဘဏ် မှ ဒေသမန်နေဂျာ ဦးပြည်စိုးထွန်းက အောက်တိုဘာ ၁၈ ရက်က ကုန်သည်စက်မှုအသင်းချုပ် တွင်ပြုလုပ်သည့် အသေးစားနှင့် အလတ်စား စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးအတွက် ငွေကြေးဆိုင်ရာဝန် ဆောင်မှုချေးငွေများအကြောင်း ရှင်း လင်းအသိပေးပွဲတွင် ပြောကြားခဲ့သည်။

ဦးပြည်စိုးထွန်းက '' SME လုပ် ငန်းရှင်တွေဟာ မြန်မာပြည်စီးပွား ရေးရဲ့ ၉၀ ရာခိုင်နှုန်းကျော်ရှိတဲ့ အတွက် တိုင်းပြည်ရဲ့စီးပွားရေးတိုး တက်ချင်တယ်ဆိုရင် ဒီလုပ်ငန်းရှင် တွေကို ကူညီပြီးပိုမိုပံ့ပိုးပေးနိုင်မှ သာ တိုင်းပြည်ရဲ့ စီးပွားရေးပိုမိုတိုး တက်မှာဖြစ်ပါတယ်။ ဒါကြောင့်မို့ လို့ ဘဏ်ရဲ့နဂိုအတိုးနှုန်း ၁၃ ရာခိုင် နှုန်းကနေ ၁၂ဒသမ၅ ရာခိုင်နှုန်းကို လျှော့ချပေးတာပါ'' ဟုပြောကြားခဲ့ သည်။

ယင်းချေးငွေရယူလိုသည့် SME လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်း လိုင်စင်၊ အခွန်အထောက်အထားနှင့် လုပ်ငန်း လည်ပတ်မှုအနေအထား တို့အပေါ်မူတည်ကာအပေါင်ပစ္စည်း အနေဖြင့် အခြားဘဏ်များနည်းတူ မရွှေ့မပြောင်းနိုင်သော မြေနှင့်အိမ် များအပြင် ရွှေ၊ ကုန်ပစ္စည်းများနှင့် စုငွေစာအုပ်များအား အပေါင်ပစ္စည်း အနေဖြင့် သတ်မှတ်ကာချေးငွေ များ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

''လုပ်ငန်းကောင်းတယ်ဆိုရင် ပံ့ပိုးပေးခြင်းအားဖြင့် သူ့လုပ်ငန်း ဘယ်လောက်အထိ ကြီးပွားတိုးတက် လာမလဲပေါ့နော်။ ထပ်ပြီးတော့ ကြီးပွားတိုးတက်လာနိုင်မလဲဆိုတဲ့ အချက်အပေါ်မှာလဲ စစ်ဆေးပါ တယ်။ အပေါင်ပစ္စည်းရှိပေမယ့် လုပ်ငန်းမရှိဘူးဆိုရင်တော့ မချေး ပါဘူး''ဟု ၎င်းကဆိုသည်။

ယင်းအပြင် ချေးငွေကာလကို ပုံမှန်အားဖြင့် တစ်နှစ်သက်တမ်းဖြင့် ထုတ်ချေးပေးပြီး သုံးနှစ်သက်တမ်း အထိ ချေးငွေထုတ်ပေးလျက်ရှိ ကြောင်း သိရသည်။

ဆန်စက်လုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးသောင်းဝင်းက ''ပထမစပါးတင်း တစ်သိန်းဝယ်နိုင်တဲ့ လူကတင်းတစ်သိန်းဝယ်ပြီးရင် ဘာ မှ ဆက်လုပ်လို့မရတော့ဘူး။ ဆန် စက်လှည့်မှပဲ ငွေပေါ်တော့မယ်။ ဆန်စက်ဆိုတာကလဲ တစ်နေ့မှာ စပါးတင်းနှစ်ထောင်ပဲ ကြိတ်နိုင် တယ်ဆိုရင် ငွေပြန်ပေါ်ဖို့ဆိုတာ တော်တော်အချိန်ကြာပါတယ်။ လယ် သမားတွေကလဲ ဝယ်လက်မရှိရင် စပါးတွေက ဈေးထိုးကျသွားတတ် တယ်။ အဲဒီအတွက် ဝယ်လက်ရှိ ဖို့ကလဲ အရေးကြီးတယ်။ စပါးတစ် သိန်းကို ဂိုဒေါင်ထဲထည့်လိုက်မယ်။ ဒီစပါးရဲ့ တန်ဖိုးအလိုက်ချေးငွေ ပြန် ထုတ်ပေးမယ်ဆိုရင် နောက်ထပ် စပါးဝယ်နိုင်မှာဖြစ်တဲ့အတွက် နှစ်ကြိမ် သုံးကြိမ်လောက် လှည့်လိုက်မယ် ဆိုရင် တစ်သိန်းဝယ်နိုင်တဲ့သူက သုံးသိန်းလောက် ဝယ်နိုင်လာမှာ ပေါ့။ အဲဒါမှသာ ကိုယ့်စက်အတွက် ကုန်ကြမ်းလုံလောက်မှုရှိမယ်။ ငွေ ကြေးလည်ပတ်မှုလဲ ကောင်းလာမှာပါ။ ဘဏ်ချေးငွေမပါဘဲနဲ့ ဆန်စက် လုပ်ငန်းတွေအနေနဲ့ လည်ပတ်ဖို့ ဆိုတာမလွယ်ပါဘူး။ ဘာကြောင့် လဲဆိုတော့ ကိုယ့်ဆန်စက်ဖြစ်အောင် ကိုယ့်အရင်းအနှီးနဲ့ကိုယ်တည်ဆောက် နိုင်တယ်။ ကိုယ့်ငွေကြေးက ဒီထဲကို ရင်းနှီးမြှုပ်နှံထားရတဲ့အတွက် လှည့် ပတ်ငွေဆိုတာ တော်တော်လေးရှား သွားပါတယ်။ လှည့်ပတ်ငွေဆိုတာ ဘဏ်ရဲ့ထောက်ပံ့ငွေမပါရင် လှည့် ပတ်ဆိုတာမလွယ်ပါဘူး။ စပါးဆို တာလဲ ပေါ်တဲ့အချိန်မှာ စုပြုံပြီး ရောင်းလေ့ ရှိတယ်။ အဲဒီအချိန်မှာ မဝယ်နိုင်ဘူး နောက်မှဝယ်မယ်ဆို ရင် စပါးဈေးကလဲ ထိုက်သင့်သ လောက်တက်သွားမယ်။ နောက် တစ်ခါ လယ်သမားတွေကလဲ ဒီ အချိန်မှာ ငွေအရမ်းလိုတဲ့အတွက် ဝယ်နိုင်ဖို့လူကို မျှော်လင့်ရတယ်'' ဟုဆိုသည်။


၂၀၁၅ ရွေးကောက်ပွဲအတွက် တစ်နိုင်ငံလုံး၌ မဲရုံပေါင်း ၄၁,၀၀၀ ခန့် ထားရှိရန် လျာထား

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၄၁,၀၀၀ ခန့်ထားရှိရန် လျာထားပြီး အတိုးအလျှော့ရှိနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများထံမှ သတင်းရရှိသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲများထံမှ စုံစမ်းသိရမှုအရ ကချင်ပြည်နယ်တွင် မဲရုံ ၈၁၉ ရုံ၊ ကယားပြည်နယ်တွင် မဲရုံ ၂၂၉ ရုံ၊ ကရင်ပြည်နယ်တွင် မဲရုံ ၆၈၅ ရုံ၊ ချင်းပြည်နယ်တွင် မဲရုံ ၁၀၂၉ ရုံ၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် မဲရုံ ၃၇၁၀ ရုံ၊ တနင်္သာရီတိုင်းဒေသကြီးတွင် မဲရုံ ၁၁၈၀ ရုံ၊ ပဲခူးတိုင်းဒေသကြီးတွင် မဲရုံ ၄၀၆၀ရုံ၊ မကွေးတိုင်းဒေသကြီးတွင် မဲရုံ ၄၄၇၅ ရုံ၊ မန္တလေးတိုင်းဒေသကြီးတွင် မဲရုံ ၅၄၀၀ ကျော်၊ နေပြည်တော်တွင် မဲရုံ ၆၁၀ ရုံ၊ မွန်ပြည်နယ်တွင် မဲရုံ ၉၂၀ ရုံ၊ ရခိုင်ပြည်နယ်တွင် မဲရုံ ၂၅၅၀ ရုံ၊ ရန်ကုန်တိုင်းဒေသကြီးတွင် မဲရုံ ၅၇၀၀ ခန့်၊ ရှမ်းပြည်နယ်တွင် မဲရုံ ၃၄၀၀ ကျော် ၊ ဧရာဝတီတိုင်းဒေသကြီးတွင် မဲရုံ ၅၄၄၃ ရုံ အသီးသီးထားရှိရန် လတ်တလော လျာထားကြောင်းနှင့် အတိုးအလျှော့ ရှိနိုင်ကြောင်း သိရသည်။

ယခုစာရင်းများအရ လာမည့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ထားရှိရန် လျာထားသည့် မဲရုံအရေအတွက်မှာ ၄၁,၀၀၀ ခန့် ဖြစ်ပြီး စက်တင်ဘာလအတွင်း ကြေညာမည့် တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်းပမာဏအပေါ် မူတည်၍ လျာထားမဲရုံစာရင်းမှာ အတိုးအလျှော့ရှိနိုင်ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်နယ်တွင် မဲရုံ ၃၄၀၀ ကျော်ထားရှိရန် လျာထားသော်လည်း ယခု စာရင်း၌ မိုင်းလားနှင့် “၀” ဒေသများ မပါရှိသေးကြောင်းနှင့် ယင်းဒေသများ ပါရှိလာပါက မဲရုံ ၃၅၀၀ ကျော်သွားမည်ဖြစ်ကြောင်း သိရသည်။
ရှမ်းပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးပွင့်က “ယခုလျာထားတဲ့ မဲရုံ ၃၄၀၀ ကျော်ထဲမှာ မိုင်းလားနဲ့ “၀” ဒေသတွေ မပါသေးပါဘူး။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အတည်ပြုလို့ အဲဒီဒေသတွေမှာ ရွေးကောက်ပွဲကျင်းပဖြစ်ရင်တော့ မဲရုံအရေအတွက်က ၃၅၀၀ ကျော်သွားမှာပါ”ဟု ပြောကြားသည်။

မတ် ၁၇ ရက်က ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၂၈) ရက် မြောက်နေ့၌ ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏မူနှင့် အခြေခံသဘော အပါအ၀င် ရငွေသုံးငွေများ ဆွေးနွေးခြင်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ရာတွင် ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲရုံပေါင်း ၄၆၀၀၀ ကျော် လျာထားတွက်ချက်မှုကို ဆွေးနွေးပြောကြားခဲ့သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကို၏ ဆွေးနွေးချက်အရ ကျွေးမွေးစရိတ် ခေါင်းစဉ်အောက်တွင် အထွေထွေရွေးကောက်ပွဲအတွက် ကျပ်သန်း (၅၆၂၄ ဒသမ ၈၁၁) လျာထားတောင်းခံထားပါကြောင်း၊ အများဆုံး ကုန်ကျခံရသည့် ကျွေးမွေးစရိတ်မှာ မဲရုံအဖွဲ့ပင်ဖြစ်ပြီး ယင်းအတွက် ခန့်မှန်းတွက်ချက်မှုအရ မဲရုံတစ်ရုံလျှင် မဲရုံမှူးတစ်ဦးအတွက် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် သုံးရက်အတွက် ငွေကျပ် (၁၅၀၀၀)၊ မဲရုံပေါင်း (၄၆၄၈၉) ရုံအတွက် စုစုပေါင်း ငွေကျပ် (၆၉၇ ဒသမ ၃၃၅)သန်း၊ မဲရုံတစ်ရုံလျှင် ဒုမဲရုံမှူးတစ်ဦးအတွက် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် သုံးရက်အတွက် (၁၂၀၀၀)၊ မဲရုံပေါင်း (၄၆၄၈၉) ရုံအတွက် ငွေကျပ် (၅၅၇ ဒသမ ၈၆၈)သန်း၊ မဲရုံတစ်ရုံလျှင် မဲရုံအ ဖွဲ့ဝင်တစ်ဦးအတွက် ငွေကျပ် ၃၀၀၀ နှုန်း ဖြင့် (၈)ဦးအတွက် (၂၄၀၀၀)ဖြစ်၍ သုံးရက်စာအတွက် ငွေကျပ်(၇၂၀၀၀)ဖြစ်ပြီး မဲရုံပေါင်း (၄၆၄၈၉) ရုံအတွက် ငွေကျပ် (၃၃၄၇ ဒသမ ၂၀၈)သန်း၊ မဲရုံအဖွဲ့အတွက် ကျွေးမွေးစရိတ် စုစုပေါင်း ငွေကျပ်မှာ (၄၆၀၂ ဒသမ ၄၁၁) သန်းဖြစ်ကြောင်း သိရသည်။



ကားပါကင်ထောက်ခံချက်ဖြင့် တင်သွင်းသည့် 9I အက္ခရာကားများ နေရာတွင်အမှန်ရပ်နားခြင်း ရှိ၊ မရှိ စစ်ဆေးနေ

ရန်ကုန်တိုင်းဒေသကြီး အတွင်း ကားပါကင်ထောက်ခံ ချက်ဖြင့် တင်သွင်းလာသည့် 9I အက္ခရာနောက်ဆုံးကားများ ကားပါကင်တွင် အမှန်တတယ် ရပ်နားခြင်းရှိ၊ မရှိနှင့် ညအိပ်ခွန် ဆောင်ခြင်းရှိ၊ မရှိ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ မြို့နယ်အချို့တွင် ည ၁၀ နာရီ နောက်ပိုင်း ရှောင်တခင်စစ်ဆေးခြင်းဖြစ်ပြီး ညအိပ်ခွန် ဆောင်ခြင်းရှိ၊ မရှိကိုပါ ပူးတွဲစစ် ဆေးနေခြင်း ဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးအ တွင်း ကားပါကင်နေရာတင်ပြပြီး မှ တင်သွင်းလာသော ကားများ ခွင့်ပြုထားသည့်နေရာတွင် မရပ်နား ပါက ဖော်ထုတ်အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲထံမှ သတင်းရရှိသည်။



‘‘9I အထက်ကားတွေ ကား ထားဖို့ ပါကင်ရှိမှ၊ ကားတွေသတ် မှတ်ထားတဲ့ မူလနေရာမရပ်ဘဲ သူတို့လိုက်စစ်လို့ တွေ့ရင် စာရင်းကောက်တာရှိတယ်’’ဟု စမ်း ချောင်းမြို့နယ် လင်းလွန်းမြောက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦး အောင်လွင်က ပြောသည်။

ည ၁၀ နာရီနောက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်သာယာရေး၊ ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ လိုက်လံစစ်ဆေးခြင်းများရှိကြောင်း ၎င်းက ပြောသည်။

မိမိတို့ရပ်ကွက်တွင်လည်း 9I အထက် မော်တော်ယာဉ်များကိုညပိုင်းအချိန် ရှောင်တခင်စစ်ဆေး ခဲ့ပြီး ကားပါကင်ဥပဒေအရ အ ရေးယူခြင်းများရှိကြောင်း စမ်း ချောင်းမြို့နယ် သံတံတား ရပ် ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်း ခိုင်က ပြောသည်။

မူလနေရာတွင် အမှန်တ ကယ်ရပ်နားထားခြင်းရှိ၊ မရှိ စစ် ဆေးရာ၌ သုံးလအတွင်း အစီးရေတစ်ရာကျော်ကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်း တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ယခုကဲ့သို့ စစ်ဆေးနေခြင်း မှာ မှားယွင်းနေသည့် စီမံခန့်ခွဲမှု ပုံစံသာဖြစ်ပြီး မြို့တွင်းပိုင်းရှိမြို့ နယ်များ၌ ကားရပ်နားရန် လုံ လောက်သည့် ကားပါကင် မရှိ ကြောင်း ယာဉ်ပိုင်ရှင်များက ဆိုသည်။ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ်တွင် မြို့တော်စည်ပင်က တည်ဆောက်ပေးထားသည့် အထပ်မြင့်ကားပါကင်နေရာ နှစ်ခု ရှိပြီး စမ်းချောင်းမြို့နယ်၊ သင်္ဃန်း ကျွန်း၊ သုဝဏ္ဏနှင့် အခြားမြို့နယ် များတွင် ကားပါကင်မရှိသေးပေ။

