ရင်းနှီးမြှုပ်နှံမှု့

လေယာဉ်လောင်စာဆီများ ဖြန့်ဖြူးရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၅၁ သန်းရင်းနှီးမြှုပ်နှံသွားမည်
ပူးမားစွမ်းအင်စု( Puma Energy Group) ကုမ္ပဏီ နှင့် စွမ်းအင်ဝန်ကြီးဌာနတို့သည် မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာလေဆိပ်အတွက် လေယာဉ်လောင်စာဆီများ ဖြန့်ဖြူးရေးလုပ်ငန်းတွင် အမေရိကန်ဒေါ်လာ ၅၁ သန်းရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။ ဖက်စပ်ရင်းနှီးမြှုပ်နှံမှုကို လုပ်ကိုင်ရာတွင် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းမှ ၅၁ ရာခိုင်နှုန်း၊ ပူးမားစွမ်းအင်စု( Puma Energy Group) ကုမ္ပဏီ မှ ၄၉ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံကြမည် ဖြစ်သည်။
ပူးမားစွမ်းအင်စု( Puma Energy Group) ကုမ္ပဏီ အနေဖြင့် လေယာဉ်လောင်စာဆီ ဖြန့်ဖြူးရေးလမ်းကြောင်းများတိုးချဲ့ ရန် ၊ ကားများဝယ်ယူရေးအပါအ၀င် အမေရိကန်ဒေါ်လာ ၂၅ သန်းရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရသည်။မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေး လုပ်ငန်းကမူ ကျန်သည့်ရင်းနှီးမြှုပ်နှံမှုပမာဏအား ထည့်ဝင်မည်ဖြစ်ပြီး ၎င်း ရင်းနှီးမြှုပ်နှံမှုထဲတွင် ကုန်ကြမ်းပစ္စည်း နှင့် ၀န်ထမ်းတို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
မင်္ဂလာဒုံလေဆိပ်အတွက် လေယာဉ်လောင်စာဆီလိုအပ်မှုမှာ လက်ရှိအနေအထားအရ တစ်ရက်လျှင် ဂါလံ ၅၃,၀၀၀ရှိကြောင်း မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း မှ သိရသည်။

Banking As a Service ပလက်ဖောင်းတစ်ခုကို ပြင်သစ်-မြန်မာနှစ်နိုင်ငံကုမ္ပတို့ ပူးပေါင်းတည်ထောင်သွားမည်
မန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများနှင့် ငွေကြေးအဖွဲ့အစည်းများအတွက် အနာဂတ်တွင် ငွေကြေးဆိုင်ရာဝန်ဆောင်မှုများကို တိုးချဲ့လုပ်ကိုင်နိုင်ဖို့အတွက် Banking As a Service ပလက်ဖောင်းတစ်ခုကို တည်ဆောက်ရန် မြန်မာမီလီနီယံဂရု(ပ)နှင့် ပြင်သစ်နိုင်ငံ အေတို့(စ) ( Atos)နည်းပညာကုမ္ပဏီတို့ အောက်တိုဘာလ ၁၇ရက်တွင် စီးပွားမိတ်ဘက်ဆိုင်ရာ သဘော တူလက်မှတ်ရေးထိုးခဲ့သည်။
