မြန်မာ့သမီးကောင်းများ မိမိတို့နိုင်ငံ၏ဂုဏ်ကို မြှင့်တင်ရန် ရိုးရာယဉ်ကျေးမှု့များကို ထိန်းသိမ်းရင်းဖြင့် နိုင်ငံတကာကိုထိုးဖေါက်လာနေပြီ

Miss Myanmar International 2015 ပြိုင်ပွဲကို သြဂုတ် ၃၀ ရက်ညက အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့ရာ ပြိုင်ပွဲဝင် ခါးနံပါတ် (၁၄) အမရာငြိမ်းက သရဖူရရှိခဲ့သည်။ ယင်းပြိုင်ပွဲတွင် ဆန်ကာတင်အလှမယ် ၂၀ ဦးက မြန်မာဝတ်စုံ ၊ ရေကူးဝတ်စုံ နှင့် ညနေခင်းဝတ်စုံများ ဝတ်၍ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ဆန်ကာတင် ၁၀ ဦး ၊ ၅ ဦး ၊ ၃ ဦး အဆင့်ဆင့်ရွေးချယ်၍ ဗဟုသုတမေးခွန်းများမေးကာ ဆုများအသီးသီးချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

Miss International ပြိုင်ပွဲ၌ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်မည့် မြန်မာအလှမယ် အမရာငြိမ်း ပြိုင်ပွဲကျင်းပမည့် ဂျပန်နိုင်ငံသို့ သွားရောက်
Miss International ပြိုင်ပွဲ၌ မြန်မာကိုယ်စားပြု ယှဉ်ပြိုင်မည့် မြန်မာအလှမယ် အမရာငြိမ်းသည် ပြိုင်ပွဲကျင်းပမည့် ဂျပန်နိုင်ငံသို့ အောက်တိုဘာ ၁၇ ရက်တွင် ထွက်ခွာသွားသည်ဟု သတင်း ရရှိသည်။ မြန်မာ အလှမယ် အမရာငြိမ်းသည် နိုင်ငံတကာမှ ၀င်ရောက်ယှဉ်ပြိုင်မည့် အလှမယ်များနှင့်အတူ အောက်တိုဘာ ၁၉ ရက်မှ စတင်ကာ စခန်းသွင်း လေ့ကျင့်မှုများကို ပြုလုပ်ရမည်ဖြစ်ကြောင်း သိရသည်။ Miss International ပြိုင်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်မည်ဖြစ်ပြီး မြန်မာနိုင်ငံမှ လေးနှစ်မြောက် ပါဝင်ယှဉ်ပြိုင်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။
“အမရာ ယှဉ်ပြိုင်ရမယ့် Miss International ပြိုင်ပွဲအတွက် လိုအပ်တာတွေ လေ့ကျင့် ပြင်ဆင်နေပါတယ်။ ခန္ဓာကိုယ် လှပမှုအတွက် ပြင်ဆင်နေသလို Talent အတွက်လည်း ဆီမီးခွက် အကနဲ့ ပြိုင်ဖို့ လေ့ကျင့် ပြင်ဆင်ထားပါတယ်။ အ၀တ်အစား ဖက်ရှင်အတွက်လည်း ပြင်ဆင်နေပါတယ်။ အမရာအတွက် နိုင်ငံတကာ ပြိုင်ပွဲ အတွေ့အကြုံ လုံးဝ မရှိသေးပါဘူး။ ဒါပေမဲ့အတတ်နိုင်ဆုံး လိုအပ်ချက် မရှိ ယှဉ်ပြိုင်နိုင်ဖို့တော့ ကြိုးစားနေပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့လည်း နိုင်ငံနာမည်ကို