‘‘ကားပိုင်ရှင် အများစုက တိုက်ခန်းနေသူတွေဖြစ်နေတယ်။ လမ်းတွေက ကျဉ်းတယ်။ ညပိုင်း ကားထားရတာ အခက်အခဲ ရှိ တယ်’’ဟု သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်တွင် နေသူ တစ်ဦးက ပြောသည်။

ညပိုင်းကားထားရသည့် အ ခက်အခဲများမှာ ကားလမ်းကျဉ်း ၍ လမ်းထဲဝင်လာသော ကားနှင့် ရပ်ထားသော ကားပွတ်တိုက်မိ ခြင်း၊ ကားနောက်ကြည့် မှန်ဖြုတ်ခြင်း၊ မီးလုံးခိုးခြင်းများရှိသည်။ ကမာရွတ်မြို့နယ် ပြည်ရိပ်မွန်အိမ်ရာ (၀ဂ္ဂီ) ရပ်ကွက်တွင် လမ်းများအတွင်း ညအချိန်ကားများစနစ်တကျရပ်နားရန်အတွက် ရပ်ကွက်သာယာရေးကော်မတီဖွဲ့၍ လုပ်ဆောင်ရန်ရှိကြောင်း ယင်းအဖွဲ့ဝင် တစ်ဦးက ပြောသည်။ကားပါကင်နေရာပြပြီး တင်သွင်းသည့် ကားများမှာ 9I/1927 မှ အထက်စတင်၍ ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ခွင့်ပြုထားသည့် ပါကင်နေရာများတွင် ညအိပ်ရပ်နားခြင်းမရှိဘဲ တ ခြားနေရာများတွင် ရပ်နားလျှင် ဖမ်းဆီးအရေးယူသွားမည်ဟု ဆို သည်။ အဆိုပါကားပါကင်ထောက် ခံချက်ဖြင့် တင်သွင်းရသော ကား များကို ယခုနှစ် ဇန်န၀ါရီ ၂၆ ရက် မှ စတင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။ ပါကင်ထောက်ခံချက်ဖြင့် တင်သွင်း သောကားများသည် သတ်မှတ်ပါ ကင်နေရာတွင် မရပ်နားပါက စည်ပင်သာယာဥပဒေအရ ငွေကျပ် တစ်သောင်းမှ ငါးသိန်းအထိ ဒဏ် ငွေချမှတ်နိုင်သလို ထောင်ဒဏ် သုံးလမှ ခြောက်လအထိ ချမှတ် နိုင်ကြောင်း သတ်မှတ်ထားသည်။

 မိုးညို၊ ဇေနွေထွန်း



အိမ်ထောင်ရေးဖောက်ပြန်ချင်တဲ့သူတွေ မဖောက်နိုင်အောင်၊ ခံစားခွင့်မဲ့ နေတဲ့မိန်းကလေးတွေ ခံစားခွင့်ရအောင် လုပ်ပေးတဲ့ဥပဒေ

တရားလွှတ်တော်ရှေ့နေ ဦးအေးပိုင်

ဒီဥပဒေ က ကျနော်တို့ ဘာသာအပြင် ကျန်တဲ့ဘာသာတွေရဲ့ ဥပဒေနဲ့လည်း တိုက်ရိုက်ဆန့်ကျင်တာ မဟုတ်ဘဲနဲ့ မြန်မာ အမျိုးသမီး တွေသာမက ဘာသာပေါင်းစုံ က ကိုးကွယ်သူအမျိုးသမီးများကို ခံစားခွင့်ပေးတဲ့ အင်မတန် သင့်လျော် ကောင်း မွန် တဲ့ဥပဒေလို့ မှတ်ချက်ပြုချင်တယ်။ အဓမ္မကျင့်လို့ ထောင် ၃ နှစ်ပဲ ကျမယ်ဆိုတဲ့ ဝေဖန်ချက်တွေက မှားတဲ့ ဝေဖန် ချက်တွေဖြစ်နေတယ် ။ ပုဒ်မ ၃၇၆ ဆိုတာ ထောင်ဒဏ် ၁၀ နှစ်အထိပေးနိုင်တဲ့ ဥပဒေဖြစ်တယ်။ လက်ရှိ ဥပဒေက ပြီးပြည့်စုံလုံလောက်တဲ့ဥပဒေတော့ မဟုတ်နိုင်ဘူးပေါ့။ ဒါပေမယ့် ရာခိုင်နှုန်းအများဆုံးကတော့ အင်မတန် ကောင်းမွန် တဲ့ဥပဒေ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ထောင်ရေးဖောက်ပြန်ချင်တဲ့သူတွေ မဖောက်နိုင်အောင်၊ ခံစားခွင့်မဲ့ နေတဲ့မိန်းကလေးတွေ ခံစားခွင့်ရအောင် လုပ်ပေးတဲ့ဥပဒေဖြစ်တယ်။ တရားမဝင်နေထိုင်တဲ့မိန်းမတွေ အပျော်မယား အဖြစ်နေထိုင်တဲ့မိန်းကလေးတွေအတွက် ဒီဥပဒေက ဆိုလိုတာပါ။

အပျော်မယားက မွေးတဲ့ သားသမီးတွေဟာ မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာအရ အမွေခံစားခွင့်မရှိပါဘူး။ ဒီဥပဒေဟာ ကလေးသူငယ်အခွင့်အရေးနဲ့လည်း မဆိုင်ပါဘူး။ မိန်းကလေးတွေဟာ တရားဝင်မိန်းမ ဖြစ်အောင် ကြိးစားရမှာပါ။ အပျော်မယားအဖြစ်နေမယ့် မိန်းကလေးတွေလည်း နောင်မနေရဲအောင်လို့ ကာကွယ်ပေးထားတဲ့ဥပဒေဖြစ်တယ်။ ဒီဥပဒေကို တခြားဘာသာဝင်မိန်းကလေးတွေလည်း ထောက်ခံမယ်လို့ အပြည့်အဝ ယုံကြည်တယ်။

ဥပဒေကြမ်းတွေရေးဆွဲတုန်းကတည်းက ကျနော်ကိုယ်တိုင် ပါဝင်ခဲ့တာဖြစ်ပြီး ဘာသာကြီး ၄ ခု စလုံးရဲ့ ဥပဒေတွေကို လေ့လာခဲ့တာပါ။ ဥပမာဆိုရင် အစ္စလာမ်ဘာသာဝင်အမျိုးသမီးတွေလည်း ဒီဥပဒေကိုထောက်ခံမှာပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ဘာသာရဲ့ ဥပဒေတွေထဲက မိန်းကလေးတွေရဲ့ ရပိုင်ခွင့် အခွင့် အရေးက မဖြစ်စလောက်ရှားပါးနေတဲ့အတွက် ဒီဥပဒေက ပြည့်စုံလုံလောက်မှုနီးပါးဖြစ်တော့သူတို့ထောက်ခံမှာပါ။ ဒီဥပဒေကို သေချာလေ့လာပေးကြပါ။

ဒီဥပဒေက မည်သည့်ဘာသာရဲ့ ဥပဒေမှ ဆန့်ကျင်ခြင်းမရှိဘဲနဲ့ အထူးသဖြင့် ဘာသာတခုကနေ တခုကို ကူး ပြောင်းရင်ဖြစ်စေ ဘုံစည်းကမ်းဖြစ်တယ်။ ငြိမ်းချမ်းရေးဥပဒေဖြစ်တာကြောင့် တိတိကျကျ လိုက်နာမယ်ဆိုရင် ဘာသာ ပေါင်းစုံ ပဋ္ဋိပက္ခကိုလည်း အတိုင်းအတာတခုထိ ကာကွယ်ပေးနိုင်မယ့်ဥပဒေပါ။ ဘယ်လူ့အခွင့် အရေးကိုမှလည်း မချိုးဖောက်ဘူး။

ဆရာတော် ဦးပါမောက္ခ (မကွေးကျောင်းတိုက်)

တလင် တမယား စနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ပြောမယ်ဆိုရင် ဗုဒ္ဓဘာသာရဲ့ ဓလေ့ထုံးတမ်းတွေနဲ့ အလွန်ပဲ ကိုက်ညီပါတယ်။ယောက်ျားတယောက်ဟာ တရားဝင်မိန်းမလေးယောက်လောက်ယူခွင့် ပြုထား တာမျိုးကလူဦးရေ ပိုပြီးဖောင်းပွမှုတွေဖြစ်လာစေတယ်။အဲဒီလိုလူတွေသာ များပေမယ့် နိုင်ငံအပေါ်သစ္စာ မစောင့်သိဘူး၊ နိုင်ငံရဲ့တာဝန်တွေကိုမထမ်းဆောင်ဘူးဆိုရင် ပိုဆိုးပါတယ်။ ဘုန်းကြီးတို့ကတော့ ဒီဥပဒေကို အပြည့်အ၀ ထောက်ခံ ပါတယ်။

ကုလသမဂ္ဂလူ့အခွင့်အရေး ပဋိဥာဉ်စာတမ်းပါ ၃၂ချက်ထဲက အပိုဒ် ၁၆ မှာ ပြဌာန်းထားတာက အရွယ် ရောက်ပြီး သူတိုင်း သည် မိသားစုတည်ထောင်ခွင့်ရှိတယ်။ လူမျိုးခြား၍သော်လည်ကောင်း၊ ဘာသာ ခြား၍ သော်လည်း ကောင်း၊ နိုင်ငံခြား၍သော်လည်းကောင်း၊ ခွဲခြားဆက်ဆံခြင်းမပြုရဘဲ လွတ်လပ်စွာ မိသားစုတည်ထောင်ခွင့်၊ ကိုးကွယ် ခွင့်ရှိ ရမှာဖြစ်ပါတယ်။

လူ့အခွင့်အရေးဆိုတာကို ဘုန်းကြီးပြောချင်တာက မျိုးစောင့်ဥပဒေတွေထဲက ဘယ်အချက်ကတော့ နိုင်ငံတကာ လူ့အခွင့် အရေးဆိုတာတွေနဲ့ မကိုက်ညီဘူးဆိုတာကို ပြတ်ပြတ်သားသားထောက်ပြ ဆွေးနွေးလို့ရပါတယ်။ ဘုန်းကြီးတို့ ဗုဒ္ဓဘာသာအမျိုးသမီးများဟာ မည်သည့် ဘာသာဝင်နဲ့မဆို အိမ်ထောင်ပြုခွင့်ရှိပြီး ကျန်တဲ့ဘာသာဝင် အမျိုးသမီး များကရော အဲ့ဒီလိုအိမ်ထောင်ပြုခွင့်ရှိရဲ့လားပြန်မေး ချင်ပါတယ်။တလင် တမယာစနစ်ကျင်းသုံးခြင်းသည် လူဦးရေ ထိန်းညှိ ခြင်းအပေါ်မှာလည်း သက်ရောက်မှုရှိပြီး ကမ္ဘာ့နိုင်ငံတွေမှာလည်း လူဦးရေထိန်းချုပ်ထားတာတွေဟာ ရှိပါတယ်။ မျိုးစောင့်ဥပဒေတွေက လူ့အခွင့်အရေတွေ ချိုးဖောက်တာမရှိပါဘူး။ ဒီဥပဒေကို ကျင့်သုံးခြင်းကသာ အသင့်တော်ဆုံးလို့ ယူဆပါတယ်။



ရေးမြို့နယ်တွင် အမျိုးသားတစ်ဦးကို တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်း ဆိုင်ရာ ဥပဒေဖြင့် စတင်အမှုဖွင့်

မွန် ပြည်နယ် ရေးမြို့နယ် အဘော်ကျေး ရွာအုပ်စု မြို့ဟောင်းကျားတန်းမှ အိမ်ထောင်ရှိ အမျိုးသား တစ်ဦး က အမျိုးသမီးနှစ်ဦးအား အတူပေါင်းသင်း ရန် ပြောဆိုသည်ကို ၎င်း၏လက်ရှိ ဇနီးမယားဖြစ်သူက လက်မခံသဖြင့် ရဲစခန်းသို့ တိုင်ကြားခဲ့ရာ မြို့နယ် အတွင်း ပထမဆုံးအကြိမ် တစ်လင် တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင် ရာ ဥပဒေဖြင့် ရေးမြို့ရဲစခန်းက အမှု ဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရ သည်။ အဆိုပါ အမျိုးသားနှင့် အမျိုး သမီး ( )တို့သည် တရားရုံး၌ တရား ဝင်လက် ထပ်စာချုပ်ဖြင့် လက်မှတ်ရေး ထိုးပြီး ယင်းအမျိုးသား ၏ နေအိမ် တွင် တရားဝင်ပေါင်းသင်းနေထိုင်ခဲ့ကြောင်း၊ အောက်တိုဘာ ၄ ရက် တွင် အစင်ကျေး ရွာနေ မ( )ဆို သူတစ်ဦး ကို နေအိမ်သို့ခေါ်လာကာ အမျိုး သမီး နှစ်ဦးအားအတူ ပေါင်း သင်းမည်ဟု ပြောဆိုခဲ့ကြောင်း သိ ရသည်။

ယင်းကဲ့သို့ပြောဆိုမှုကို ၎င်း ၏လက်ရှိဇနီးဖြစ်သူက လက်မခံ ဟု ပြော ကြားခဲ့ကြောင်း၊ နှစ်ဖက် အုပ်ထိန်းသူများနှင့် ကျေးရွာလူ ကြီးများ ညှိနှိုင်းဖြေရှင်းနေချိန်တွင် လည်း အိမ်ထောင်ရှိအမျိုးသားက ၎င်း၏ အမျိုးသမီးနှင့် ၎င်း၏ မိဘ နေအိမ်၌ပင် ပေါင်း သင်းလျက်ရှိနေ သဖြင့် တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာ ဥပဒေကို ချိုး ဖောက် သည်ဟုဆိုကာ အရေးယူ ပေး ရန် အောက်တိုဘာလ ၁၂ ရက် က တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း ရေးမြို့နယ် ရဲစခန်းမှ သိရသည်။

အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခံ ရခြင်းမှာ ရေးမြို့နယ်အတွင်း ပထမ ဆုံးအကြိမ်ဖြစ်ပြီး မ( )၏ တိုင် ကြားချက် အပေါ် ရေးမြို့ ရဲစခန်း က အမျိုးသမီးနှစ်ဦးကို အတူပေါင်း သင်းနေထိုင်လိုသူကို (ပ) ၁၈၄/ ၂၀၁၅ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင် ရာ ဥပဒေပုဒ်မ- ၁၃ အရ အမှုဖွင့်လှစ်၍ စစ်ဆေး လျက်ရှိကြောင်း သိရသည်။




မတ္တရာ၊ စစ်ကိုင်းမြို့လမ်းကြောင်းများနှင့် အခြားလမ်းများကို Mobile Team အဖွဲ့ကစတင်စစ်ဆေး

စီးပွားကူးသန်းဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာနက တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်း ချုပ်ရေးအဖွဲ့ (Mobile Team)သည် ဇူလိုင်လ ၁ ရက်နေ့မှ စတင်၍ မတ္တရာမြို့ လမ်းကြောင်း၊ စစ်ကိုင်းမြို့လမ်းကြောင်းနှင့် အခြားသော ကုန်သွယ်ရေးလမ်းကြောင်း များကို စတင်စစ်ဆေး အရေးယူနေပြီဖြစ်ကြောင်းအဆိုပါဌာနထံမှ သိရသည်။ စစ်ဆေးမှုများဆောင်ရွက်ရာတွင် ကုန်သွယ်ရေးဦးစီးဌာနက ဦးစီးပြီး အကောက်ခွန်ဦးစီးဌာန၊ ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အထောက်ကူပြုအဖွဲ့များ
အပါအ၀င်၊ မန္တလေး ကုန်သွယ်စက်မှုလုပ်ငန်းရှင်များ အသင်း စသည့်အဖွဲ့အစည်းများဖြင့် ပူးပေါင်း
ကာ စစ်ဆေးဖမ်းဆီးမှုများကို လုပ်ဆောင်နေကြောင်း သိရသည်။