“ကျွန်တော်တို့က Banking As a Service ပလက်ဖောင်းတစ်ခုကို တည်ဆောက်သွားမှာပါ၊ ဒါက မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွေမှာ တွေ့ကြုံနေရတဲ့ နည်းပညာအခက်အခဲတွေကို ဖြေရှင်းပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ ပြီးတော့ ပြည်တွင်းဘဏ်တွေနဲ့ ငွေရေးကြေးရေးအဖွဲ့အစည်းတွေကနေ ထပ်တိုးလုပ်ဆောင်မယ့် ဝန်ဆောင်မှုတွေ၊ စီးပွားရေးအတွေးအမြင်တွေကို ကျယ်ပြန့်အောင် လုပ်ဆောင်ပေးမယ့် အဆင့်မြင့်ပလက်ဖောင်းဖြစ်ပါတယ်” ဟု ပြင်သစ်နည်းပညာကုမ္ပဏီ အေတို့(စ) (Atos) ၏ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ မတ်နက်(စ) အဲဗာဆင်က မဇ္ဈိမကို မြန်မာမီလီနီ ယံဂရုနှင့် ပူးပေါင်းလုပ်ကိုင်မည့် Banking As a Service ပလက်ဖောင်းအကြောင်း ရှင်းပြသည်။
ထိုကဲ့သို့ နှစ်နိုင်ငံကြားဘဏ်လုပ်ငန်းနှင့်ပတ်သတ်သော ပူးပေါင်းလုပ်ကိုင်ခြင်းဆိုင်ရာ သဘောတူညီမှုသည် မြန်မာနိုင်ငံတွင် ပထမဦးဆုံးဖြစ်သည်ဟု သိရပြီး ဘဏ်များနှင့် ငွေကြေးအဖွဲ့အစည်းများအတွက် လိုအပ်သော ခေတ်မီကွန်ရက်များ တည်ဆောက်ခြင်း၊ Core Banking စနစ်များတည်ဆောက်ခြင်းနှင့် ဘဏ်များ၏ ၀န်ဆောင်မှုများကို တိုးချဲ့ခြင်းစသည့် နည်းပညာအဖြေရှာသည့် လုပ်ငန်းများလုပ်ကိုင်သွားမည်ဟု သိရသည်။
“ကျွန်တော်တို့ရဲ့ Business Model က ဘဏ်တွေအနေနဲ့သူတို့ ၀န်ဆောင်မှုတွေကို အဆင့်မြင့်တင်ချင်လာပြီဆိုရင် ကျွန်တော်တို့နဲ့ ဆွေးနွေးကြမယ်၊ သူတို့ကြိုက်ပြီဆိုရင် ကျွန်တော်တို့က ဒီနည်းပညာတွေကို တပ်ဆင်ပေးမယ်၊ပြီးရင် လုပ်ငန်းလည်ပတ်ကြမယ်” ဟု မြန်မာမီလီနီယံဂရု၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဇေယျာလှိုင်က မဇ္ဈိမကို ပြောသည်။
တစ်ဘက်တွင်လည်း မြန်မာနိုင်ငံဘဏ်လုပ်ငန်းများအနေနှင့် နည်းပညာအသုံးပြုမှုအပိုင်းတွင် ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်ရင် နိမ့်ကျနေသေးသည့်အပြင် ဘဏ်စနစ်ကို အသုံးပြုသည့် လူဦးရေသည်လည်း တစ်နိုင်ငံလုံးလူဦးရေအချိုးနှင့် ယှဉ်ကြည့်ပါက အလွန်ကိုနည်းပါးလျက်ရှိသည်။
“မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းအသုံးပြုသူအရေအတွက်က လူဦးရေရဲ့ ၅ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ ကျွန်တော်တို့ လေ့လာရပါတယ်၊ ပြီးတော့ နိုင်ငံတကာနဲ့ ယှဉ်ကြည့်မယ်ဆိုရင် သေးငယ်နေသေးတယ်လို့မြင်ပါတယ်၊ ဘဏ်လုပ်ငန်းထဲမှာ IT နည်းပညာကို အသုံးချတာကလည်း ဖွံ့ဖြိုးသင့်သလောက်မဖွံ့ဖြိုးသေးပါဘူး” ဟု အေတို့(စ) Atos နည်းပညာကုမ္ပဏီ၏ မလေးရှား၊အင်ဒိုနီးရှားနိုင်ငံများဆိုင်ရာ အုပ်ချုပ်မှုဒါရိုက်တာ မတ်နက်(စ) အဲဗာဆင်က မဇ္ဈိမက ပြောသည်။