မြန်မာလို့ ပြောလိုက်တာနဲ့ တန်းသိကြတဲ့ နိုင်ငံတွေထဲမှာ မပါဝင်သေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ တည်နေရာ၊ သမိုင်းကြောင်း၊ ယဉ်ကျေးမှု၊ မြန်မာလူမျိုးတွေရဲ့ စိတ်နေသဘောထား၊ ဓလေ့စရိုက်တွေကို မျှဝေပေးနိုင်အောင် ပြင်ဆင်ထားပါတယ်။ နောက်ဆုံးအဆင့် ပြိုင်ပွဲက နိုဝင်ဘာ ၅ ရက်မှာ ပြုလုပ်မှာပါ။ ရလဒ်ကိုတော့ အများကြီး မျှော်လင့် မထားပါဘူး။ ဒိုင်တွေနဲ့ ယှဉ်ပြိုင်ရတဲ့ ပြိုင်ပွဲက သူ့အမြင် ကိုယ့်အမြင်တွေ အများကြီး ကွဲပြားနိုင်တဲ့အတွက် ပန်းဝင်တိုင်းလည်း ဆုရတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့် အကောင်းဆုံး ကြိုးစားဖို့ပဲ စိတ်ထဲမှာ ပြင်ဆင်ထားပါတယ်” ဟု မြန်မာ အလှမယ် အမရာငြိမ်းက ရှင်းပြခဲ့သည်။
Miss International ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။ Miss International ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်တွင် နန်းခင်ဇေယျာက စတင် ယှဉ်ပြိုင်ခဲ့သည်။
Face of Beauty International 2015 ပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ Best in Talent Winner ဆု ရရှိ
Face of Beauty International 2015 ပြိုင်ပွဲကို အောက်တိုဘာ (၄)ရက်မှ (၁၆)ရက် အထိ ထိုင်ဝမ် နိုင်ငံတွင် ကျင်းပ ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံမှ အလှမယ် ခြူးစစ်ဟန်သည် Top (15) ဆန်ကာတင် စာရင်းထိ ရွေးချယ်ခြင်း ခံခဲ့ရပြီး Best in Talent Winner ဆုကို ဆွတ်ခူး ရရှိခဲ့သည်။ Face of Beauty International 2015 Winner အဖြစ် Miss Mexico Yeraldi Barraza B က သရဖူ ဆွတ်ခူး ရရှိခဲ့ပြီး 1st Runner Up ကို Hungary မှ Karman Dalma ၊ 2nd Runner Up ကို Ukraine မှ Maryna Stelmakh ၊ 3rd Runner Up ကို Greece မှ Alexandra Efstathiadi ၊ 4th Runner Up ကို Venezuela မှ Stefany Merlin တို့ က အသီးသီး ဆွတ်ခူး ရရှိခဲ့သည်။
Best in Talent Winner ဆုကို မြန်မာနိုင်ငံမှ အလှမယ် ခြူးစစ်ဟန်က ရရှိ ခဲ့ပြီး I AM ME ဆုကို Australia ၊ Best in National Costume ဆုကို Panama နှင့် Miss Photogenic ဆုကို Dominican Republic တို့က ရရှိခဲ့ကြသည်။