"ရှမ်းပြည်နယ် နောင်ချိုလမ်းကြောင်းကို ပိတ်ဆို့ပြီး စစ်ဆေးလိုက်တဲ့အချိန် အခု မတ္တရာလမ်းကြောင်း
ဘက်က အလုံးအရင်းနဲ့ ၀င်လာနေတယ်။ ကျောက်ဆည်လမ်းကြောင်း နဲ့ ပုသိမ်ကြီးလမ်းကြောင်းတွေ
ကိုလည်း ရှောင်တခင် စစ်ဆေးမှုတွေပြုလုပ်သွားမယ်။ အခုလိုလုပ်နေတာ ဘယ်စီးပွားရေးလုပ်ငန်းရှင်
ကိုမှ ထိခိုက်နစ်နာစေလိုတဲ့ သဘောမရှိ ပါဘူး။ စားသုံးဖို့မသင့်တဲ့ အေးခဲအသားတွေ အများအပြား
မန္တလေးကို ၀င်နေတယ်။ လုပ်ငန်းရှင်တွေက ပူးပေါင်းဆောင်ရွက်မှု အားနည်းနေတာကိုတွေ့ရတယ်။
ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် တရားမ၀င်လမ်းကြောင်းဆိုတာ ရှိလာစရာ အကြောင်းမရှိပါဘူး။
အခုလို လုပ်နေတယ်ဆိုတာက ပြည်သူလူထု ကျန်းမာရေးအတွက်ပါပဲ။ တရားဝင်ဖြစ် ဖို့ အတွက်
တစ်ဦးချင်းကုန်သွယ်မှု ကတ်တွေကိုလည်း ထုတ်ပေးထားတာတွေ ရှိနေပါတယ်။ ကျွန်တော်တို့နဲ့
ပူးပေါင်းဆောင်ရွက် ဖို့ပဲ လိုအပ်နေတာပါ" ဟု အထက် မြန်မာ ပြည် တရားမ၀င်ကုန်သွယ်မှု
တားဆီး ထိန်းချုပ်ရေးအဖွဲ့ (ဩဘငူနွှနော) တာဝန်ခံ၊ စီးပွားကူးသန်းဝန်ကြီးဌာန ညွှန်ကြားရေးမှူး
ဦးအေးမင်းထွန်းက ပြောသည်။

တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ် ရေးအဖွဲ့ (Mobile Team)၏ လုပ်ဆောင်ချက်များမှာ
တရားမ၀င်ကုန်သွယ်ရေးကို တရားဝင်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်စေရေးနှင့် အရည်အသွေး
မပြည့်သည့် ကုန် ပစ္စည်း စားသောက်ကုန်များ ၀င်ရောက် ခြင်းက ကာကွယ်ပေးရန်တို့ဖြစ်ကြောင်း
၎င်းကဆိုသည်။ မန္တလေးမြို့ဝင် ကုန်သွယ်ရေးလမ်းကြောင်း များဖြစ်သည့် ရှမ်းပြည်နယ်နောင်ချိုဂိတ်၊ တံတားဦးလေဆိပ်နှင့် ရေလမ်းကြောင်းဂိတ် ဖြစ်သည့်

ဂေါဝိန်ဆိပ်ကမ်းတို့ကို ပိတ်ဆို့ တားဆီးစစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၁၅ ခုနှစ်၊ ဇွန်လ ၂၉ ရက်နေ့ထိအမှုတွဲပေါင်း ၁၁ မှုဖမ်းဆီးစစ်ဆေးရမိခဲ့ပြီး တရားမ၀င်ကုန်သွယ်မှု ကျပ်သိန်းပေါင်း ၂၄၆၃ သိန်းကျော်ထိ ဖမ်းဆီးအရေးယူနိုင် ခဲ့ကြောင်း Mobile Team အဖွဲ့ စာရင်းများအရသိရသည်။

ဖမ်းဆီးရမိမှုများတွင် ရေလမ်းကြောင်းက တရားမ၀င်သစ်ဖမ်းဆီးရမိမှုမှာ အများဆုံးဖြစ်ပြီး
တံတားဦးလေဆိပ် မှ ကျောက်စိမ်းဖမ်းဆီးရမိမှုများပါဝင်သည်။ "ဂေါဝိန်ရေဆိပ်ဆိုပေမဲ့
မြစ်ကြောင်းထိ ကို လိုက်ဖမ်းတယ်။ ကျွဲစွန်းဆိပ်ကမ်း ကနေ ရွှေကြက်ယက်ဆိပ်ကမ်းထိကို
အဖွဲ့ တွေ ထားပြီး စစ်ဆေးတယ်။ စစ်ကိုင်းနဲ့ မကွေးဘက်ကတော့ စစ်ကိုင်းတံတားကိုဖြတ်ပြီး
သစ်အများဆုံးဝင်နေတယ်။ လုပ်ငန်းစတုန်းကတော့ ဆိပ်ကမ်းကလူတွေနဲ့ အဆင်မပြေပေမယ့်
ကျွန်တော်တို့ရဲ့လုပ်ငန်းစဉ်ကို နားလည်သဘောပေါက်သွားတော့ လက်ခံလာနေပါပြီ။ မတ္တရာ
စခန်းဖွင့်ပြီး စတင်စစ်ဆေးတော့မှာဆိုတော့ မူဆယ်ဇုန်ဘက်ကလို ပစ်ခတ်ခံရမှုတွေ အခက်အခဲတွေ
ရှိလာရင်တော့ တရားဥပဒေကြောင်းအရပဲ ဖြေရှင်းသွားမှာပါ။ စစ်ဆေးဖမ်းဆီးမှုတွေအတွက်
လုပ်ငန်းရှင်တွေနဲ့ ညှိနှိုင်းမှုတွေလုပ် မှာတော့ မဟုတ်ပါဘူး" ဟု စီးပွားကူးသန်းဝန်ကြီးဌာန
ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ခိုင်ဦးက ဇွန်လ ၂၉ ရက်နေ့ကပြောသည်။

နောင်ချိုစစ်ဆေးရေးဂိတ်တွင် တရား မ၀င်ကုန်သွယ်မှုများကို ဖမ်းဆီးစစ်ဆေးနေသည့်အတွက်
ရှောင်ကွင်းလမ်းကြောင်းများ ဖြစ်သည့် စဥ့်ကူး ၊ ရတနာ သိင်္ဂတံတား မတ္တရာ လမ်းကြောင်းမှ
မန္တလေး၊ ဗန်းမော်-ကသာ လမ်းကြောင်းမှ ရွှေဘို-စစ်ကိုင်း-မန္တလေး လမ်းကြောင်းများနှင့်
တောင်ကြီး-အောင် မန်း-ရွာငံ-မန္တလေးမြို့များမှ ကုန်စည် စီးဆင်းနေသည့်အတွက် ဩဂုတ်လ
၁ ရက်နေ့ မှ စတင်၍ အဆိုပါလမ်းကြောင်းများကို ရှောင်တခင်ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 စည်သူလွင်



စံနှုန်းနှင့်မညီသော ဆောက်လုပ်ရေး ကုမ္ပဏီများကို အမည်ပျက်စာရင်း သွင်းမည်

သတ်မှတ် စံချိန်စံနှုန်းနှင့်အညီ တည်ဆောက်ခြင်းမရှိသော ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ဆောက်လုပ်ရေး ကုမ္ပဏီများကို အမည်ပျက်စာရင်း (Black list ) သွင်း ဆောင်ရွက်သွားမည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့အတွင်းရေးမှူး ဦးအေးကျော်က ပြောကြားလိုက်သည်။ေ အာက်တိုဘာလ (၁၇)ရက်နေ့က ပုသိမ်ကြီး ဧရာရွှေဝါခန်းမတွင် ဧရာဝတီတိုင်း ဒေသကြီးအတွင်းမှ ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်များကို ခေါ်ယူတွေ့ဆုံ ပြောကြားလိုက်ခြင်း ဖြစ်သည်။ “သတ်မှတ်ထားတဲ့ ဒီဇိုင်းပုံစံ စံချိန်စံနှုန်းနဲ့အညီ သတ်မှတ်ကာလအတွင်း ဆောက်လုပ်ပေးရမှာ ဖြစ်ပါတယ်။ အထူးမှာကြား လိုတာကတော့ ဧရာဝတီတိုင်းအတွင်း ဆောက်လုပ်ရေး ကုမ္ပဏီများ အနေဖြင့် Sub ကန်ထရိုက်ပေးပြီး မဆောင်ရွက်ဖို့လည်း တင်ပြလိုပါတယ်။ ယင်းကဲ့သို့ ဆောင်ရွက်ခြင်း ကြားသိရရင် နာမည်ပျက်စာရင်း Black list စာရင်းသွင်း ဆောင်ရွက်သွားမှာပါ”ဟု ၎င်းကပြောသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း ကန်ထရိုက် ရယူထားသော အချို့ကုမ္ပဏီများမှ တာဝန်ရှိသူများသည် ရပ်ဝေးဒေသများတွင် နေထိုင်ပြီး အဆောက်အဦ ဆောက်လုပ်ရာနေရာများ လက်သမား ခေါင်းဆောင်၊ ပန်းရံခေါင်းဆောင်များဖြင့် စေခိုင်းထားသည်ဟု ဦးအေးကျော်က ထည့်သွင်း ပြောကြားခဲ့သည်။

အဆောက်အဦ ကန်ထရိုက်ယူထားသည့် ကုမ္ပဏီများအနေဖြင့် အဆောက်အဦ၏ ကြံ့ခိုင်မှုကို (၅)နှစ် အာမခံရန်လည်း တက်ရောက်လာသော ကုမ္ပဏီပိုင်ရှင်များကို တိုက်တွန်းခဲ့သည်။

“ကျေးလက်ဒေသ ဦးစီးဌာနမှာတော့ နာမည်ပျက်စာရင်းသွင်းတဲ့ ကုမ္ပဏီရယ်လို့ မရှိဘူး။ ဒါပေမဲ့ ပညာရေးဌာန အဆောက်အဦး ဆောက်တဲ့ ကုမ္ပဏီတစ်ခုတော့ Black list သွင်းလိုက်တယ်ကြားတယ်။ ဒီလိုမျိုး အရေးယူခံရတဲ့ ကုမ္ပဏီတွေကိုတော့ လုံးဝကို တင်ဒါတင်ခွင့် မပြုတော့ပါဘူး”ဟု ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုးသန်းက ပြောသည်။

ယမန်နေ့က ပြုလုပ်ခဲ့သော တိုင်းဒေသကြီးအတွင်းမှ ကုမ္ပဏီပိုင်ရှင်များ တွေ့ဆုံပွဲသို့ ဧရာဝတီတိုင်း ဒေသကြီး ၀န်ကြီး ဦးသိန်းအေးဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း (၆၀၀)ခန့် တက်ရောက်ခဲ့သည်။




မူဆယ် ဆင်ဖြူဂိတ်တွင် Mobile Team က ကျပ်သိန်း ၄ဝဝ ကျော်ဖိုးရှိရွှေတုံးများ သိမ်းဆည်း

တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီ၏ စီမံကြီးကြပ်မှုဖြင့် တရားမဝင်ကုန်သွယ်မှု တားဆီးရေး၊ စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများကို နယ်စပ်စခန်းများ၊ လမ်းကြောင်းများ၊ ဆိပ်ကမ်းများ၊ လေဆိပ်များတွင် ဖြန့်ခွဲဆောင်ရွက်လျက်ရှိရာ ဗဟိုကော်မတီကွပ်ကဲမှုအောက်ရှိ မူဆယ်ထုတ်နုတ်အင်အား Mobile Team အဖွဲ့က ဇူလိုင် ၂၈ရက်က မူဆည်မြို့ ဆင်ဖြူဂိတ် ဝင်/ထွက်ဂိတ်တွင် လူနှစ်ဦးစီးနင်းလာသည့် 4N /--- ဆိုင်ကယ်ကို စစ်ဆေးရာ စီးနင်းလာသူနှစ်ဦးမှာ ဆိုင်ကယ်ထားပြီး ထွက်ပြေးသွားသည်။ အဆိုပါ ဆိုင်ကယ်အား Mobile Team အဖွဲ့စုံဖြင့် ရှာဖွေရာ ရွှေတုံး ၂ဝ (၁၉ ဒသမ ၄၄၂ Kg) တန်ဖိုးကျပ်သိန်း ၈၄ဝဝကျော် စစ်ဆေးတွေ့ရှိသဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ ရွှေတုံးများနှင့် သယ်ဆောင်လာသည့်ဆိုင်ကယ်တို့အား အကောက်ခွန်အမှုတွဲဖွင့်၍ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနသို့ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သိရသည်။


ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ကျေးရွာမြေများအား စီမံချက်ဖြင့် ဂရန်ထုတ် ပေးရန်စီစဉ် 

ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြေပိုင်ဆိုင်မှု အထောက်အထားမရှိသည့် ကျေးရွာမြေများအား စီမံချက်ဖြင့် ဂရန်များထုတ်ပေးရန် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ အစီအစဉ်ဖြင့် လုပ်ဆောင်မည်ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။ အဆိုပါစီမံချက်တွင် ဂရန်ထုတ်ပေးမည့် ကျေးရွာမြေများမှာ ရွာမြေ၊ လယ်မြေများ အဖြစ်သာရှိနေပြီး လွန်ခဲ့သည့် နှစ်ပေါင်း ၄ဝ၊ ၅ဝ ခန့်ကတည်းက နေထိုင်ခဲ့ကြသည့် ရွာမြေများ ဖြစ်ကြောင်း သိရသည်။ ယင်းမြေများ တွင် မြေဂရန် မရှိခြင်းကြောင့် အိမ်ဆောက်ရန် အခက်အခဲများ ရှိနေပြီး ယင်းမြေပေါ်တွင် နေထိုင်သူများ အဆင်ပြေ စေရန် ယခုကဲ့သို့ စီမံချက်ဖြင့် ဂရန်များ ထုတ်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။

ဂရန်များ ထုတ်ပေးရာတွင် နှစ် ၃ဝ၊ နှစ် ၆ဝ ဂရန် စသည့် အချက်အလက်များနှင့် ညှိနှိုင်းနေပြီး ထုတ်ပေးမည့် ကျေးရွာများကို စာရင်းပြုစုလျက် ရှိကြောင်း သိရသည်။

ယင်းကဲ့သို့ ဂရန်မရှိသည့် တချို့လယ်ယာမြေများတွင် ပိုင်ဆိုင်မှု အငြင်းပွားခြင်းများ ရှိနေသဖြင့် ဂရန်ထုတ်ပေးရန် စီစဉ်ရသည့်အပြင် ၂ဝ၁၅-၂ဝ၁၆ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လယ်ယာ မဲ့ ပြည်သူများ အတွက် လယ်ယာမြေ ဖော်ထုတ် ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်သန်း ၅ဝဝကို ယခု ဘဏ္ဍာနှစ် အတွက် ပံ့ပိုး ပေးထားကြောင်း သိရသည်။

လင်းသူ



သုံးလအတွင်းတရားမ၀င်သစ်တန်ချိန် နှစ်သောင်းနီးပါး ဖမ်းမိ

ယခုဘဏ္ဍာနှစ် တွင် ဧပြီမှ ဇွန်လအထိ သုံးလ အတွင်း တရားမ၀င်သစ်တန်ချိန် နှစ်သောင်းခန့် ဖမ်းဆီးရမိခဲ့ပြီး ယခင်လများနှင့်နှိုင်းယှဉ်ပါက တ ရားမ၀င်သစ်ထုတ်လုပ် ဖမ်းဆီးရ မိမှုလျော့နည်းလာကြောင်း သစ် တောရေးရာဝန်ကြီးဌာနမှ သ တင်းရရှိသည်။ သစ်တောရေးရာဝန်ကြီး ဌာနသည် သုံးလအတွင်း တရားမ ၀င်သစ်ထုတ်လုပ်သူများထံမှ ကျွန်းသစ်၊ သစ်မာနှင့် အခြားသစ် များကို ဖမ်းဆီးရမိခဲ့ပြီး သစ်တန် ချိန်စုစုပေါင်း ၁၈,၀၆၄ ဒသမ ၈,၆၈၇ တန် ဖမ်းဆီးခဲ့ကြောင်း သစ်တောဝန်ကြီးဌာနစာရင်းများ အရ သိရသည်။
အဆိုပါ ဖမ်းဆီးရမိမှုတွင် ကျွန်းသစ်လုံး ၅,၉၈၂ ဒသမ ၆,၁၃၉ တန်၊ ကျွန်းသစ်ခွဲသား ၁,၅၈၉ ဒသမ ၃,၁၃၆ ၊ သစ်မာ လုံး ၁,၃၆၀ ဒသမ ၇,၄၂၀ တန်၊ သစ်မာခွဲ ၁,၈၃၁ ဒသမ ၀,၂၈၁ တန်နှင့် အခြားသစ်လုံး ၄,၇၃၈ ဒသမ ၇,၆၀၇ တန်၊ ခွဲသား၂,၅၆၂ ဒသမ ၄,၁၀၄ တန်တို့ကို ဖမ်းဆီး ရမိခဲ့ကြောင်း သတင်းရရှိသည်။