မြန်မာမီလီနီယံဂရု၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမင်းဇေယျာလှိုင်ကလည်း “အသုံးပြုသူရှိမှ ဘဏ်တွေက ပိုလှုပ်ရှားနိုင်မယ်၊ အလုပ်တွေပိုကောင်းမယ်၊ ပိုပြီးအာရုံစိုက်လာနိုင်မှာပေါ့နော်၊ အဲဒိအခါ ကျရင်တော့ ဘဏ်တွေအနေနဲ့ ပြင်ပအရင်းအမြစ်တွေကို အသုံးပြုလာနိုင်မယ်၊ အခုလို ဘဏ်အသုံးပြုမှုနည်းပါး နေသေး တာကလည်း ကျွန်တော်တို့အတွက် အဓိက စိန်ခေါ်မှုတစ်ခုဖြစ်ပါတယ်” ဟု မဇ္ဈိမကို ဖြည့်စွပ်ပြောဆိုထားသည်။
မြန်မာမီလီနီယံဂရုပ်နှင့် ဘဏ်လုပ်ငန်းများတွင် နည်းပညာပေးခြင်းဆိုင်ရာလုပ်ငန်းများကို ပူးပေါင်းလုပ်ကိုင်မည့် ပြင်သစ် နိုင်ငံမှ အေတို့(စ) (Atos) နည်းပညာကုမ္ပဏီသည် ဥရောပ၏ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းများတွင် အဆင့် (၂)ရှိ သော ဦးဆောင်ကုမ္ပဏီဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း (၇၂)နိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိသော ကုမ္ပဏီဖြစ်သည်ဟု သိရသည်။
မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုကို ကြည့်မယ်ဆိုလျှင် ၂၀၁၀နောက်ပိုင်းတွင် ပြည်တွင်းပုဂ္ဂလိက ဘဏ်လုပ် ငန်းအခန်းကဏ္ဍက ပိုပြီးအားကောင်းလာသည်။ သို့သော် ဘဏ်ခွဲအရေအတွက် အများအပြားဖွင့်လှစ်နိုင်သည့်အခြေ အနေနှင့် ATM စက်အသုံးပြုခြင်း၊ အွန်လိုင်းဘဏ်လုပ်ငန်းအနည်းအကျဉ်းလောက်ကိုသာ လက်ရှိအချိန်အထိလုပ်ကိုင် နိုင်သေးတာဖြစ်ပြီး ပြည်တွင်းစီးပွားရေးကို အမှန်တကယ်အထောက်အပံ့ဖြစ်စေနိုင်မည့် ၀န်ဆောင်မှုမျိုးကို ယနေ့အချိန် အထိပေးစွမ်းနိုင်ခြင်းမရှိသေးပေ။
၂၀၁၆ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်လည်း မြန်မာနိုင်ငံငွေရေးကြေးရေးအဖွဲ့အစည်းများဆိုင်ရာ ဥပဒေသစ်ထွက်ပေါ်လာဖို့ရှိနေပြီး ထိုဥပဒေထွက်ပေါ်လာမည်ဆိုပါက ပြည်တွင်းဘဏ်များ၏ ၀န်ဆောင်မှုအဆင့်မြင့်တင်ခြင်းဆိုင်ရာများ၊ ၀န်ဆောင်မှုအသစ် ထပ်တိုးခြင်းများကို စိတ်ကြိုက်လုပ်ဆောင်နိုင်မှာဖြစ်ပြီး ပြည်တွင်းတွင် လုပ်ကိုင်ခွင့်ပြုထားသော နိုင်ငံခြားဘဏ်ခွဲများ အတွက် စည်းမျဉ်း၊လုပ်ကိုင်နိုင်ခွင့်များကိုလည်း ထည့်သွင်းထားသည်ဟု ဗဟိုဘဏ်တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ အတွင်း မဇ္ဈိမကို ပြောဆိုထားဖူးသည်။

အောင်သူရ
ထားဝယ် စက်မှုဇုန်မှာ ဂျပန်က ငွေကြေးနဲ့ နည်းပညာ မြှုပ်နှံမယ်