လင်းလင်းခိုင်

Face of Beauty International ပြိုင်ပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် Miss Golden Land Myanmar Organization မှ ဒုတိယအကြိမ် စေလွှတ်ခြင်း ဖြစ်ပြီး မနှစ်က ထိုင်<မ် နိုင်ငံတွင် ပြုလုပ်သည့် Face of Beauty International 2014 ပြိုင်ပွဲကို အလှမယ် ဟယ်လင်မျိုးကို စေလွှတ် ခဲ့ခြင်း ဖြစ်သည်။
Best in Talent Winner ဆု ရရှိသည့် အလှမယ် ခြူးစစ်ဟန် သည် အသက်(၂၀)နှစ်အရွယ် ရှိပြီး မြင်းခြံမြို့ လေးရွာဆုံရွာသူ ဖြစ်ကာ B.A(Dramatic Art) ဘွဲ့ ရရှိထားသူလည်း ဖြစ်သည်။
Miss Golden Land Myanmar 2015 ပြိုင်ပွဲတွင် Miss Golden Land Face of Beauty 2015 သရဖူ ဆွတ်ခူး ရရှိကာ မြန်မာနိုင်ငံ ကိုယ်စားပြု အဖြစ် သွားရောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ Face of Beauty International ပြိုင်ပွဲ ၏ Best In Talent ပြိုင်ပွဲတွင် မြန်မာ့ရိုးရာ တစ်ပင်တိုင်အကနှင့် English Song တို့ ဖြင့် သီဆို ကပြ ယှဉ်ပြိုင် ခဲ့ပြီး Best In Talent ဆုကို ဆွတ်ခူး ရရှိခဲ့ခြင်း ဖြစ်သည်။
The Crowning Moment of Miss Universe Myanmar 2015 & 2016
Final Coronation Night of Miss Universe Myanmar 2015-2016
မယ်မြန်မာသရဖူနဲ့ လွဲချော်ခဲ့သူနှစ်ဦးရဲ့ ပြိုင်ပွဲဝင်အတွေ့အကြုံ
လွန်ခဲ့သည့်နှစ်လ ကတည်းက ဆန်ခါတင် အလှ မယ် ၁၈ ဦးရွေးချယ်ထားသော Miss Myanmar World 2015 ပြိုင်ပွဲဝင်များ၏ နောက်ဆုံးပြိုင်ပွဲ ကို ဇူလိုင် ၁၁ ရက်က ကျင်းပခဲ့ ရာ မန္တလေးသူ ခင်ရတနာသိန်း မြင့်က သရဖူဆွတ်ခူးခဲ့ပြီး အလှ မယ်မော်ရိန်းနှင့် နန်းစန္ဒာလှထွန်း တို့က ဒုတိယနှင့် တတိယဆုတို့ ဖြင့်သာ ကျေနပ်ခဲ့ရသည်။
ပြိုင်ပွဲ၏ အရှိန်အမြင့်ဆုံးဖြစ် သည့် နောက်ဆုံးဆန်ခါတင်ငါးဦး အဆင့်တွင် ပြိုင်ပွဲဝင်များကို ဗဟု သုတမေးခွန်းများဖြေဆိုစေခဲ့ရာ သရဖူရရှိခဲ့သည့် ခင်ရတနာသိန်း မြင့်တစ်ဦးသာ အကောင်းမွန်ဆုံး ဖြေဆိုနိုင်ခဲ့သည်။
‘‘ညီမက တိုင်းရင်းသူဆို တော့ စကားလုံးတွေစီပြီး သိပ် မပြောတတ်ဘူး။ မေးခွန်းဖြေတဲ့ အချိန်ကျ အဆင်မပြေမှာ ကြောက်နေတယ်။ စကားအရှည် ကြီးပြောလိုက်ရင် မှားသွားမှာစိုး လို့ တိုတိုတုတ်တုတ်ဖြေပြီးထွက် လာတာ၊ နောက်ရောက်ခါမှ ငါ ပြောတာလိုသွားပြီဆိုပြီး ပြန်ဖြစ် သွားတာ’’ဟု 2nd Runner Up ဆုရှင် ရှမ်းတိုင်းရင်းသူ နန်းစန္ဒာ လှထွန်းက ၎င်း၏ပြိုင်ပွဲဝင်အတွေ့ အကြုံကိုပြောကြားသည်။
ထို့အတူ 1st Runner Up ဆုရရှိခဲ့သည့် မော်ရိန်းလူဆန်က လည်း မေးခွန်းဖြေဆိုသည့်ကဏ္ဍ တွင် ဘာသာစကားအားနည်းမှု ကြောင့် ကိုယ့်ကိုယ်ကိုယ်ကျေနပ် မှုမရှိခဲ့ဟု ပြောသည်။ ဆုမကြေ ညာမီအချိန်တွင် ပရိသတ်များ၏ အားပေးမှုကြောင့် စိတ်လှုပ်ရှားခဲ့ ရသော်လည်း လိုအပ်ချက်များရှိ နေ၍ ယင်းအချိန်ကတည်းက ခါးနံပါတ်(၁)အလှမယ်ကိုသာ သရဖူဆုရမည်ဟု ထင်ခဲ့ကြောင်း ကချင်တိုင်းရင်းသူ မော်ရိန်းလူ ဆန်က ၎င်း၏ခံစားချက်ကို ပြော သည်။