‘‘အရင်လတွေထက်တော့ တရားမ၀င် သစ်ဖမ်းဆီးရမိမှု လျော့နည်းလာတဲ့သဘောတော့ တွေ့ရတယ်။ မိုးတွင်းဆိုတော့ သစ်ထုတ်လုပ်တဲ့သူတွေ လုပ်ငန်း တွေနားထားလို့လည်း ဖြစ်နိုင်ပါ တယ်’’ဟု သစ်စစ်ဆေးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ဖမ်းဆီးမှုတွင် သစ် ထုတ်လုပ်သူ တရားခံစုစုပေါင်း ၁,၃၉၀ဦး၊ ယာဉ် ၄၁၃ စီး၊ ဆိုင် ကယ် ၉၂ စီး၊ ထော်လာဂျီ ၂၄ စီး တို့ကို ဖမ်းဆီးရမိခဲ့ပြီး သစ်စက် ၁၆၆ စက်၊ စက်လှေသမ္ဗန် ၄၇ စီး၊ လွှဝိုင်း ၁၈၆ ခု၊ ချိန်းဆော စက်လွှ ၁၀၈ခုတို့ကိုလည်း ဖမ်း ဆီးရမိခဲ့ကြောင်း သတင်းရရှိ သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် တရားမ၀င်သစ်ခိုးထုတ်လုပ် မှုများကို သစ်တောရေးရာဝန်ကြီး ဌာနက ဖမ်းဆီးခဲ့ရာ သစ်လုံးတန် ၂၉၀,၀၀၀ ကျော်၊ သစ်ခွဲသားတန် ၂၁,၀၀၀ ကျော်တို့ကို ဖမ်းဆီးရမိ ခဲ့ကြောင်း သတင်းရရှိသည်။




ကယားပြည်နယ်ရှိ မြို့ရှစ်မြို့နှင့် ကျေးရွာ ၂၅၄ ရွာကို မဟာဓာတ်အားလိုင်းမှ လျှပ်စစ် ဓာတ်အား ပေးပို့နိုင်ပြီ

နိုင်ငံတော်အစိုးရအနေဖြင့် ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် စက်တပ်ဆင်အင်အား ၃၄၁၃ မဂ္ဂါဝပ်ဖြင့်
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးခဲ့ရာမှ ယနေ့စက်တပ်ဆင် အင်အား ၄၈ဝဝ မဂ္ဂါဝပ်ကျော်အထိ ရှိလာပြီ ဖြစ်သည့်အတွက် ၁၄ဝဝ မဂ္ဂါဝပ်ခန့် ပိုမိုတိုးတက်လာခဲ့ပါကြောင်း၊ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် အိမ်ထောင်စု ပေါင်း ၂ ဒသမ ၂၂ သန်းအတွက်သာ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီး ယခု အိမ်ထောင်စုပေါင်း ၃ ဒသမ ၃သန်းခန့်ကို လျှပ်စစ်ဓာတ်အား ပေးနိုင် ခဲ့ပြီ ဖြစ်ပါကြောင်း၊ ၂ဝ၁ဝ-၂ဝ၁၁ ခုနှစ်တွင် မဟာဓာတ်အားလိုင်းမှ ဖြန့်ဖြူးပေးသည့် ကျေးရွာပေါင်း ၂၂၅ဝသာ ရှိခဲ့ပြီး ယခု ၆၇၂၉ ရွာအထိ တိုးတက်လာပြီ ဖြစ်ပါကြောင်းဖြင့် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး က ပြောကြား သည်။

ကယားပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးရန်အတွက် လွိုင်ကော်ပင်မ ဓာတ်အားခွဲရုံ မှ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးခြင်း အခမ်းအနားကို ယနေ့ညနေပိုင်းတွင် လွိုင်ကော်မြို့ ၁၃၂ ကေဗွီ လွိုင်ကော်ပင်မ ဓာတ်အားခွဲရုံ၌ ကျင်းပစဉ် ပြည်ထောင်စုဝန်ကြီးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာ့သမိုင်းဝင် ရေအားလျှပ်စစ် ဓာတ်အား ပေးစက်ရုံကြီး ဖြစ်သည့် ဘီလူးချောင်း(၂) ကို တည်ဆောက်ပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ ဓာတ်အားပို့လွှတ်ခဲ့သည့် ၁၉၆ဝ ပြည့်နှစ်တွင် ကယားပြည်နယ်အတွင်း လွိုင်ကော် တစ်မြို့တည်းသာ လျှပ်စစ်မီးအနည်းငယ် စတင်သုံးစွဲနိုင်ခဲ့ပါကြောင်း၊ ၂ဝ၁၁ ခုနှစ် မတိုင်မီက ဘီလူးချောင်း(၂) စက်ရုံမှ ၃၃ ကေဗွီဓာတ်အားလိုင်းများဖြင့် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘောလခဲနှင့် ဖားဆောင်းမြို့များကိုဓာတ်အား ထပ်မံဖြန့်ဖြူးပေးနိုင်ခဲ့ပါကြောင်း။

ယခုလွိုင်ကော် ပင်မဓာတ်အားခွဲရုံ ၁၃၂/ ၃၃ /၁၁ ကေဗွီ၊ ၅ဝ အမ်ဗွီအေကို ၂ဝ၁၅ ခုနှစ် ဧပြီလတွင် တည်ဆောက်ပြီးနောက် လွိုင်ကော်ခရိုင်အတွင်း လွိုင်ကော်မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၁၇ဝဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၅၄ ရွာ၊ ဒီးမော့ဆို မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၃၆ဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၄၅ ရွာ၊ ဖရူဆိုမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၁၁ဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာ ၁၁ ရွာ၊ ရှားတောမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၄ဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာနှစ်ရွာတို့ကို မဟာဓာတ်အားလိုင်း စနစ်က ဓာတ်အား ပေးထားနိုင်ပြီ ဖြစ် ပါကြောင်း ပြောကြားသည်။

ဘောလခဲမြို့နယ်ရှိ အိမ်ထောင်စုပေါင်း ၈ဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် နှစ်ရွာ၊ ဖားဆောင်းမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၆ဝဝ ကျော်နှင့် အနီးပတ်ဝန်းကျင် သုံးရွာ၊ မယ်စဲမြို့နယ်တွင် အိမ်ထောင်စုပေါင်း ၂ဝဝ ကျော်၊ ရွာသစ်မြို့နယ်တွင် အိမ်ထောင်စုပေါင်း ၃ဝဝ ကျော်နှင့် အနီး ပတ်ဝန်းကျင်သုံးရွာ တို့ကိုလည်း ဓာတ်အားစနစ်မှ ဓာတ်အားကို ၂၄ နာရီ ဖြန့်ဖြူးပေးထားပြီး ဖြစ်သည်။ ယခုအခါ ကယားပြည်နယ် တစ်ခုလုံးအနေဖြင့် မဟာဓာတ်အားလိုင်း စနစ်မှ လျှပ်စစ်ဓာတ်အားကို မြို့အားလုံးရှစ်မြို့နှင့် ကျေးရွာစုစုပေါင်း ၅၁၁ ရွာအနက် ၂၅၄ ရွာကို ပေးပို့နိုင်ပြီဖြစ်သည်။

လွိုင်ကော် ၁၃၂ ကေဗွီ ပင်မဓာတ်အား ခွဲရုံကို ပစ္စည်းတန်ဖိုး နိုင်ငံခြားငွေ အမေရိ ကန်ဒေါ်လာ ၆ ဒသမ ၄ဝ၆ သန်းနှင့် တည်ဆောက်စရိတ် မြန်မာငွေကျပ် ၇၉၈၉ ဒသမ ၉၇၆ သန်း အကုန်အကျခံ ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လျှပ်စစ်ဓာတ်အား မရရှိသေးသည့် ဒေသမှ ပြည်သူများ လျှပ်စစ်ဓာတ်အား သုံးစွဲနိုင်ရေး အတွက် အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက်ကို ကမ္ဘာ့ဘဏ်နှင့် ပူးပေါင်းပြီး ရေးဆွဲခဲ့ရာတွင် ၂ဝ၁၅ -၂ဝ၁၆ ခုနှစ်နှင့် ၂ဝ၁၉-၂ဝ၂ဝ ပြည့်နှစ်အထိ ငါးနှစ်တာ ကာလအတွင်း အိမ်ထောင်စု ၁ ဒသမ ၅ သန်းခန့်ကို ဓာတ်အားစနစ်မှ တိုးချဲ့ပေးရန်နှင့် အိမ်ထောင်စု ၁၂ဝဝဝဝ ကျော်ကို ဓာတ်အားစနစ်ပြင်ပတွင် သီးခြားအစီအစဉ်ဖြင့် ဓာတ်အားပေးရန် စီမံလျာထားပါကြောင်း၊ ကမ္ဘာ့ဘဏ်၏ စီမံချက် အရဆိုလျှင် ၂ဝ၃ဝ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ကို လျှပ်စစ်ဓာတ်အား ရရှိစေရန် ရည်မှန်းထားပါကြောင်း။
အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေး စီမံချက်အောက်မှ လုပ်ငန်းများအနက် ၂ဝ၁၅-၂ဝ၁၆ ခုနှစ်မှ ၂ဝ၁၉-၂ဝ၂ဝ ပြည့်နှစ်အထိ ငါးနှစ်အတွင်း အိမ်ထောင်စုပေါင်း ၁ ဒသမ ၆ သန်းကို လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၆၇ဝ ခန့်ရင်းနှီး မြှုပ်နှံရန် လိုအပ်ပါကြောင်း။

JICA နှင့် ပူးပေါင်းရေးဆွဲလျက် ရှိသော စီမံချက်အရ ၂ဝ၂ဝ -၂ဝ၂၁ ခုနှစ်တွင် လျှပ်စစ်ဓာတ်အား ၄၅၃၁ မဂ္ဂါဝပ်၊ ၂ဝ၂၅-၂ဝ၂၆ ခုနှစ်တွင် ၈ဝ၂၁ မဂ္ဂါဝပ်၊ ၂ဝ၃ဝ-၂ဝ၃၁ ခုနှစ်တွင် ၁၄၅၄၂ မဂ္ဂါဝပ် သုံးစွဲရန် လိုအပ်မည် ဖြစ်ပါကြောင်း။

ကယားပြည်နယ် အပါအဝင် တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး၏ ပူးပေါင်းပါဝင်မှုဖြင့် လျှပ်စစ်စွမ်းအား ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ပြီး လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲလာနိုင်မည်ဖြစ်၍ ပြည်သူလူထု၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကဏ္ဍ အားလုံးတွင် ဘက်ပေါင်းစုံ ဖွံ့ဖြိုးတိုးတက် အောင်မြင်လာတော့မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦးက ကယားပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အား တိုးမြှင့်ဖြန့်ဖြူးရေး အတွက် လွိုင်ကော်ပင်မ ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ် အား ဖြန့်ဖြူးခြင်းနှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။ ထို့နောက် လွိုင်ကော်ပင်မဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း အခမ်းအနားကို ဘက်စုံပညာ ထူးချွန်လူငယ်၊ ကင်းထောက်လူငယ်နှင့် လူရည်ချွန်လူငယ်တို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်ပင်မ ဓာတ်အားခွဲရုံမှ လျှပ်စစ်ဓာတ် အားဖြန့်ဖြူးခြင်းကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။ ယနေ့အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဖိတ်ကြားထား သူများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။





ကလေးသူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရှိဟုဆို


မြန်မာနိုင်ငံတွင် ကလေး သူငယ်များကို တပ်သားအဖြစ် ခေါ်ယူစုဆောင်း အသုံးပြုနေ သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့ ခုနစ်ဖွဲ့ရှိနေပြီး ၎င်းတို့ ကို ပြစ်ဒဏ်ပေးရန် အရေးကြီး ကြောင်း ကုလသမဂ္ဂအတွင်းရေး မှူးချုပ်၏ ကလေးသူငယ်နှင့်လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စလိုင်လာဇာရူဂူ အီက ပြောကြားသည်။ ကုလသမဂ္ဂအတွင်းရေးမှူး ချုပ်၏ ကလေးသူငယ်နှင့် လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ်သည် မြန်မာနိုင်ငံ သို့ ပထမဆုံးအကြိမ် ရောက်ရှိ လာပြီး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနှင့် ကချင်ပြည်နယ်တို့သို့ ငါးရက်ကြာသွားရောက်ခဲ့သည်။ယင်းခရီးစဉ်အပြီး ဇူလိုင် ၁၆ ရက် တွင် သတင်းစာရှင်းလင်းပွဲပြုလုပ် ကာ သတင်းထောက်များအား အ ထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော်(DKBA)၊ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်ဖွဲ့ (KNLA)၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်ဖွဲ့ငြိမ်း ချမ်းရေးကောင်စီ (KNLA-PC)၊ ကရင်နီတပ်ဖွဲ့ (KA)၊ ရှမ်းပြည် နယ်တပ်ဖွဲ့တောင်ပိုင်း(SSA-S) နှင့် ‘၀’ပြည် သွေးစည်းညီညွတ် ရေးတပ်ဖွဲ့ (UWSA) တို့သည် ကလေးသူငယ်များကို တပ်သား အဖြစ်ခေါ်ယူစုဆောင်းအသုံးပြု နေသည့် တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များဖြစ်ကြောင်း ကုလ သမဂ္ဂအတွင်းရေးမှူးချုပ်၏ အ ထူးကိုယ်စားလှယ်က ပြောကြား သည်။

အဆိုပါတိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ခုနစ်ဖွဲ့သည် အ သက် (၁၈)နှစ်အောက် ကလေး များကို တပ်သားအဖြစ်ခေါ်ယူ အသုံးပြုနေမှုများရှိနေသည်ဟု အထောက်အထားမှတ်တမ်းများ ရှိနေပြီး ကလေးဦးရေ မည်မျှရှိနေ သည်ကိုမူ မပြောနိုင်သေးကြောင်း ကုလသမဂ္ဂအထွေထွေအတွင်း ရေးမှူးချုပ်၏ အထူးကိုယ်စား လှယ်က ပြောသည်။

‘‘ကျွန်မတို့က ဒီလက်နက် ကိုင်အဖွဲ့အစည်းတွေက ကလေး သူငယ်တွေကို ခေါ်ယူစုဆောင်း ထားတဲ့အကြောင်းကတော့ သိ ထားပါတယ်။ ဘယ်နှယောက်ရှိ တယ်ဆိုတဲ့ စာရင်းကိုတော့ကျွန်မ တို့ မသိရပါဘူး။ ဘာဖြစ်လို့လဲဆို တော့ ဒါကသူတို့ပြမှရမယ့် သူတို့ ရဲ့စာရင်းပါ။ သူတို့ကိုယ်တိုင် စာရင်းပြမှပဲ ဒါကတော့ ကလေး စစ်သား၊ ဒါတော့အသက်ပြည့်စစ် သားဆိုပြီး တိတိကျကျထောက်ပြ နိုင်မှာပါ။ အခုကတော့ပြည်သူ လူထုရဲ့ တိကျတဲ့သတင်းပေးချက် တွေကြောင့် ဒီတပ်တွေထဲမှာ ကလေးစစ်သားတွေရှိနေတာ ပါလို့ တထစ်ချပြောနိုင်တာပါ’’ဟုမစ္စလိုင်လာဇာရူဂူအီက ပြောကြား သည်။