ထားဝယ် စက်မှုဇုန် စီမံကိန်းမှာ ဂျပန်နိုင်ငံ ပါဝင်ဖို့ လက်မှတ်ရေးထိုး လိုက်ပါတယ်။ အခုလို ကတိပြု လက်မှတ်ရေးလိုက်တဲ့အတွက် ထားဝယ် စက်မှုဇုန် စီမံကိန်းဟာ မြန်မာ၊ ထိုင်းနဲ့ ဂျပန် သုံးနိုင်ငံက စီမံခန့်ခွဲတဲ့လုပ်ငန်း ဖြစ်သွားမှာပါ။ ဒီစီမံကိန်းမှာ အစိုးရတွေက အစုရှယ်ယာငွေ ထည့်ဝင်ကြမှာမဟုတ်ဘဲ တစ်နိုင်ငံချင်းက ပြည်သူတွေထဲက လုပ်ကိုင်လိုသူတွေကို ခွဲတမ်းအရ ပါဝင်ခွင့်ပေးမှာဖြစ်ပါတယ်။ အစုရှယ်ယာ အသေးစိတ်ကို မညှိနှိုင်းရသေးပေမယ့် အကြမ်းအားဖြင့် ထိုင်းက ၃၀ ရာခိုင်နှုန်း ဂျပန်က ၃၀ ရာခိုင်နှုန်းနဲ့ မြန်မာက ၄၀ ရာခိုင်နှုန်း ဖြစ်တယ်လို့ စီမံကိန်းနဲ့ ပတ်သက်သူ တစ်ယောက်က ပြောပါတယ်။
အစိုးရတွေ ကိုယ်တိုင်လည်း ရင်းနှီးမြှုပ်နှံနိုင်သလို ကိုယ်ပြည်တွင်းက လုပ်ငန်းရှင်တွေကို ခေါ်ယူပြီး ရင်းနှီးခိုင်းတာမျိုး လုပ်နိုင်တဲ့အပြင် တခြားနိုင်ငံတွေက လာရောက် ရှင်းနှီးမြှုပ်နှံမယ့် သူတွေကိုလည်း ဖိတ်ခေါ်သွားမယ်လို့ ဆိုပါတယ်။
စီမံကိန်း အကောင်အထည်ဖေါ်တဲ့ နေရာမှာ စီမံခန့်ခွဲ ဖို့အတွက် ထိုင်းနဲ့ မြန်မာ အစိုးရတို့ ပူးပေါင်းပြီး ထားဝယ် စီးပွားရေးဇုန် ဖွံ့ဖြိုးရေး ကုမ္ပဏီ တည်ထောင်ထားပါတယ်။
ဂျပန်နိုင်ငံ ပါဝင်လာတဲ့အတွက် ငွေကြေးစိုက်ထုတ်နိုင်မယ်၊ နည်းပညာလည်း ပါလာမယ်လို့ ထားဝယ် စီးပွားဇုန် ဖွံ့ဖြိုးရေး ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဘက်က ဒါရိုက်တာ ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
ဒါ့အပြင် ဂျပန်နိုင်ငံနဲ့ အတူ သူ့နောက်က ရင်နှီးမြှုပ်နှံသူတွေလည်း ပါလာမယ်လို့ မျှော်လင့်ကြောင်း သူက ပြောပါတယ်။
အခုစီမံကိန်းကို သုံးနိုင်ငံ ပူးပေါင်း စီမံခန့်ခွဲသွားမှာ ဖြစ်ပြီး ဘယ်နိုင်ငံက ဘာတာဝန်လုပ်ရမယ်ဆိုတာ သီးခြား သတ်မှတ်မထားဘူးလို့လည်း ဦးထွန်းထွန်းနိုင်က ပြောပါတယ်။
ရေနက်ဆိပ်ကမ်း၊ ကားလမ်း၊ ရထားလမ်း၊ ရေ နဲ့လျှပ်စစ်မီး၊ မြို့သစ် စတဲ့ အခြေခံ အဆောက်အအုံတွေအတွက် အမေရိကန်ဒေါ် သန်း ၈ ထောင်လောက် ကုန်ကျမယ်လို့ခန့်မှန်းထား ပါတယ်။
စက်မှုဇုန်အတွင်း စက်ရုံအလုပ်ရုံတွေပါ ပါဝင်လာမယ်ဆိုရင် ဒေါ်လာ သန်းပေါင်း ၁ သိန်းလောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။
ကမ်းလွန်လုပ်ကွက်ဖြစ်သည့် အောင်သိင်္ခမှ ရေနံနှင့်သဘာဝဓာတ်ငွေ့များကို ၂၀၁၉ ခုနှစ်တွင် စတင်ထုတ်လုပ်မည်