‘‘အရင်ကလည်း မော်ဒယ် မလုပ်ပါဘူး။ ဒီပြိုင်ပွဲက မော်ရမ်း ရဲ့ ပထမဆုံးအတွေ့အကြုံပါ။ ဒီပြိုင်ပွဲကနေ စိတ်ဓာတ်ပိုင်းဆိုင် ရာရော၊ အပြောအဆိုပိုင်းမှာရော အများကြီးအတွေ့အကြုံရခဲ့ပါ တယ်’’ဟု ၎င်းက ပြောသည်။
မယ်ကမ္ဘာ(မြန်မာ)အလှမယ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များက မြန်မာဝတ်စုံ၊ အားကစားဝတ်စုံ၊ ကော့တေး ပါတီဝတ်စုံနှင့် ညနေခင်းဝတ်စုံများဝတ်ဆင်ပြီး ယှဉ်ပြိုင်ခဲ့သည်။ အခြားအလှမယ်ပြိုင်ပွဲ များ၌ ယှဉ်ပြိုင်လေ့ရှိသည့် ရေကူးဝတ်စုံနှင့် ယှဉ်ပြိုင်သော အစီအစဉ်မပါဝင်ခဲ့ခြင်းမှာ ပြိုင်ပွဲကို ရုပ်သံလိုင်းမှ တိုက်ရိုက်ထုတ်လွှင့် ခြင်းကြောင့်ဖြစ်ကြောင်း အစီအစဉ်တင်ဆက်သူက ပြောကြား သည်။
‘‘ညီမရခဲ့တဲ့ဆုနဲ့ပတ်သက် ပြီးတော့လည်း ညီမဘက်က အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ် အောင် ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ညီမဘက်က လိုအပ်ချက်တွေရှိ နေတာလည်းပါမှာပေါ့။ 2nd Runner Up ဆုရခဲ့တာက ညီမ ကြိုးစားခဲ့တာနဲ့ ထိုက်တန်တာကို ရတယ်လို့ခံယူထားပါတယ်’’ဟု နန်းစန္ဒာလှထွန်းက ပြောသည်။
Miss Myanmar World 2015 ဆုရှင် ခင်ရတနာသိန်းမြင့် သည် မန္တလေးမြို့မှ လာရောက် ယှဉ်ပြိုင်သူဖြစ်ပြီး အသက် (၂၂)အရွယ်ရှိပြီဖြစ်သည်။ ခင်ရတနာ သိန်းမြင့်သည် လာမည့် ဒီဇင်ဘာတွင် တရုတ်နိုင်ငံ၌ပြုလုပ်မည့် (၆၅)ကြိမ်မြောက် Miss World 2015 ပြိုင်ပွဲသို့ နိုင်ငံကိုယ်စားပြု အလှမယ်အဖြစ် သွားရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။
Miss Universe Pathein 2015 အဖြစ် အိန်ဂျယ်မေ ရွေးချယ် ခံရ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် Miss Universe Pathein 2015 ပြိုင်ပွဲကို ဇူလိုင် ၁၂ရက်တွင် ပုသိမ် မြို့တော်ခန်းမ၌ ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်ခဲ့ပြီး Miss Universe Pathein 2015 အဖြစ် အိန်ဂျယ်မေက ရွေးချယ်ခြင်း ခံခဲ့ရသည်။ Miss Universe Pathein 2015 Winner အဖြစ် အိန်ဂျယ်မေ ၊ 1st Runner Up ကို ခါးနံပတ် ၁၉ ပြည့်ဖူးမွန် ၊ 2nd Runner Up ကို ခါးနံပါတ် ၄ မေကဗျာဦး ၊ 3rd Runner Up ကို ခါးနံပါတ် ၁၉ ကေဇင်မြင့်အောင် ၊ 4th Runner Up ကို ခါးနံပါတ် ၁ မယ်ရီစကားဝါ (Mary Sagawar) တို့က အသီးသီး ရရှိ ခဲ့သည်။
Miss Universe Pathein 2015 ပြိုင်ပွဲက ချီးမြှင့်သည့် Title ဆုများ ဖြစ်သည့် Miss Healthy Skin ဆုကို အိန်ဂျယ်မေ ၊ Best Smile ဆုကို အိမ့်လပြည့် ၊ Best Talent ဆုကို ရည်မွန်မွန်ထက် ၊ Body Beauty ဆုကို မယ်ရီလင်း (Mary Lin) ၊ Miss Famous ဆုကို မေကဗျာဦး ၊ Miss Photogenic ဆုကို မယ်ရီစကားဝါ(Mary Sagawar) ၊ Miss Royal Lake ဆုကို ကေဇင်မြင့်အောင် တို့က အသီးသီး ရရှိ ခဲ့သည်။