ကလေးသူငယ်များ တပ်သားအဖြစ်ခေါ်ယူစုဆောင်းခြင်းကို ကာကွယ်ရန်နည်းလမ်းမှာ တပ်သားအဖြစ် ခေါ်ယူစုဆောင်း နေသည့် အရပ်သားပွဲစားများနှင့် တပ်မတော်သားများကို ပြစ်မှု ကျူးလွန်သူများဟု သတ်မှတ်ပြီး ပြစ်ဒဏ်ပေးရန် မစ္စလိုင်လာဇာရူ ဂူအီက တိုက်တွန်းသည်။

‘‘ကလေးတွေကို ခေါ်ယူစု ဆောင်းနေသူတွေကို ဖမ်းပါ။ က လေးတွေကို မဖမ်းပါနဲ့’’ဟု မစ္စ လိုင်လာဇာရူဂူအီက ပြောသည်။

ကလေးသူငယ်နှင့် လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ်သည် ကလေးသူ ငယ်များကို တပ်သားအဖြစ်ခေါ် ယူစုဆောင်း အသုံးပြုနေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးရန် လာရောက်ခြင်းဖြစ်ပြီး KIA တပ် ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးဖြစ်ကာ KNLA-PC၊ KNPP တို့နှင့်လည်း မြန်မာပြည်ခရီးစဉ်အတွင်း တွေ့ဆုံရန် စီစဉ်နေကြောင်း ပြောသည်။

‘‘ကျွန်တော်တို့ဆီမှာ က လေးစစ်သားရှိနေတယ်လို့ ယူ အင်န်က ပြောဆိုနေတာတွေ၊ စွပ်စွဲပြောဆိုနေတာတွေကြားနေ တာကြာပါပြီ။ ခိုင်မာတဲ့စွပ်စွဲမှု တွေနဲ့ မဟုတ်ပါဘူး။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး ယူနီဆက်ရုံးချုပ်ကို လည်း အီးမေးလ်တွေပို့ပြီး ဖြေရှင်းနေရတာလည်း ခဏခဏပါပဲ။ လာရောက်ပြီး လေ့လာပါ။ ဖိတ် ခေါ်ထားတာလည်း မလာပါဘူး။ အခု အထွေထွေအတွင်းရေးမှူး ချုပ်ရဲ့ ကိုယ်စားလှယ်ရောက်နေ တယ်ကြားလို့ သွားရောက်ဖြေရှင်း ဖို့အတွက် လူနှစ်ယောက်လွှတ် ထားပါတယ်။ ရန်ကုန်မှာတွေ့ဆုံ ကြမှာပါ။ ကျွန်တော်တို့ဆီမှာ အ သက်(၁၈)နှစ်အောက်ကလေး စစ်သားတွေမရှိပါဘူး။ မူအရကို မရှိရပါဘူး’’ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)ဒုဥက္ကဋ္ဌ ခူဦးရယ်က ပြောသည်။

မြန်မာ့တပ်မတော်က တပ် သားအဖြစ် ခေါ်ယူစုဆောင်းထား သော ကလေးသူငယ်များကို ၂၀၁၂ မှစ၍ နုတ်ထွက်ခွင့်ပြုခဲ့ ရာ ကလေးလူငယ်ပေါင်း ၆၄၆ ဦး နုတ်ထွက်သွားခဲ့ကြောင်း ကုလ သမဂ္ဂ အတွင်းရေးမှူးချုပ်၏ သတင်းထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။

ကလေးသူငယ်နှင့် လက် နက်ကိုင်ပဋိပက္ခဆိုင်ရာ အထူး ကိုယ်စားလှယ်ရုံးနှင့် ယူနီဆက် တို့ပူးပေါင်းပြီး ၂၀၁၆တွင်ကလေး သူငယ်များအား တပ်သားအဖြစ် ခေါ်ယူစုဆောင်းခြင်း အဆုံးသတ် စေရေးအတွက် ‘‘ကလေးများတပ် သားမဟုတ်ပါ’’ဟူသည့် ကမ္ဘာ လုံးဆိုင်ရာ လူထုလှုပ်ရှားမှုပြုလုပ် သည့် နိုင်ငံပေါင်း ခုနစ်နိုင်ငံ၌ မြန်မာနိုင်ငံလည်း ပါဝင်ကြောင်း သတင်းရရှိသည်။



ကလေးစစ်သား စုဆောင်းတဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်

အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေကို တပ်သားအဖြစ် စုဆောင်းတဲ့ ကိစ္စကို ဖြေရှင်းတဲ့အနေနဲ့ ကလေးစစ်သား စုဆောင်းတဲ့ အဖွဲ့အစည်းတွေ အားလုံးကို အရေးယူနိုင်ဖို့ ကုလသမဂ္ဂကို ဆက်လက် တင်ပြသွားမယ်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်နှင့် လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Leila Zerrougui က ဒီနေ့(ဇူလိုင်လ ၁၆ ရက်) ယူနီဆက်မြန်မာရုံးမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

“ကလေးစစ်သား စုဆောင်းထားတဲ့ အဖွဲ့အစည်းနဲ့ နိုင်ငံကို ကုလသမဂ္ဂက စာရင်း ပြုစုထားပြီးပြီ။ အစိုးရပဲဖြစ်ဖြစ် လက်နက်ကိုင်ပဲ ဖြစ်ဖြစ် Action Plan အရ လုပ်ဆောင်မှာဖြစ်တယ်။ ကျူးလွန်သူကို အရေးယူဖို့လိုတယ်။ မှားယွင်းပြီး စုဆောင်းတာပဲဖြစ်ဖြစ် နောက်ဆုံး စုဆောင်းသူသာ တာဝန်အရှိဆုံး ဖြစ်တယ်” လို့ သူက ဆိုပါတယ်။

ကလေးစစ်သား စုဆောင်းတဲ့ အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီး သတင်းအချက်အလက် အစုံအလင်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံ တင်ပြပြီး ထိရောက်တဲ့ အရေးယူမှုတွေ ဆောင်ရွက်သွားဖို့ စီစဉ်မယ်လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံကို လာရောက်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတာ ပထမဆုံးအကြိမ်ဖြစ်ပြီး KIA၊ KNPP၊ KIO စတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့ပြီး တခြားအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်ထားတယ်လို့ သူက ဆိုပါတယ်။



ရွေးကောက်ပွဲ နီးလာခြင်းကြောင့် ရန်ကုန်တွင် ညဥ့်အချိန် မော်တော်ယာဉ် စစ်ဆေးခြင်းလုပ်ငန်းများ တင်းတင်းကျပ်ကျပ် လုပ်ဆောင်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်း ညဘက် ယာဉ်စစ်လုပ်ငန်းများ တင်း ကျပ်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။ ရွေးကောက်ပွဲ နီးလာခြင်းနှင့် ညပိုင်း မှုခင်းကျူးလွန်မှုများ များပြား လာခြင်းတို့ကြောင့် ယင်းသို့ ဆောင် ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။ ''မှုခင်းကျူးလွန်မှုတွေ များပြား လာတာရယ်၊ ရွေးကောက်ပွဲ နီးလာ တာရယ်ကြောင့်လဲ ပါတယ်။ ရန်ကုန် တိုင်းဒေသကြီးအတွင်း တင်းတင်းကျပ် ကျပ် စစ်ဆေးသွားမှာပါ''ဟု ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။ စစ်ဆေးရာတွင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ် ၄၅ မြို့ နယ်တွင် တင်းကျပ်စွာ စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

''ရှာဖွေတဲ့နေရာမှာ ညဘက်ပိုင်း ယာဉ်တွေမှာ တုတ်တို့လိုမျိုး၊ ဓားလို မျိုးအပြင် အခြားလက်နက်ပစ္စည်းတွေ ဖမ်းဆီးရမိပါတယ်''ဟု ကမာရွတ်မြို့ နယ်မှူး ရဲမှူးဇော်ဝင်းက ပြောသည်။
လက်ရှိတွင် ညပိုင်း မောင်းနှင် သည့် မော်တော်ယာဉ်များအား စစ် ဆေးရှာဖွေမှုများ ပြုလုပ်လျက်ရှိ ကြောင်းလည်း ထပ်မံသိရသည်။

''အရင်တုန်းကလဲ ညပိုင်းတွေ မှာ ရှာဖွေအရေးယူမှုတွေ ပြုလုပ်ပါ တယ်။ ဒီလကစပြီး တင်းတင်းကျပ် ကျပ် စစ်ဆေးနေပါတယ်။ ဒီလို တုတ်၊ ဓား၊ လက်နက်တွေ ယူဆောင်နေတာ ကတော့ တက္ကစီတွေ အများဆုံးပါ။ ကိုယ်ပိုင်ယာဉ်တွေမှာလဲ တွေ့ရတတ် ပါတယ်''ဟု ထပ်ပြောသည်။

ယင်းကဲ့သို့ ရှာဖွေရာတွင် ခြောက် လက်မအရှည်ရှိသည့် ဓားအရွယ်အ စား တွေ့ရှိပါက အမှုဖွင့်အရေးယူပြီး ကျန် တုတ်၊ သံပိုက်များအား တွေ့ရှိ ပါက သိမ်းဆည်းကြောင်းလည်း ထပ် မံသိရသည်။

ယင်းကဲ့သို့ တုတ်၊ ဓား ပါလာ ခြင်းနှင့်ပတ်သက်၍ တက္ကစီယာဉ် မောင်းများက ''ကျွန်တော်တို့တွေက ညဘက်မောင်းတာဆိုတော့ အန္တရာယ် ရှိပါတယ်။ တက္ကစီယာဉ်မောင်းတွေ ကို လုယက်သူတွေလဲ ရှိပါတယ်။ အဲ ဒါကြောင့် ကာကွယ်ရအောင် ယူတာ ပါ''ဟု ပြောသည်။

ခရီးသည်များအနေနှင့်လည်း ညဘက်ပိုင်း၌ သွားလာပါက ကာ ကွယ်မှုများ ပြုလုပ်ထားသင့်ကြောင်း သိရသည်။
''ညဘက်ပိုင်း တက္ကစီစီးရင် တော် တော် သတိထားရပါတယ်။ မအိပ်သေး တဲ့အသိမိတ်ဆွေ ဒါမှမဟုတ် မိသား စုကို ဖုန်းဆက်ပြီး ဘယ်ရောက်နေပြီ၊ ကားက ဘာအရောင်၊ နံပါတ်က ဘာ ဆိုပြီး ဖုန်းမကြာမကြာ ဆက်ပြီး ပြော ရတယ်''ဟု ခရီးသွားတစ်ဦးဖြစ်သူ ဒေါ်သူဇာဝင်းက ပြောသည်။

၂ဝ၁၅ ခုနှစ် ဇန်နဝါရီလမှ ဇွန် လကုန်အထိ ညဘက်ပိုင်းတွင် လု ယက်မှု ၂ဝ ဝန်းကျင်ရှိကာ၂ဝ၁၄ ခုနှစ်၌ ၄၈ မှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။



မဲစာရင်း မှန်ကန်ရေးအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက်များအား ပြည်သူလူထုသို့ ရှင်းလင်းအသိပေး


၁။ ၂ဝ၁၅ ခုနှစ်၊ အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလဆန်းတွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲသည် မြန်မာနိုင်ငံအတွက် အရေးပါသော ရွေးကောက်ပွဲဖြစ်ပြီး ပြည်တွင်း / ပြည်ပလေ့ လာသူများက စိတ်ဝင်တစား စောင့်ကြည့်လျက် ရှိကြပါသည်။ ယင်းရွေးကောက်ပွဲ များတွင် ဥပဒေနှင့် ညီညွတ်သော မဲဆန္ဒရှင် အားလုံး မဲပေးနိုင်ရေးနှင့် အားလုံးပါဝင် ဆောင်ရွက်ခွင့်ရရှိရေး တို့အတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အလေးထားကြိုးပမ်း ဆောင်ရွက်လျက် ရှိပါသည်။


၂။ မဲစာရင်းဆိုသည်မှာ လွှတ်တော် အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၂(ည)အရ ရွေးကောက်ပွဲ ကိစ္စအလို့ငှာ သတ်မှတ်ထားသော မဲဆန္ဒနယ်များ အတွက် ပြုစုထားသည့် ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူများ၏ စာရင်းကို ဆိုပါသည်။ ယင်းဥပဒေပုဒ်မ ၁၃၊ ၁၄နှင့်အညီ နည်းဥပဒေ ၄၊ ၅၊ ၆ တို့အရ မဲစာရင်းကို မြို့နယ် ကော်မရှင် အဖွဲ့ ခွဲများနှင့် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများက ပြုစုကြခြင်းဖြစ်ပြီး မဲစာရင်းပြုစုရာတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက လည်းကောင်း၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနကလည်းကောင်း ပြုစုထားသည့် လူဦးရေ (မသန်စွမ်း သူများ အပါအဝင်) စာရင်းကို ရယူ အခြေခံပြီး ပြုစုရခြင်းဖြစ်ပါသည်။ ယင်းဥပဒေပုဒ်မ ၁၆နှင့် နည်းဥပဒေ ၈တို့အရ ယင်းသို့ ပြုစုထားသည့် မဲစာရင်းကို ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် ကြေညာပြီး နောက်ပိုင်းတွင် တစ်နိုင်ငံလုံး၌ ရက်သတ်မှတ်၍ တရားဝင် ထုတ်ပြန်ကြေညာရပါမည်။ ထိုသို့ကြေညာ ထားသည့် အချိန်တွင် ၁၄ ရက်အတွင်း မိမိအမည် ပါဝင်ခြင်း ရှိ၊ မရှိ လာရောက်ကြည့်ရှုရန် တာဝန်ရှိပြီး မဲစာရင်း မပါသူများက ပုံစံ(၃)ဖြင့်လည်းကောင်း၊ ကန့်ကွက် လိုသူများက ပုံစံ(၄)ဖြင့် လည်းကောင်း၊ အချက် အလက် ပြင်ဆင်လိုသူများက ပုံစံ(၄-ဂ)ဖြင့် လည်းကောင်း တင်ပြ ဆောင်ရွက်နိုင်ကြောင်း ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၁၇နှင့် နည်းဥပဒေ ၉၊ ၁၁တို့တွင် ပြဋ္ဌာန်း ထားပါသည်။ ပုဒ်မ ၁၈နှင့် နည်းဥပဒေ ၁၂တို့အရ မြို့နယ်သို့လည်း အယူခံဝင်ခွင့် ပေးထားပါသည်။ ယင်းသို့ ဆောင်ရွက်ပြီးမှသာ အတည်ပြုပြီးသည့် မဲစာရင်း ရရှိပါသည်။


၃။ ပြီးခဲ့သည့် ၂ဝ၁ဝ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၊ ၂ဝ၁၂ ခုနှစ်၊ ကြားဖြတ် ရွေးကောက်ပွဲအတွေ့အကြုံများအရ ဖော်ပြပါအတိုင်း မဲစာရင်း ထုတ်ပြန်ကြေညာပြီး နောက်ပိုင်း တွင်မှ မဲစာရင်းတွင် ချွတ်ယွင်း အားနည်းချက်များရှိကြောင်း တွေ့ရပါသည်။ ထိုသို့ဖြစ်ရခြင်းမှာ နောက်ဆုံး အခြေအနေနှင့် ကိုက်ညီမှု မရှိသော စာရင်းဇယား များအား အခြေခံကောက်ယူခြင်း၊ မဲစာရင်းလာရောက် မကြည့်ရှုခြင်း၊ တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက် ခြင်းတို့တွင် ပြည်သူလူထုအတွက် အချိန် မလုံလောက် သောကြောင့် ချွတ်ယွင်းအားနည်း ကိုက်ညီမှုမရှိသော စာရင်းဇယားများအား အခြေခံ ကောက်ယူခြင်း၊ မဲစာရင်း လာရောက်မကြည့် ရှုခြင်း၊ တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်ခြင်း တို့တွင် ပြည်သူ လူထုအတွက် အချိန် မလုံလောက်သောကြောင့် ချို့ယွင်းအားနည်း ခဲ့ရသည်ဟု ကော်မရှင်က သုံးသပ်ရရှိပါသည်။ အဆိုပါ ချို့ယွင်းအားနည်း ချက်သည် ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေနိုင်ပါသည်။