ကမ်းလွန်လုပ် ကွက်ဖြစ်သည့် အောင်သိင်္ခမှ ရေနံနှင့် သဘာဝဓာတ်ငွေ့များ ၂၀၁၉ ခုနှစ် ပတ်ဝန်းကျင်တွင် စတင်ထုတ်လုပ် နိုင်တော့မည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ အငြိမ်းစားညွှန်ကြားရေး မှူးချုပ် ဦစိုးမြင့်က ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ရတနာ၊ ရဲတံခွန်၊ ရွှေ၊ ဇောတိကစသည့် ကမ်း လွန်လုပ်ကွက် လေးခုမှ သဘာဝဓာတ် ငွေ့ထုတ်ယူခြင်း၊ ရောင်းချခြင်းလုပ် ငန်းများကို ဆောင်ရွက်နေပြီဖြစ် ကြောင်း ဦးစိုးမြင့်က ကုန်သည်စက်မှု အသင်းချုပ်တွင်ပြုလုပ်သည့် ''၂၀၁၅ အလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍ ဖွံ့ဖြိုးမှုအလားအလာ'' ဆွေးနွေး ပွဲတွင် မီဒီယာများသို့ ပြောသည်။
ဦးစိုးမြင့်က ''မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍ အလားအလာနဲ့ ပတ်သက်ပြီး အင်မတန်မှ အားရ ကျေနပ်ဖို့ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံခြားသုံးငွေအများဆုံးရှာ ပေးနေတဲ့ကဏ္ဍဟာ ရေနံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍဖြစ်ပါတယ်။ ကာလ တစ်လျှောက်မှာ မြန်မာနိုင်ငံ ကမ်းလွန် ပင်လယ်ပြင်မှာ သဘာဝဓာတ်ငွေ့မြေ ငါးခုတွေ့ခဲ့ပါတယ်။ ရတနာ၊ ရဲတံခွန်၊ ရွှေ၊ ဇောတိက သဘာဝဓာတ်ငွေ့မြေ လေးခုစလုံးက ထုတ်လုပ်မှုတွေရှိနေပါ ပြီ။ နိုင်ငံခြားသုံးငွေတွေလဲ ရှာပေး နေပါပြီ။ နောက်ထပ်တစ်ခုကတော့ အောင်သိင်္ခလို့ခေါ်တဲ့ သဘာဝဓာတ် ငွေ့မြေတစ်ခုကလဲ ၂၀၁၉ခုနှစ်ပတ် ဝန်းကျင်ကာလမှာ စတင်ပြီးတော့ ထုတ်လုပ်နိုင်မှာပါ''ဟု ဆိုသည်။
ယင်းအပြင် Shell ၊ Total ၊ BG အပါအဝင် ရေနံနှင့် သဘာဝဓာတ် ငွေ့ရှာဖွေရေးကဏ္ဍတွင် နောက်ဆုံး ပေါ်နည်းပညာများနှင့် ငွေကြေးအ သုံးပြုနိုင်သည့် ကမ္ဘာကျော်ရေနံကုမ္ပဏီများမှ မြန်မာနိုင်ငံ၏ ရေ နံနှင့် သဘာဝ ဓာတ်ငွေ့တွင် ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ ရေနက်ပိုင်းတွင်ပါ တိုးချဲ့ရှာဖွေ မှုများ ဆောင်ရွက်တော့မည်ဖြစ်သည်။
''အခုပြီးခဲ့တဲ့ကာလအပိုင်း အတောအတွင်းမှာ သဘာဝဓာတ်ငွေ့မြေ ပေါင်း ငါးခုတိတိတွေ့ခဲ့ပြီး နောက် ပိုင်း ရေနက်ပိုင်းမှာပါတိုးချဲ့ပြီး ရှာဖွေ တော့ မှာဖြစ်တယ်။ ရှာဖွေမယ့် ကုမ္ပဏီတွေကလဲ ကမ္ဘာကျော် ရေနံကုမ္ပဏီ ကြီး တွေက ဦးစီး၊ ဦးဆောင်လုပ်တော့မှာ ဖြစ်တဲ့အတွက် အတတ်ပညာ ပိုင်းမှာ ရှေ့ဆုံးကပြေးနေသလို၊ ငွေကြေးပိုင်းမှာလဲ အကန့်အသတ်မရှိ သုံးနိုင်တဲ့ အနေအထားမှာရှိနေတဲ့အတွက် ရေနံ ရှာဖွေရာမှာ ပြီးခဲ့တဲ့သမိုင်း