ထိုပြိုင်ပွဲကို Celebrity & Model Agency က ကျင်းပ ပြုလုပ်ခြင်း ဖြစ်ပြီး Miss Universe Pathein ဆု ရရှိသူကို သရဖူနှင့် အတူ ငွေကျပ် ၁၅သိန်း ၊ 1st runner up ရရှိသူကို ကျပ် ၁၀သိန်း ၊ 2nd runner up ရှိသူကို ၅သိန်း အသီးသီး ချီးမြှင့်ခဲ့သည်။
Miss Universe Pathein 2015 အဖြစ် ရွေးချယ်ခံရသည့် အိန်ဂျယ်မေ ကို ရန်ကုန်တွင် ကျင်းပ ပြုလုပ်မည့် Miss Myanmar Universe 2015 ပြိုင်ပွဲသို့ သွားရောက် မယှဉ်ပြိုင်ခင် အထိ အဖွဲ့အစည်းက လိုအပ်သည့် လေ့ကျင့်မှု များကို လုပ်ဆောင်ပေးသွား မည် ဖြစ်ပြီး ပြိုင်ပွဲတွင် ၀တ်ဆင်မည့် ၀တ်စုံကိုလည်း စီစဉ် ပေးသွား မည် ဖြစ်သည်။
Miss Universe Pathein 2015 ပြိုင်ပွဲ၏ ဆန်ခါတင် လူရွေးပွဲကို ဇွန်လ ၂၇ရက်တွင် ပုသိမ် ဟိုတယ် ၌ ကျင်းပ ပြုလုပ် ခဲ့ပြီး လာရောက် လျှောက်ထားသည့် ၃၄ ဦးထဲမှ ဆန်ခါတင် အယောက် ၂၀ကို ရွေးချယ် ခဲ့ သည်။
နောက်ဆုံး ဖိုင်နယ် ပြိုင်ပွဲတွင် ဆန်ခါတင် အယောက် ၂၀ထဲမှ ၁၀ဦး ၊ ၅ဦး ၊ ၅ဦး မှ Winner ၊ 1st runner up ၊ 2nd runner up ၊ 3rd runner up ၊ 4th runner up တို့ကို ရွေးချယ် ခဲ့ခြင်း ဖြစ်သည်။
Yangon Runway Girl Collection Fashion Show In Yangon
Mrs. India Worldwide 2015 Beauty Pageant Staged In Yangon
မြန်မာနိုင်ငံကို စိတ်ဝင်စားတဲ့ ဗီယက်နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေ
ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ အလှနတ်သမီးအဖြစ်တင်စားခံရတဲ့ ဗီယက်နမ်မင်းသမီးငုယင်ထရန်ဟု ရန်မေနဲ့ မြန်မာနိုင်ငံမှ Myanmar Media 7 တို့ အနုပညာလှုပ်ရှားမှုများလုပ်ဆောင်ဖို့ အောက်တိုဘာလ ၁ဝ ရက်နေ့က ဗီယက် နမ်မှာစာချုပ်ချုပ်ဆို လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အလှမယ် တစ်ဦး လည်းဖြစ်တာကြောင့် Myanmar Media 7 ရဲ့ပရဟိတလုပ်ငန်းများမှာလည်း ပါဝင်ဆောင် ရွက် သွား ဖို့ရှိကြောင်း သိရပါတယ်။
ကျွန်တော်တို့ရဲ့ ၂ဝ၁၆မှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ ငုယင်ပါ ဝင်သရုပ်ဆောင်ဖို့ရှိပါတယ်။ ဒါ့အပြင် TV ကြော်ငြာ တွေ လည်းရိုက်ဖို့ရှိပါတယ်” လို့ ပြောပါတယ်။ ဗီယက်နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေ ပါဝင်မယ့်ရုပ်ရှင်ဇာတ်ကား ကိုတော့ ရွေး ချယ် နေ ဆဲပဲဖြစ်ကြောင်း ကိုဝေမင်းမောင်ကပြောပါတယ်။ ဗီယက် နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေက နိုဝင်ဘာ၁ဝ ရက်နေ့ညမှာမြန် မာနိုင်ငံ ကိုရောက်ရှိ မှာဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မနက် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမြော်မှာဖြစ်ကာ အဲဒီနေ့ နေ့လယ်မှာ မီဒီယာများနဲ့တွေ့ ဆုံပြီး ညပိုင်းမှာတော့ ဗီယက်နမ်နိုင်ငံကို ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။
ခိုင်ဝေလွင်