၎။ ထို့ကြောင့် ၂ဝ၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် ပြည့်စုံ မှန်ကန်သော မဲစာရင်းရရှိစေရေးအတွက် ရည်ရွယ်ပြီး ကြိုတင်ဆောင်ရွက်သည့် စီမံချက် တစ်ရပ်ချမှတ် ဆောင်ရွက်ခဲ့ပါသည်။ စီမံချက်အရ ၂ဝ၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် မတူညီသော ဒေသများရှိ မြို့နယ်(၃)မြို့နယ်၌ ရှေ့ပြေးစမ်းသပ်မှု လုပ်ဆောင်ခဲ့ပြီး အတွေ့အကြုံများကို သုံးသပ်ကာ တစ်နိုင်ငံလုံး အနေဖြင့် ၂ဝ၁၄ခုနှစ် နိုဝင်ဘာလမှ ၂ဝ၁၅ ခုနှစ် ဇွန်လအထိ အဆင့်(၄)ဆင့်ဖြင့် မဲစာရင်းပြုစုကြေညာပေးပါသည်။ လုပ်ငန်းစဉ်၏ ရည်ရွယ်ချက်မှာ မဲဆန္ဒရှင် ပြည်သူလူထု၊ နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှု အဖွဲ့အစည်းများ၏ ပူးပေါင်း ကူညီမှုဖြင့် မဲဆန္ဒရှင်များက မဲစာရင်းကို ကြည့်ရှုပြီး မှားယွင်းချက်၊ လိုအပ်ချက်များကို အချိန်မီပြုပြင်ကာ ယာယီမဲစာရင်း အမှန်ဖြစ်ပေါ် လာစေရေးဖြစ်ပါသည်။


၅။ ယခုအခါတွင် တစ်နိုင်ငံလုံး အဆင့် အခြေခံ မဲစာရင်းများကို ထုတ်ပြန် ကြေညာနိုင်ခဲ့ပြီး ပြည်သူလူထုအချို့က မဲစာရင်း လာရောက်ကြည့်ရှုကာ တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများ ဆောင်ရွက်နေ သည်ကို တွေ့မြင် ရပါသည်။
ဥပမာအားဖြင့် နေပြည်တော်(၈)မြို့နယ်တွင် မဲဆန္ဒရှင်ပေါင်း ၆၁၄၈၂၆ ယောက်ရှိသည့်အနက် မှတ်တမ်းများအရ အောက်ပါအတိုင်း သိရပါသည်-
(က) မဲစာရင်းလာရောက် ကြည့်ရှုသူ - ၂ဝ၈၂၉၅ ယောက် (၃၃.၈၇ %)
( ခ) ဖြည့်စွက်ပေးရန်တောင်းဆိုသူ - ၁၃ဝ၁၇ ယောက် (၆.၂ %)
( ဂ) ကန့်ကွက်သူ - ၄၇၂၆ ယောက် (၂.၂ %)
(ဃ) ပြင်ဆင်ပေးရန် တောင်းဆိုသူ - ၁၂၃၇ဝ ယောက် (၅ .၉ %) တို့ဖြစ်ပါသည်။


၆။ အချို့သော မီဒီယာများ၌ အခြေခံ မဲစာရင်းများတွင် ၃ဝ ရာခိုင်နှုန်းမှ ၈ဝ ရာခိုင်နှုန်းခန့်အထိ မှားယွင်းနေကြောင်း တိကျသော ကိန်းဂဏန်း မဖော်ပြဘဲ ဝေဖန် ပြောဆိုမှုများလည်း ရှိနေကြောင်း တွေ့ရပါ သည်။ ကော် မရှင်၏ လေ့လာဆန်းစစ်ချက်အရ အထက်အပိုဒ် ၅ပါအတိုင်း ချို့ယွင်း အားနည်းချက်အချို့ ရှိနေသော်လည်း မဲဆန္ဒရှင် ပြည်သူများနှင့် အဖွဲ့အစည်း အချို့၏ အပြုသဘော ဆောင်သော ပူးပေါင်းဆောင်ရွက် မှုများကြောင့် အချိန်မီ ယာယီ မဲစာရင်းအမှန် ရရှိမည်ဟု ယုံကြည်ပါ သည်။


၇။ မဲစာရင်းတွင် မှားယွင်းမှုရှိသည်ဟု ဆိုရာ၌ ဥပဒေကြောင်းအရ မဲပေးပိုင် ခွင့်ရှိသူများ ကျန်ခဲ့ခြင်းသည် မဲပေးခွင့်ကိုထိခိုက် ဆုံးရှုံးခြင်းဖြစ်ပြီး မပါသင့်သူ များ (ကွယ်လွန်၊ ထောင်ကျ) ပါဝင်နေခြင်းတို့သည် မဲပေးခွင့်ကို အသုံးချ သွားနိုင်ပါသည်။ သာမန်အားဖြင့် အမည်၊ မှတ်ပုံတင်၊ မွေးလ၊ မွေးရက် မှားယွင်းချို့ယွင်း မှုများမှာ မဲပေးပိုင်ခွင့်ကို ထိခိုက်စေမည်မဟုတ်ပါ။ မည်သို့ပင်ဆိုစေ အချိန်မီ ပူးပေါင်းပြင်ဆင်ခြင်းဖြင့် မဲစာရင်းအမှန်ကို ရရှိနိုင်မည်ဖြစ်ပါသည်။


၈။ သို့ဖြစ်ပါ၍ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းစဉ်သည် ရွေးကောက်ပွဲ ဥပဒေများအရ တရားဝင်မဲစာရင်း ထုတ်ပြန်ကြေညာခြင်း မပြုမီ ကြိုတင် ဆောင်ရွက် သည့် လုပ်ငန်းစဉ်ဖြစ်ပြီး တရားဝင် မဲစာရင်း ထုတ်ပြန်ချိန်တွင်လည်း မဲစာရင်းကြည့်ရှုခွင့်၊ တောင်းဆိုခွင့်၊ ပြင်ဆင်ခွင့်၊ ကန့်ကွက်ခွင့်များ ရရှိဦးမည် ဖြစ်ပါသည်။ ယခု ကြေညာ ထားသည့် အခြေခံမဲစာရင်း အပေါ်၌လည်း တောင်းဆို၊ ပြင်ဆင်၊ ကန့်ကွက်မှု များ ပြုလို ပါက သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲများ ထံသို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။ မဲဆန္ဒရှင် ပြည်သူများက ပူးပေါင်း ဆောင်ရွက်ကြပါရန်နှင့် အပြုသဘော ဆောင်သော ပူးပေါင်း ဆောင်ရွက်မှု များအား ကြိုဆိုပါကြောင်း အသိပေး ကြေညာ အပ်ပါသည်။



ရန်ကုန်နှင့် မန္တလေး လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းများ ကိုယ်ပိုင် ရပ်တည်တော့မည်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအောက်ရှိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းနှင့် မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းများကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေစာရင်း ပြင်ပက ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေး အဖွဲ့အစည်းများအဖြစ် ကိုယ်ပိုင် ရပ်တည်ရန် အတွက် ပြည်ထောင်စု လွှတ်တော်က ဇူလိုင်လ ၇ ရက်နေ့တွင် အတည်ပြုခဲ့သည်။ နိုင်ငံတော်သမ္မတထံက ပေးပို့ထားသော အဆိုပါအကြောင်းအရာနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်ကိုးဦးတို့က ထောက်ခံ ဆွေးနွေးပြောကြားခဲ့ပြီးနောက် အတည်ပြု ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အဆိုပါကော်ပိုရေးရှင်း နှစ်ခုသည် ယခုလမှစတင်ပြီး သီးခြားရပ်တည် ဆောင်ရွက်တော့မည် ဖြစ်သည်။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် ရာနှုန်းပြည့် နိုင်ငံတော်ပိုင်ရင်းနှီးမြှုပ်နှံမှု
ဖြစ်သော်လည်း နောင်တွင်မူ အများပိုင်ကော်ပိုရေးရှင်း တစ်ခုအဖြစ် အသွင်ပြောင်းသွားရန်
ရှိကြောင်း ၀န်ကြီးဌာနက တာဝန်ရှိသူများနှင့် ဆွေးနွေးပြီးနောက် ပြည်သူ့ငွေစာရင်း
ပူးပေါင်းကော်မတီအတွင်းရေးမှူး ဦးမောင်တိုး ကပြောသည်။

လက်ရှိတွင် မဂ္ဂါဝပ် ၁,၀၀၀ ခန့် ဖြန့်ဖြူးလျက်ရှိသော်လည်း ဓာတ်အားလေလွင့်ဆုံးရှုံးမှု
၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ရှိနေသော ရန်ကုန်ဓာတ်အားပေးရေးစနစ်ကို
ဓာတ်အားပျောက်ဆုံးမှုများ လျှော့ချရန်၊ အရည်အသွေးပြည့်မီသော ဓာတ်အားဖြန့်ဖြူးနိုင်ရန်တို့
အတွက် အရင်းအနှီးများလိုအပ်လျက်ရှိရာ ထိုကဲ့သို့ ကိုယ်ပိုင်ရပ်တည်သော အဖွဲ့အစည်းအဖြစ်
အသွင်းပြောင်းပါက ပိုမိုကောင်းမွန်ကြောင်းလည်း ၎င်းကပြောကြားသည်။

ရန်ကုန်ဓာတ်အားပေးရေးအဖွဲ့သည် ပြီးခဲ့သည့်သုံးနှစ်အတွင်း ကျပ် ဘီလျံ ၁၁၀ ခန့် စုဆောင်းနိုင်ခဲ့
သကဲ့သို့ ၂၀၁၅ ခုနှစ်၊ ဧပြီတွင်လည်း အမြတ်ငွေ ၃ ဒသမ ၈၈၁ ဘီလျံရှိခဲ့သည်။

ပြီးခဲ့သည့် မေလတွင်မူ အမြတ်ငွေမှာ ၂ ဒသမ ၂၄၈ ဘီလျံ ရှိခဲ့ကြောင်း ဦးမောင်တိုးက ကော်မတီ
ကိုယ်စားတင်ပြခဲ့သည်။

မန္တလေး ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် ပတ်သက်သော အချက်အလက်များကိုမူ
အသစ်ဖွဲ့စည်းထားခြင်း ဖြစ်သောကြောင့် တင်ပြခဲ့ခြင်းမရှိသေးပေ။

ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးကို
လွှမ်းခြုံမည်ဖြစ်သကဲ့သို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်အင်ဂျင်နီယာရုံးကို အသွင်ပြောင်းမည့်
မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းသည်လည်း နေပြည်တော်ကောင်စီနယ်မြေက
လွဲပြီး တိုင်းဒေသကြီးတစ်ခုလုံးကို လွှမ်းခြုံမည်ဖြစ်သည်။

ယခင်ကရှိခဲ့သော ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့သည် ၂၀၀၆ ခုနှစ်မှ
၂၀၁၀ ပြည့်နှစ်အထိ နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေပြင်ပက ဆောင်ရွက်ခဲ့သော်လည်း
၂၀၁၁ ခုနှစ်တွင် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေဖြင့် ပြန်လည်ဆောင်ရွက်ခဲ့ကြောင်း
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။

ကော်ပိုရေးရှင်းတွင် ၀န်ထမ်းလစာနှင့် စရိတ်များကို နိုင်ငံတော်ဝန်ထမ်းများအတိုင်း
ခံစားရမည်ဖြစ်ပြီး အကျိုးအမြတ်ပေါ်မူတည်ကာ ချီးမြှင့်ငွေများ ခံစားခွင့်ရမည်ဖြစ်ကြောင်း
၎င်းက ပြောကြားခဲ့သည်။

ထို့ပြင် ၀င်ငွေခွန် ၂၅ ရာခိုင်နှုန်းနှင့် နိုင်ငံတော်သို့ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းကိုလည်း
ထည့်ဝင်သွားမည်ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် ကလည်း နိုင်ငံတော်ပိုင် စီးပွားရေး
လုပ်ငန်းများကို စီးပွားရေး ဆန်ဆန်ပြောင်းလဲ ဆောင်ရွက်ရာတွင် ယခုလုပ်ငန်း နှစ်ခုကို
ကနဦးဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ရငွေ သုံးငွေမျှတကာ ပြည်ထောင်စု ဘတ်ဂျက်လိုငွေကိုလည်း
လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 ထူးသန့်


အင်း တော်မြို့နယ် စက်တောတွင် ၂၄ နာရီ မီးလင်းတော့မည်

စစ်ကိုင်းတိုင်းဒေသကြီး အင်း တော်မြို့နယ် စက်တောတွင် ၂၄ နာရီ မီးလင်းတော့မည်ဖြစ်ကြောင်း သိရ သည်။ စက်တောရွာရပ်မိရပ်ဖ ဦးခင် မောင်က''ကျွန်တော်တို့ရွာမှာ မီးလင်း ဖို့ တစ်ရွာလုံး တက်ညီလက်ညီနဲ့ အခုလို ကြိုးစားနေကြတာက အင်မတန်မှ ဂုဏ်ယူစရာပါ၊ ဒီနှစ် အတွင်းမှာ မီးလင်းအောင် စီစဉ် ဆောင်ရွက်နေကြတာ ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။ စက်တောကျေးရွာသည် အင်း တော်မြို့နှင့် ၁ဝ မိုင်အကွာအဝေးရှိပြီး ရွှေဘို-မြစ်ကြီးနားသွားသည့် ကား လမ်းဘေး၌တည်ရှိကာ အိမ်ခြေ ၁ဝဝ ကျော်ရှိသော ကျေးရွာဖြစ်သည်။ အဆိုပါကျေးရွာသည် ယခင်နှစ် ကာလများက မီးလင်းခြင်းမရှိခဲ့သော်လည်း ယခု ဇူလိုင် ၁၃ ရက်က စတင်ကာ စက်တော ကျေးရွာသူ ကျေးရွာသားများ စုပေါင်း၍ မီးလင်း ရေးအတွက် အားသွန်ခွန်စိုက် လုပ်ဆောင်နေ ကြပြီဖြစ်ကြောင်း သိရသည်။

 သန်းမောင်လေး



အထွေထွေရွေးကောက်ပွဲကာလအတွင်း ခန့်အပ်မည့်အထူးရဲများ ရွေးကောက်ပွဲပြီးပါက အမြဲတမ်းရဲတပ်ဖွဲ့ဝင်အဖြစ် ဆက်လက်လုပ်ကိုင်နိုင်

အထွေထွေ ရွေးကောက်ပွဲ ကာလအတွင်း ခန့်အပ်မည့် အထူးရဲ များသည် ရွေးကောက်ပွဲပြီးပါက အ မြဲတမ်း ရဲတပ်ဖွဲ့ဝင်အဖြစ် ဆက်လက် လုပ်ကိုင်နိုင်ကြောင်း ရန်ကုန်တိုင်းဒေ သကြီးရဲတပ်ဖွဲ့မှ သိရသည်။
''မလုပ်မနေရ မဟုတ်ပါဘူး။ ဆန္ဒ ရှိတဲ့သူတွေအနေနဲ့တော့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှာ အမြဲတမ်းရဲတပ်ဖွဲ့ဝင် အ နေနဲ့ ဆက်လက်လုပ်ကိုင်နိုင်ပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုရဲမှူးပြည့်စုံက ပြောသည်။
လက်ရှိ၌ နိုဝင်ဘာလအတွင်း ကျင်းပမည့် အထွေထွေရွေးကောက် ပွဲအတွက် တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် အထူးရဲ လေးသောင်း ခန့် အပ်ထားရှိရန် လျာထားကြောင်း သိ ရသည်။

ယင်း အထူးရဲတပ်ဖွဲ့ဝင်များမှာ ရွေးကောက်ပွဲ လုံခြုံရေးအတွက် ဖြစ် သည့်အတွက် စက်တင်ဘာ၊ အောက် တိုဘာနှင့် နိုဝင်ဘာတို့တွင် ခန့်အပ် ထားရှိမည်ဖြစ်ကြောင်း သိရသည်။

''ရဲအက်ဥပဒေ ၂၇ ကနေ ၃ဝ အထိ လိုအပ်ချက်အရ ရဲအင်အား မလုံလောက်ရင် အထူးရဲခန့်အပ်ခွင့် ရှိပါတယ်။ ခန့်အပ်ရင်လဲ ဒီအတိုင်း မခန့်အပ်ပါဘူး။ သေသေချာချာစိစစ် ရွေးချယ်သင်တန်းပေးပြီးသွားမှ ခန့် အပ်မှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲမှူးတစ်ဦးက ပြောသည်။