ထက် ပိုပြီး တော့ တောက်တော့မယ့်အနာဂတ် ကြီးဖြစ်ဖို့ သေချာသလောက် ရှိနေပါ ပြီ''ဟု ယင်းက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံမှထွက်ရှိသော သဘာဝဓာတ်ငွေ့ကို ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံ များသို့ တင်ပို့လျက်ရှိပြီး ရေနံကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့ လျက်ရှိကြောင်း ကုန်သည်/စက်မှု အသင်းချုပ်မှ သိရသည်။
ကုန်သည်/စက်မှုအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမျိုးသက်က ''ကုန်းတွင်း ပိုင်းမှာ ၁ရ ကွက် ကုမ္ပဏီ ၁၂ ခု၊ ကမ်းလွန်ပိုင်းမှာ ၁၀ကွက်ကို ကုမ္ပဏီ ကိုးခုနဲ့လုပ်ကိုင်ဆောင်ရွက် လျက်ရှိကြောင်းလဲ သိရပါတယ်'' ဟု ဆိုသည်။
၁၉၉၂ ခုနှစ်မှ စတင်တည်ထောင်ခဲ့သော မြန်မာနိုင်ငံသားများဘဏ်လီမိတက် MCB သည်
၂ဝ၁၄-၁၅ ဘဏ္ဍာရေးနှစ်၌ အမြတ်ငွေကျပ် သန်းပေါင်း ၅၁ဝ၇ ရရှိခဲ့၍ ၂၃ နှစ်ကာလအတွင်း အမြတ်အများဆုံး ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဇူလိုင်လ ၁၁ ရက်နေ့ တွင် ရန်ကုန်မြို့ရှိ Dolphin Restaurant ၌ကျင်းပသော ၂၃ ကြိမ်မြောက် နှစ်ပတ်လည်အထွေထွေအစည်းအဝေးပွဲတွင် အဆိုပါဘဏ်မှ ဥက္ကဋ္ဌ ဦးတိုးအောင်မြင့်က ပြောသည်။ ''ယခင် ၂ဝ၁၃-၂ဝ၁၄ မှာ အမြတ်ငွေ ကျပ်သန်းပေါင်း ၃၃၅၁ ရရှိခဲ့တဲ့အတွက် ယခုနှစ် အမြတ်ငွေက ယခင်နှစ်ထက် ကျပ် သန်းပေါင်း၁၇၅၆၊ တစ်နည်းအားဖြင့် ၅၂ ရာခိုင်နှုန်းအမြတ်ပိုရရှိခဲ့ပါတယ်။
သက် တမ်းတစ်လျှောက်အမြတ် အများဆုံးရရှိခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံတော်ကို ယခု အချိန် အထိ ဝင်ငွေခွန် စုစုပေါင်း ကျပ် ၄၃၁၃ သန်း ပေးဆောင်ခဲ့ပါတယ်။ အခွန် ထမ်းတဲ့ဘဏ် ၂၂ ဘဏ်မှာ အများဆုံး အခွန်ပေးဆောင် တဲ့ စာရင်းမှာ အဆင့် ၁ဝ ရပါတယ်။ ယခု ဘဏ္ဍာနှစ်မှာရတဲ့ ကျပ်သန်းပေါင်း ၅၁ဝ၇ ကို ဝင်ငွေခွန်ကျပ် ၁၂၈၁ သန်း၊ အသား တင် ထားရှိရမယ့် သီးသန့်ငွေ ကျပ် ၉၄၇ သန်း၊ ချေးငွေအတွက် လျာထား ငွေကျပ် ၅၂၅ သန်း၊မမျှော်မှန်းနိုင်သော ကိစ္စရပ်များ အတွက် သီးသန့် ရန်ပုံငွေကျပ် သုံးသန်း လျာထားခဲ့ပြီးတော့ ခွဲဝေမပေးတဲ့ အမြတ် ငွေ အဖြစ် ကျပ် ၂၄ သန်းလျာထားပါတယ်။