ဇွဲဉာဏ်

Truong Tri Truc Diem

Ly Nha Ky

Mai Phuong Thuy

Jennifer pham

Minh Hang

Luu Thi Diem Huong

Nguyen Thi Huyen

ဖေ့စ်ဘုတ်လူမှုကွန်ရက်မှာ အလှနတ်သမီးအဖြစ်တင်စားခံရတဲ့ ဗီယက်နမ်မင်းသမီးငုယင်ထရန်ဟု ရန်မေနဲ့ မြန်မာနိုင်ငံမှ Myanmar Media 7 တို့ အနုပညာလှုပ်ရှားမှုများလုပ်ဆောင်ဖို့ အောက်တိုဘာလ ၁ဝ ရက်နေ့က ဗီယက် နမ်မှာစာချုပ်ချုပ်ဆို လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အလှမယ် တစ်ဦး လည်းဖြစ်တာကြောင့် Myanmar Media 7 ရဲ့ပရဟိတလုပ်ငန်းများမှာလည်း ပါဝင်ဆောင် ရွက် သွား ဖို့ရှိကြောင်း သိရပါတယ်။
အလှနတ်သမီး ငုယင်ထရန် ဟုရန်မေနဲ့အနုပညာလှုပ်ရှားမှုများ လုပ်ဆောင်သွားမှာဖြစ် ကြောင်းကို Myanmar Media 7 ရဲ့ဥက္ကဋ္ဌဖြစ်သူကိုဝေမင်းမောင်က ” ကျွန်တော်တို့ Myanmar Media 7 က ပရဟိတတွေလုပ်နေ တာကို မြန် မာ-ဗီယက်နမ်ချစ် ကြည်ရေးအဖွဲ့အစည်းကသိတဲ့အတွက်ချိတ်ဆက်ပေးခဲ့တာပါ။ နှစ်နိုင်ငံ ချစ်ကြည်ရေးလည်းဆောင်ပါတယ်။ သူကဗီ ယက်နမ်နဲ့ အိမ်နီးချင်းဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံတို့မှာ တော်တော်လေးနာမည်ကြီးတယ်။ မြန်မာနိုင်ငံ ရဲ့သတင်းတွေကိုလည်းဖေ့စ် ဘုတ်တွေ၊ website တွေမှာ တင်ထားတာလည်း သူတွေ့တယ်ပြောတယ်။ ဒါကြောင့် စိတ်ဝင်စားတာလည်းပါတယ်။ ပြီးတော့ မြန် မာ-ဗီ ယက် နမ်ချစ်ကြည်ရေးအဖွဲ့အစည်းကလည်း ပူးပေါင်းဆောင်ရွက်ခိုင်းတာလည်းပါတယ်။ ဒါကြောင့်ကျွန်တော်တို့နဲ့ အ လုပ်လုပ် ဖို့ ရွေး ချယ်ခဲ့တာပါ။
ကျွန်တော်တို့ရဲ့ ၂ဝ၁၆မှာ ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီးမှာ ငုယင်ပါ ဝင်သရုပ်ဆောင်ဖို့ရှိပါတယ်။ ဒါ့အပြင် TV ကြော်ငြာ တွေ လည်းရိုက်ဖို့ရှိပါတယ်” လို့ ပြောပါတယ်။ ဗီယက်နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေ ပါဝင်မယ့်ရုပ်ရှင်ဇာတ်ကား ကိုတော့ ရွေး ချယ် နေ ဆဲပဲဖြစ်ကြောင်း ကိုဝေမင်းမောင်ကပြောပါတယ်။ ဗီယက် နမ်မင်းသမီး ငုယင်ထရန်ဟုရန်မေက နိုဝင်ဘာ၁ဝ ရက်နေ့ညမှာမြန် မာနိုင်ငံ ကိုရောက်ရှိ မှာဖြစ်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့မနက် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမြော်မှာဖြစ်ကာ အဲဒီနေ့ နေ့လယ်မှာ မီဒီယာများနဲ့တွေ့ ဆုံပြီး ညပိုင်းမှာတော့ ဗီယက်နမ်နိုင်ငံကို ပြန်မှာဖြစ်တယ်လို့ သိရပါတယ်။
ခိုင်ဝေလွင်
Category: bcjpnoa, Ei Ei Htwe, htaynaing, Maung Thura mYint, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း