အထူးရဲများ၏ ခံစားခွင့်အနေ ဖြင့် အခြေခံလစာ တစ်သိန်းနှစ်သောင်း၊ တစ်နေ့လျှင် ရိက္ခာကြေး တစ်ထောင် နှင့် ရဲဝတ်စုံ(အင်္ကျီမီးခိုးရောင်၊ ဘောင်း ဘီနက်ပြာ)ရောင် ရရှိမည်ဖြစ်ကြောင်း သိရသည်။

စိတ်ပါဝင်စားသူများ အနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများတွင် သွား ရောက် လျှောက်ထားနိုင်ကြောင်း သိ ရသည်။



ရွေးကောက်ပွဲ ကြေညာချက် မိုဘိုင်းလ်ဖုန်း SMS နဲ့ မဲဆန္ဒရှင်တွေကို အသိပေးမယ်



ယခုနှစ်အတွင်းမှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အသိပညာပေးဖို့ အတွက် ရွေးကောက်ပွဲ ကျင်းပမယ့် နေရက်အပါအဝင် ပြည်သူတွေ မဲပေးရမယ့် လုပ်ငန်းစဉ်တွေကို မိုဘိုင်းလ်ဖုန်း သုံးစွဲသူတွေထံ SMS ပေးပို့ပြီး အသိပေးမှာဖြစ်တယ်လို့ ရွေးကောက်ပွဲအတွက် ပြည်သူလူထု အသိပညာပေးရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ညွှန်ကြားရေးမှူး ဦးသောင်းလှိုင်က ပြောပါတယ်။

“ရွေးကောက်ပွဲ ကျင်းပဖို့ ဘယ်နှရက်ပဲ လိုပါတော့သည် ဆိုတာတို့ကို သတိပေးစာ၊ နှိုးဆော်စာတွေနဲ့ မိုဘိုင်းဖုန်း တွေကနေ တစ်ဆင့် ပြည်သူတွေဆီကို ပေးပို့သွားဖို့ အစီအစဉ်ရှိပါတယ်” လို့ သူက ဆိုပါတယ်။
သြဂုတ်လအတွင်းမှာ ဒုတိယအကြိမ်ထုတ်ပြန်မယ့် တစ်နိုင်ငံလုံး မဲဆန္ဒရှင်စာရင်း အမှန်ရရှိဖို့အတွက် အခြေခံ မဲဆန္ဒရှင်စာရင်းတွေ ထုတ်ပြန်ကြေညာတာကို ဦးစားပေးနေရတာကြောင့် SMS စတင်ပေးပို့မယ့်အချိန် ကို မသိရှိသေးပါဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရပါတယ်။

ဒါပေမဲ့ အဲ့ဒီရွေးကောက်ပွဲ ပညာပေးရေးအတွက် SMS ပေးပို့မယ့် ကိစ္စရပ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ညှိနှိုင်းမှု မရှိသေးဘူးလို့ ပြည်တွင်းပြည်ပ ဆက်သွယ်ရေး ကုမ္ပဏီတွေထံမှ သိရပါတယ်။



အတွင်းဝန်ရုံးကို အာဇာနည်နေ့တွင် အများပြည်သူ လေ့လာနိုင်ရန်ဖွင့်မည်

ဗိုလ်ချုပ်အောင်ဆန်းနှင့် အာ ဇာနည်ခေါင်းဆောင်များ လုပ်ကြံခြင်း ခံရသော အတွင်းဝန်ရုံးကို အာဇာနည် နေ့၌ ပြည်သူများလေ့လာနိုင်ရန် ဖွင့် လှစ်ပေးသွားရန် စီစဉ်ထားပြီးဖြစ်သည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအ ဖွဲ့မှ ဝန်ကြီးတစ်ဦး၏ပြောကြားချက် အရ သိရသည်။ ''အတွင်းဝန်ရုံးကို အာဇာနည်နေ့ မှာ အများပြည်သူ လေ့လာနိုင်အောင် လုပ်ကိုင်ခွင့်ရထားတဲ့ ကုမ္ပဏီနဲ့ ညှိနှိုင်း ထားတယ်။ ထိုနည်းတူ အာဇာနည် ကုန်းကိုလဲ ဖွင့်လှစ်ပေးမှာပါ''ဟု ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန် ကြီးတစ်ဦးက ပြောသည်။

အလားတူ အတွင်းဝန်ရုံးကို တပ်မတော် အစိုးရလက်ထက်တွင် အများပြည်သူ လေ့လာနိုင်ခြင်းကို ခွင့် မပြုခဲ့ပါ။ ဒီမိုကရေစီ အစိုးရလက်ထက် ၌ အတွင်းဝန်ရုံးကို ပြတိုက်အဖြစ် ပြန် လည် ပြုပြင်မွမ်းမံရန် အနောမာကုမ္ပ ဏီမှ လုပ်ပိုင်ခွင့်ရရှိခဲ့သည်။
အဆိုပါကုမ္ပဏီသည် အတွင်းဝန်ရုံးအတွင်း ပါတီပွဲ ကျင်းပခဲ့သည်ဆိုသော သတင်းများလည်း တွက်ပေါ်ခဲ့သည်။
၂ဝ၁၄ ခုနှစ်တွင် လက်ရှိလုပ်ကိုင်ခွင့်ရသော ကုမ္ပဏီမှ တာဝန်ရှိသူများ သည် အာဇာနည်နေ့၌ ကျဆုံးခဲ့ပြီးသော အာဇာနည်ခေါင်းဆောင်များအား ရည်စူးပြီး အတွင်းဝန်ရုံး၌ သံဃာတော်များကို ဆွမ်းကပ်ခြင်းများ ပြုလုပ်ခဲ့ပြီး ပြည်သူများကို လေ့လာခွင့်ပြုခဲ့သည်။ ပြည်သူများကလည်း ဇူလိုင် ၁၉ ရက် နံနက် ၁ဝနာရီ ၃၇မိနစ်တွင် ကားဟွန်းတီးခြင်း၊ ကဗျာရွတ်ခြင်းများ ပြုလုပ်ခဲ့သည်။

 ကျော်စိုးဦး



အော်တို ဖုန်းလိုင်း တပ်ဆင်ခများ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ထက်ဝက် လျှော့ချ

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ အော်တို ဖုန်းလိုင်း (ကြိုးဖုန်း) တပ်ဆင်ခများကို ယနေ့ မှ စ၍ ထက်ဝက် လျှော့ချ ပေးသွားမည့်အပြင် နောင်နှစ် အနည်းငယ်အတွင်း လိုင်းဖုန်းများ၏ လက်ရှိ စွမ်းဆောင်ရည်ကို နှစ်ဆ မြှင့်တင်မည်ဟု မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း (MPT) မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ လိုင်းဖုန်းများကို အိမ်သုံးသာမက စီးပွားရေး လုပ်ငန်းများ အတွက်ပါ ပိုမို ကျယ်ပြန့် သက်သာစွာ သုံးစွဲစေနိုင်ရန် PSTN (အော်တိုလိုင်းဖုန်း) တပ်ဆင်ခများကို ယခင် ကျပ် ၆ သိန်းခွဲမှ ယခု ၃၂၅,၀၀၀ ကျပ်သို့ ယနေ့မှစ၍ ထက်ဝက် လျှော့ချ ပေးသွားမည်ဟု (MPT) မှ တရားဝင် သတင်း ထုတ်ပြန်ခဲ့သည်။ စီးပွားရေး လုပ်ငန်းများတွင် လိုင်းခွဲ ဖုန်းများသုံးစွဲရန်နှင့် ADSL အင်တာနက်ကို သုံးစွဲရန် လိုင်းဖုန်းများကို ပိုမိုလိုအပ်ပါကြောင်း၊ လိုင်းဖုန်း တပ်ဆင်ခများကို ယခုကဲ့သို့ လျှော့ချ ပေးခြင်းအားဖြင့် အိမ်သုံး အတွက်သာမက ၊ စီးပွားရေး လုပ်ငန်းများပါ လိုင်းဖုန်း တပ်ဆင်မှုများ ပိုမို များပြားလာမည်ဟု ယုံကြည် စိတ်ချမှုရှိသည့် အပြင် သုံးစွဲသူများကို ဝန်ဆောင်မှု ပေးရန်လည်း အဆင်သင့် ရှိနေကြောင်း (MPT) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



အကျဉ်းကျနေသည့် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ အဝေးသင်တက္ကသိုလ် တက်ရောက်ခွင့်ရတော့မည်

ပညာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်အရ လာမည့် ပညာသင်နှစ်မှစတင်ကာ အကျဉ်းကျတက္ကသိုလ်ဝင်တန်း အောင်မြင်သူများကို အဝေးသင်တက္ကသိုလ် တက်ရောက်ခွင့်ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တက္ကသိုလ်ဝင်တန်းတွင် အကျဉ်းထောင်များမှ ဖြေဆိုအောင်မြင် ခဲ့သောသူများသည် အ ဝေးသင်တက္ကသိုလ် တက်ရောက်ခွင့် ကို လျှောက်ထားမည်ဆိုပါကလက် ခံပေးသွားမည်ဖြစ်ပြီး တက်ရောက် မည့်သူများကို အဝေးသင်တက္ကသိုလ် မှ ဆရာ၊ ဆရာမများက အကျဉ်းထောင် တွင် တက်ရောက်ရမည့်ပုံစံများကို သွားရောက်ရှင်းလင်းပေးမည်ဖြစ်သကဲ့သို့ စာမေးပွဲဖြေဆိုချိန်တွင် သွားရောက်စစ်ဆေးခြင်းများ၊ ကျောင်းတက်ရမည့် အချိန်တွင် စာသင်ကြား ပေးခြင်းများကို ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်အဝေး သင်တက္ကသိုလ်မှသိရသည်။

''ပညာရေးဝန်ကြီးလမ်းညွှန် ချက်အရ ဒီကိစ္စကို အကောင်အထည် ဖော် တာဖြစ်ပါတယ်။ အကျဉ်းကျ နေတဲ့ ဆယ်တန်းအောင်တဲ့ကျောင်း သားတွေကို အဆင့်မြင့်ပညာရပ်တွေ ကိုသင်ကြားပေးပြီး နိုင်ငံအတွက်အ ကျိုးပြုနိုင်မယ့် သူတွေဖြစ်လာအောင် ဆောင်ရွက်ပေးဖို့ဖြစ်ပါတယ်။ နိုင်ငံတကာအဝေး သင်တက္ကသိုလ်တွေမှာလည်း ဒီလိုဆောင်ရွက်နေကြပါတယ်။ အကျဉ်း ကျနေပေမယ့် သူတို့ရဲ့အခွင့်အရေးတွေကို ဆုံးရှုံးခြင်းမရှိ အောင် ဆောင် ရွက်ပေးခြင်းဖြစ်ပါ တယ်''ဟု ရန်ကုန်အဝေးသင်တက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာလှတင့် က ဒီမိုကရေစီတူဒေးသတင်းစာသို့ ပြောသည်။

လက်ရှိတွင် အဝေးသင်တက္က သိုလ်များသည် မသန်စွမ်းသူများ တက္က သိုလ်ဝင်တန်းအောင်မြင်ပြီး အဝေးသင်တက္ကသိုလ်များတက်ရောက်ပြီး ပညာသင်ကြားနိုင်စေရန် ကိုလဲဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ဘွဲ့ရရှိသူများလဲရှိခဲ့ကြောင်း၊ ယခုကဲ့ သို့ အကျဉ်းကျနေသူများကိုပါ သင် ကြားမည်ဆိုပါက နိုင်ငံတကာအဝေး သင် တက္ကသိုလ်များ၏ သင်ကြားပုံ သင်ကြားနည်းများအတိုင်းတူညီသ လောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
''သူတို့လျှောက်ထားရင် ကျောင်း တွေရဲ့ လက်ခံနိုင်မှုအတိုင်း လက်ခံပေး သွားပါမယ်။ စာသင်ချိန်တွေဆို ရင်သူတို့ရှိတဲ့ အကျဉ်းထောင်တွေ မှာ သွားရောက်သင်ကြားပေးပါမယ်။ စာမေးပွဲလဲစစ်ပေးရပါမယ်၊ အဆိုင်း မန့်ဖြေပုံဖြေနည်းတွေကိုလဲ ဆရာ တို့ သေချာသွားရှင်းပြပေးမှာပါ။ အဲဒီကိစ္စတွေကိုလဲ ဝန်ကြီးလမ်းညွှန် ပါလိမ့်မယ်။ ဝန်ကြီးလမ်းညွှန်ချက် အတိုင်းဆောင်ရွက်ပေးသွားပါမယ်'' ဟုဒေါက်တာလှတင့်က ထပ်မံပြော သည်။

ယင်းကဲ့သို့ အကျဉ်းကျနေသူများ အဝေးသင်တက္ကသိုလ်တက်ရောက် ခွင့်ရရှိရေးအတွက် အကျဉ်း ဦးစီးဌာနနှင့် ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိ ရန်ကုန်အဝေးသင် တက္ကသိုလ်လက်အောက်တွင် အ ဝေးသင်ဌာနခွဲပေါင်း ၁၅ ခုရှိပြီး မန္တလေးအဝေးသင်တက္ကသိုလ် လက်အောက်တွင် ဌာနခွဲပေါင်း ၂၀ ရှိကြောင်း၊ နှစ်စဉ်တက္ကသိုလ် ဝင်တန်း အောင်မြင်သူနှင့် နှစ်ကျကျောင်း သားစုစုပေါင်းတစ် သိန်းခြောက် သောင်းကျော်ကို ဝင်ခွင့်ပေးလျက် ရှိကြောင်းသိရသည်။



ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် ယခုပညာသင်နှစ်အတွက် ကျောင်းအပ်နှံသူပိုမိုများပြားလာ

ယခု၂ဝ၁၅-၂ဝ၁၆ ပညာသင် နှစ်အတွက် ရန်ကုန်မြို့ ကြည့်မြင်တိုင် မျက်မမြင်ကျောင်းတွင် ကျောင်းတက် ရောက်ရန်လာရောက်အပ်နှံသူမှာ ယခင် ပညာသင်နှစ်အရေအတွက်ထက် ကျောင်း သား၊ ကျောင်းသူဦးရေ စုစုပေါင်း ၄ဝ ခန့်ပိုမိုများပြားလာကြောင်း ကြည့်မြင် တိုင်မျက်မမြင်ကျောင်းမှ ကျောင်းအုပ် ကြီးဒေါ်စုစုမာ၏ ပြောကြားချက်အရ သိရသည်။ ''ကြည့်မြင်တိုင်မျက်မမြင်ကျောင်း မှာ သူငယ်တန်းကနေ တက္ကသိုလ်ဝင် တန်းအထိ အမြင်အာရုံချို့တဲ့သူတွေ ကိုလက်ခံသင်ကြားပေးပါတယ်။ အရင် စာသင်နှစ်က ကျောင်းတက်သူဦးရေ ၁၅ဝပဲရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ကျောင်း တက်သူ ၁၉ဝ လောက်အထိမြင့်တက် လာတယ်''ဟု ¤င်းကပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၄-၂ဝ၁၅ ပညာ သင်နှစ်ကဖြေဆိုခဲ့သည့် တက္ကသိုလ်ဝင် စာမေးပွဲတွင် ယင်းကျောင်းမှအမြင်အာ ရုံချို့တဲ့သူများ ထူးချွန်စွာအောင်မြင်ခဲ့သောကြောင့် ယခုနှစ်တွင် အမြင်အာ ရုံချို့တဲ့သူပညာသင်ကြားသည့် ကျောင်း သားဦးရေပိုမိုမြင့်တက်လာခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