အဆိုပါဘဏ်သည် ဘဏ်ခွဲပေါင်း ၁၆ ခုဖွင့်လှစ်ခဲ့ပြီး ယခုနှစ်တွင် မြိတ်၊ စစ်တွေ၊ ပုသိမ်၊ ပခုက္ကူမြို့နှင့် ရန်ကုန်မြို့ရှိ ပုဇွန်တောင် မြို့နယ်တွင် ဘဏ်ခွဲများ ဖွင့်ရန်ရှိ ကြောင်း၊ နိုင်ငံခြားငွေလုပ်ငန်းများအဖြစ် ၂ဝ၁၁ ခုနှစ် Money Changer License ရရှိခဲ့ပြီး၊ ယနေ့အချိန်အထိ Money Changer Counter လေးခု ဖွင့်လှစ် ဆောင်ရွက်လျက်ရှိကြောင်း၊၂ဝ၁၂ သြဂုတ်လတွင်နိုင်ငံခြားဘဏ်လုပ်ငန်းများ ဆောင်ရွက်နိုင်သော A.D လိုင်စင်ရရှိခဲ့ပြီး နိုင်ငံခြားဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ ငွေစာရင်းဖွင့်လှစ်ခြင်းနှင့် နိုင်ငံခြားငွေ ဝန်ဆောင်မှု လုပ်ငန်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ Visa Card နဲ့ Master Card များကို ပြည်တွင်းပြည်ပ အသုံးပြု နိုင်ရန် ထိုင်းနိုင်ငံရှိ 2C2B ကုမ္ပဏီနှင့် ချိတ် ဆက်ထားပြီး အသုံးပြုဆောင်ရွက်နိုင်ပြီ ဖြစ်ကြောင်း၊ MPU အဖွဲ့ဝင်ဖြစ်၍ မိမိတို့ ၏ ATM Card များကို MPU စနစ်ဖြင့် ချိတ်ဆက်ထားသော ကမ္ဘောဇ၊ ဧရာဝတီနှင့် သမဝါယမဘဏ်များ၏ ATM စက် များ တွင် ငွေထုတ်၊ငွေသွင်းပြုလုပ်နိုင်ကြောင်း၊ ဆက်လက်ပြီး လျှပ်စစ်မီတာခပေးချေ သော Online Bill ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်ပေးနေပြီး၊ တယ်လီဖုန်းဖြင့် ငွေပေးပို့နိုင်သော Mobile Payment စနစ် ကိုဧရာဝတီတိုင်း၊ရခိုင်ပြည်နယ်နှင့် ရန်ကုန် တိုင်းတို့တွင် စမ်းသပ်ဆောင်ရွက်နေပြီဖြစ်ကြောင်း ၎င်းကဆိုသည်။
အေးမြတ်မွန်
မြန်မာနိုင်ငံ ငွေကြေးဈေးကွက်မှာ မျှော်မှန်းသည်ထက် ကောင်းမွန်ပြီး ရုံးခွဲဖွင့်လှစ်ပြီး သုံးလအတွင်း မစ်ဆူဘီရှီ ရန်ကုန်ဘဏ်ခွဲသို့ ဘဏ်နှင့် လာရောက်ဆက်သွယ်လုပ်ကိုင်သူ ၈၀ ကျော်ရှိကာ ဘဏ်စာရင်း ၁၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း BTMU ၏ CEO ပြောကြား

မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ပြီး သုံးလအတွင်း မစ်ဆူဘီရှီ ရန်ကုန်ဘဏ်ခွဲသို့ ဘဏ်နှင့် လာရောက်ဆက်သွယ်လုပ်ကိုင်သူ ၈၀ ကျော်ရှိပြီး ဘဏ်စာရင်း ၁၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း Bank of Tokyo Mitsubishi (BTMU) ၏ Chief Executive Officer Mr. Go Watanabe က ဇူလိုင် ၃၁ ရက်တွင် ပြောကြားသည်။ ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် Nikkei Asian Review မှ ပြုလုပ်သည့် မြန်မာနိုင်ငံ အလားအလာ Myanmar: A Land of Huge Potential ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ပြီး သုံးလအတွင်း ဘဏ်စာရင်းလာရောက် ဖွင့်လှစ်သူ ၈၀ ကျော်ရှိပြီး စုစုပေါင်း ဘဏ်စာရင်းဟာ ၁၀၀ ကျော် ရရှိပြီး ဖြစ်ပါတယ်။ ဒါဟာ အင်မတန် အံ့သြစရာကောင်းတဲ့ ရလဒ်ပါ” ဟု Mr.Watanabe က ပြောကြားသည်။