လက်ရှိတွင် ကြည့်မြင်တိုင်မျက်မ မြင်ကျောင်း၌ ကျောင်းပညာရေးသာ မက အသက်မွေးဝမ်းကျောင်းအတတ် ပညာများကိုပါ အခမဲ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။ ''ကျွန်တော်တို့ အနေနဲ့ အမြင်အာရုံချို့တဲ့ပေမယ့် အခု လိုပညာရေးကိုလေ့လာဆည်းပူးခွင့် ရတဲ့အတွက် နိုင်ငံ့တာဝန်ကိုတစ်ဖက် တစ်လမ်းကနေ ပြန်အကျိုးပြုနိုင်မယ် လို့ယုံကြည်ပါတယ်''ဟု အဆိုပါကျောင်း တွင် လာရောက်ပညာသင်ကြားနေသည့် ကျောင်းသားလူငယ်တစ်ဦးက ဆိုသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အမြင် အာရုံချို့တဲ့သူများအတွက် ရန်ကုန် ကြည့် မြင်တိုင်မျက်မမြင်ကျောင်းနှင့် စစ်ကိုင်းမျက်မမြင်ကျောင်းများကို ဖွင့်လှစ် ပေးထားခြင်းဖြစ်ကြောင်း သိရသည်။

 ဖြူသစ်လွင်


ကားအမှတ် 9I/1927 မှ စတင်၍ ခွင့်ပြုထားသည့် ကားပါကင်နေရာများတွင်သာ ညအိပ်ရပ်နား ထားရှိရမည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ၂၀၁၅ ခုနှစ် ၊ ဇန်န၀ါရီလ (၂၆) ရက်နေ့မှ စတင်ခွင့်ပြုခဲ့သော ကားအမှတ် 9I/1927 မှ စတင်၍ ကားပါကင်နေရာတင်ပြပြီးမှ တင်သွင်းလာသောကားများသည် ခွင့်ပြုထားသည့် ကားပါကင်နေရာများတွင်သာ ညအိပ်ရပ်နား ထားရှိရမည်ဖြစ်ပါသည်။ အကယ်၍ စည်းကမ်းဖောက်ဖျက်ကာ ခွင့်ပြုထားသည့် ပါကင်နေရာများတွင် ညအိပ်ရပ်နားထားရှိခြင်းမရှိဘဲ အခြားသောနေရာများတွင် ရပ်နားနေမှုများရှိပါက ဖမ်းဆီးဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမှ သိရသည်။



ချောင်းဦးမြို့ တံတားများအောက်ရှိ ချောင်းများအတွင်းမှ အမှိုက်သရိုက်များ ဖယ်ရှားရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်တွင် တံတားများတည်ဆောက်ထားသည့် ချောင်း၊ မြောင်းများ၊ ရေစီးရေလာကောင်းမွန်ရေးအတွက် ဇူလိုင် ၁၃ ရက်က ဘက်ဟိုးစက်ကြီးဖြင့်လိုက်လံ ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။ ၂ဝ၁၃ ခုနှစ် မိုးရွာသွန်းမှုများပြားခဲ့ခြင်းကြောင့် ချောင်းဦးမြို့ မြို့သစ်ရပ်ကွက်ရွှေသိမ်တော်ချောင်း ချောင်းရေ မြင့်တက်လာခဲ့သည့်အတွက် မြို့သစ်ရပ်ကွက်အတွင်းမှ နေအိမ်အချို့ ရေနစ်မြုပ်ခဲ့ရပြီး ဧရိပ်မွန် (၂) မိဘမဲ့မိန်း ကလေးကျောင်းအပါအဝင် အစိုးရဌာနဆိုင်ရာအချို့၏ အုတ်တံတိုင်းများ ပြိုလဲကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း သိရ သည်။ ယခုနှစ် မိုးရွာသွန်းမှုများပြားလာပါက ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများအနေဖြင့် လည်းကောင်း၊ တံတားများအောက်ရှိ ချောင်း၊ မြောင်းများ ရေစီးရေလာကောင်းမွန် စေရေးအတွက် လည်းကောင်း၊ ချောင်းဦးမြို့၊ ရွှေသိမ်တံတားအောက်၊ ရွှေသိမ်တော်ချောင်းအတွင်းမှ အမှိုက်များနှင့် ဒိုက်များကို ဘက်ဟိုးစက်ကြီးဖြင့် မြို့နယ်အစီအစဉ်အရ သက်ဆိုင်ရာ တာဝန်ရှိသူများက ရှင်းလင်းလျက်ရှိ ကြောင်း သိရသည်။

 (မြို့နယ် ပြန်/ဆက်)


ဂြိုဟ်တုများ ငှားရမ်းအသုံးပြုနေသည့် လုပ်ငန်းပမာဏကို စစ်တမ်းကောက်မည်

မြန်မာနိုင်ငံ၌ ကိုယ်ပိုင်ဂြိုဟ်တုစနစ်တစ်ခု တည်ဆောက်ရန် ပြည်တွင်း၌ ဂြိုဟ်တုများကို ငှား ရမ်းချိတ်ဆက်အသုံးပြုနေသည့် လုပ်ငန်းများနှင့် အသုံးပြုမှုပမာဏတို့ကို စစ်တမ်းကောက်ယူမည် ဖြစ်ကြောင်း သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ သတင်းရရှိသည်။ ‘‘ကိုယ်ပိုင်ဂြိုဟ်တုစနစ်တစ်ခုတည်ဆောက်နိုင်ဖို့အတွက် ဘယ်ဟာနဲ့ သင့်တော်မလဲ၊ ပြည်တွင်းမှာ သုံးစွဲမှုဘယ်လောက်ရှိလဲဆိုတာ သိအောင် အရင်ဆုံး စစ်တမ်းကောက်ယူသွားဖို့ရှိပါတယ်’’ ဟု သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီး ဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦး စိုင်းစောလင်းထွန်းက ပြောသည်။

ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာဝန်ကြီး ဌာနအနေဖြင့် ကိုယ်ပိုင်ဂြိုဟ်တု တစ်ခု လွှတ်တင်သွားရန် စီစဉ် ထားသော်လည်း ကနဦးအနေဖြင့် မြန်မာနိုင်ငံပိုင် ဂြိုဟ်တုစနစ်တစ်ခုတည်ဆောက်ကာ နိုင်ငံတကာမှ သုံးစွဲရန် အဆင်ပြေမည့် ဂြိုဟ်တု နှစ်ခုဖြင့် ချိတ်ဆက်အသုံးပြုရန် စီစဉ်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

လက်ရှိတွင် ပြည်တွင်း၌ ဂြိုဟ်တုဖြင့် ချိတ်ဆက်အသုံးပြု ခြင်းကို ဝေးလံခေါင်ဖျားသည့် ဒေသများတွင် မိုဘိုင်းနှင့် အင်တာနက်ဆက်သွယ်ရေးစနစ်ရရှိစေရန် ချိတ်ဆက်အသုံးပြုခြင်း၊ ရုပ်သံ လွှင့်သည့်လုပ်ငန်းများတွင် အသုံး ပြုခြင်းနှင့် အခြားသော စီးပွားရေး ကွန်ရက်များ၌လည်း အသုံးပြု လျက်ရှိကြောင်း သတင်းရရှိသည်။


 နိုင်လင်းအောင်



ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တည်ထောင်လိုသူအဆိုပြုလွှာများ စတင်ခေါ်ယူ

ရန်ကုန်မြို့သစ်စီမံကိန်း တည်ထောင်ရန် တည်ထောင်လိုသူ နိုင်ငံသားပိုင်ကုမ္ပဏီများ အဆိုပြုလွှာ စတင်လျှောက်ထားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဇူလိုင် ၁၂ရက်တွင် နိုင်ငံပိုင်သတင်းစာ၌ ကြေညာချက် ထုတ်ပြန်ထားသည်။ အဆိုပြုတင်ဒါလျှောက်လွှာ များကို ဇူလိုင် ၂၁ ရက် နောက်ဆုံးထားကာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း တစ်စုံလျှင် ကျပ်ငါးသောင်းဖြင့် ရောင်းချပေးမည်ဖြစ်ပြီး လာမည့် သြဂုတ်လ ၁၈ ရက် နောက်ဆုံး လျှောက်လွှာတင်သွင်းရမည် ဖြစ် သည်။

ရန်ကုန်မြို့သစ်စီမံကိန်းကို ရန်ကုန်မြို့အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်း ကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေးကားလမ်းအကြားတွင် တည်ထောင်မည်ဖြစ်ပြီး ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၌ စီမံကိန်းကို အတည်ပြုခဲ့ခြင်းဖြစ် သည်။

အဆိုပါ ရန်ကုန်မြို့သစ်စီမံ ကိန်းကို ၂၀၁၄ သြဂုတ်ကတည်း က ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က စတင်ကြေညာခဲ့ပြီး ထိုစဉ်က စီမံကိန်းတည်ဆောက်ရန် မြန်မာ့ စေတနာမြို့သစ် အများပိုင် လီမိတက်ကို ရွေးချယ်ခဲ့ရာ ပွင့်လင်း မြင်သာစွာ ရွေးချယ်ခဲ့ခြင်းမဟုတ် ဟုဝေဖန်မှုများရှိလာခဲ့၍ စီမံကိန်း ရပ်တန့်ခဲ့ရသည်။

ယခုတစ်ကြိမ်တွင်မူ တင်ဒါ ခေါ်ယူခြင်းများ၊ တည်ထောင် မည့်ကုမ္ပဏီရွေးချယ်ခြင်းများကို ပွင့်လင်းမြင်သာစွာ စနစ်တကျ ပြုလုပ်မည်ဟု ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့သစ်တောနှင့် စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦး ကျော်စိုးက ပြောသည်။

‘‘ဝေဖန်မှုတွေတော့ ရှိချင် ရှိ မှာပဲ။ ဒါပေမဲ့ အားလုံးကောင်းဖို့ အတွက် လုပ်ရမှာပဲ’’ဟု ဝန်ကြီး က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အမတ် ဒေါက်တာ ညိုညိုသင်းကမူ ‘‘ဒီလောက် သက်တမ်းတိုတိုလေး ကျန်တော့တဲ့အချိန်မှာ ဒီစီမံကိန်းကို ဘာကြောင့် အလောတကြီး လုပ်ချင်နေလဲဆိုတာ သံသယဖြစ်စရာပဲ’’ ဟု ပြောသည်။

တည်ထောင်မည့်ကုမ္ပဏီကို ပွင့်လင်းမြင်သာစွာ ရွေးချယ်မှု ဖြစ်စေရန် တင်ဒါခေါ်ယူခြင်းလုပ် ငန်းစဉ်များနှင့် ပဏာမဖွင့်ဖောက် မည့်နေရာတွင် အနီးကပ် စောင့်ကြည့်ရန် စီစဉ်ထားကြောင်း ဒေါက်တာ ညိုညိုသင်းက ပြော သည်။

တည်ထောင်လိုသူ ကုမ္ပဏီများသည် ကုမ္ပဏီဆိုင်ရာ အချက် အလက်များ၊ ရင်းနှီးမြှုပ်နှံမည့် ငွေကြေးအစီအစဉ်၊ နည်းပညာ အကူအညီရယူဆောင်ရွက်မည့် အစီအစဉ်၊ စီမံကိန်းအကောင်အထည်ဖော်မည့် အစီအစဉ်၊ ပြည်သူများအတွက် လူမှုစီးပွားဆိုင်ရာ ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဖော်ပြပြီး တင်ဒါအာမခံ စပေါ်ငွေ ကျပ်ငါးဘီလီယံပေး သွင်းထားသည့် ချလန်မူရင်းများဖြင့် အဆိုပြုလျှောက်ထားရမည် ဟု တင်ဒါခေါ်ယူသည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။

အမေရိကန်ဒေါ်လာ ရှစ်ဘီ လီယံနှင့် ကျပ်ဘီလီယံ ခုနစ် ထောင်ကျော် ရင်းနှီးမြှုပ်နှံတည် ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်းကို သုံးနှစ်အတွင်း ၇၀ ရာခိုင်နှုန်းပြီးစီးအောင် တည်ဆောက်မည်ဟု ကြေညာထားသည်။

လျှောက်လွှာများကို သြဂုတ်၁၈ ရက်တွင် ပဏာမ ဖွင့်ဖောက်စိစစ်မည်ဖြစ်ပြီး ထပ် မံစိစစ်ခြင်း၊ အပြီးသတ်တည်ထောင်သူ ရွေးချယ်ခြင်းများကို တင်ဒါများအပေါ် မူတည်ပြီးမှ အချိန်သတ်မှတ်မည်ဟု ဝန်ကြီးဦးကျော်စိုးက ပြောသည်။

ယခုစီမံကိန်းအပြင် ရန်ကုန် အနောက်တောင်ပိုင်းမြို့သစ်၊ ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်၊ မှော်ဘီ၊ သန်လျင်၊ ဒလ၊ ထန်းတပင်နှင့် လှည်းကူးမြို့ နယ်တို့တွင် မြို့သစ်စီမံကိန်းများ အား မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်း (၂၀၄၀)ကို လွှတ်တော်၌ အတည်ပြုခဲ့ပြီး ဖြစ်သည်။

 yထက်မြက်



ရွာမ၊ လှော်ကား၊ သာကေတ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းသစ် သြဂုတ်လတွင်ပြီးစီးမည်

မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့ လုပ်ငန်းမှ ရန်ကုန်တိုင်းဒေသကြီးအတွင်း သို့သဘာဝဓာတ်ငွေ့များ ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ရွာမလှော်ကား သာကေတသဘာဝဓာတ်ငွေ့ပိုက်လိုင်းအသစ်ကိုတည် ဆောက်ပေးလျက်ရှိရာ အဆို ပါ ပိုက်လိုင်းသွယ်တန်းခြင်းလုပ်ငန်းမှာ ယခုနှစ် သြဂုတ်လတွင်းပြီးစီးတော့မည် ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှညွှန်ကြားရေးမှူးဦးမင်းမင်းဦးက ဇူလိုင် ၉ရက် တွင် Oriental News သို့ ပြောသည်။ ''ပိုက်လိုင်းအသစ်ကလက်ရှိ အသုံး ပြုလျက်ရှိတဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်း လမ်းကြောင်းနဲ့အပြိုင် ဆက်သွယ်ဆောက် လုပ်ထားတာပါ။သြဂုတ်လပထမအပတ်တွင်းမှာပြီးစီးမှာဖြစ်ပါတယ်။ပိုက်လိုင်းပြီးဆုံးရင် ဓာတ်ငွေ့မလွှတ်မီ နိုက်ထရိုဂျင် ဖြည့်သွင်းစမ်းသပ်မှုကိုအရင်လုပ်မှာပါ။ ဒီလိုလုပ်ဖို့ KST ကုမ္ပဏီကတာဝန်ယူ ပေးထားပါတယ်'' ဟု ၎င်းကပြောသည်။

ရွာမ-လှော်ကား-သာကေတသဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသစ်တွင်ဆက်သွယ် ထားသောပိုက်လိုင်းများ ကြံ့ခိုင်ကောင်းမွန်စေရေးအတွက် ပိုက်လိုင်းဂဟေဆက်မှု အရည်အသွေးပြည့်မီမှုရှိမရှိကို Smart ကုမ္ပဏီက စစ်ဆေးပြီး ပိုက်လိုင်းသံချေးစား မှုကာကွယ်နိုင်ရန် Cathodic Protection System တပ်ဆင်ခြင်းကို NativePower ကုမ္ပဏီကတာဝန်ယူဆောင်ရွက်နေသည်ဟုလည်း၎င်းကပြောသည်။
''ပိုက်လိုင်းအသစ်တည်ဆောက်တဲ့ နေရာမှာပတ်ဝန်းကျင်ကိုမထိခိုက်အောင် ဆောင်ရွက်ပါတယ်။ ပိုက်လိုင်းကို မြေထဲမှာ စနစ်တကျမြှုပ်နှံပေးထားပါတယ်။မြေကိုလည်းမူလအတိုင်းဖြစ်အောင်ပြန်ပြီးဖို့ပေး ပါတယ်''ဟု လည်း၎င်းကဆိုသည်။

လက်မ ၃ဝ အရွယ်ရှိ ရွာမ-လှော်ကား-သာကေတပိုက်လိုင်းဆက်သွယ်ခြင်းလုပ်ငန်း ကို၂ဝ၁၄ ဘဏ္ဍာနှစ်မှ ၂ဝ၁၆ ဘဏ္ဍာနှစ် အထိကျပ်သန်းပေါင်း၂၁ဝဝ ကိုအကုန်အကျခံ၍အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်ဟုလည်း ဦးမင်းမင်းက ပြောသည်။ ''ပိုက်လိုင်းအသစ်ကို ၂ဝ၁၄ အောက်တို ဘာလမှာစတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်'' ဟုလည်း ၎င်းကပြောသည်။

 မေမြတ်

Category: , , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