Bank of Tokyo Mitsubishi (BTMU) ၏ ရန်ကုန်ရုံးခွဲကို ဧပြီ ၂၂ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Union Financial Center တွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြည်တွင်းတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့သည့် ဘဏ်ကိုးခုတွင် ရုံးခွဲပထမဆုံး ဖွင့်လှစ်သည့် ဘဏ်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရ ဂျပန်နိုင်ငံဘဏ် Bank of Tokyo Mitsubishi က ဒေါ်လာသန်း ၁၀၀ စတင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ပြည်တွင်းမိတ်ဖက်ဘဏ်အဖြစ် CB ဘဏ်နှင့် တွဲဖက်လုပ်ကိုင်မည်ဖြစ်ကြောင်း Mr. Go Watanabe က ဖွင့်ပွဲတွင် ပြောကြားခဲ့ပြီး တစ်နှစ်အတွင်း ဘဏ်စာရင်း ၁၅၀ ၀န်းကျင် လာရောက်ဖွင့်လှစ်ရန် မျှော်မှန်းထားပြီး အပ်ငွေသန်း ၁၀၀ ရရှိရန် မျှော်မှန်းထားကြောင်း ပြောကြားသည်။
ယခုရလဒ်သည် မျှော်မှန်းသည်ထက် ကောင်းမွန်ခဲ့ကြောင်း၊ သို့သော်လည်း ဘဏ်သို့လာရောက်သူများက ကျပ်ငွေ၊ ဒေါ်လာများဖြင့် ချေးငွေထုတ်ချေးမှု၊ နိုင်ငံခြားငွေ လဲလှယ်မှုတို့ကိုသာ ဆောင်ရွက်နိုင်သေးကြောင်း၊ derivatives market နှင့် bond market များ ၀န်ဆောင်မှုပေးစေလိုကြောင်း ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများက တောင်းဆိုမှုများ ရှိသော်လည်း နိုင်ငံခြားဘဏ်တစ်ခု အနေဖြင့် စောင့်ဆိုင်းရမည့် အခြေအနေများ ရှိနေကြောင်း ၎င်းက ဆိုသည်။
BTMU ဘဏ်သည် ၁၉၁၉ ခုနှစ် နှောင်းပိုင်းတွင် စတည်တည်ထောင်ခဲ့သည့် Mitsubishi UFJ Financial Group ၏ အဓိက လုပ်ငန်းဌာနခွဲ တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၄၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၇၅ ခုရှိပြီး ဂျပန်နိုင်ငံတွင်လည်း ဘဏ်ခွဲပေါင်း ၇၇၀ ခန့်ဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် အခြားငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည့် ဘဏ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ BTMU ၏ မိခင်ကုမ္ပဏီ MUFG သည် ကမ္ဘာ့ထိပ်တန်းငွေကြေး လုပ်ငန်းစုဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လအထိ စုစုပေါင်းပိုင်ဆိုင်မှု တန်ဖိုးဒေါ်လာ ၂ ဒသမ ထရီလျံရှိကြောင်းလည်း သိရသည်။
ဇော်ဝေ
ရန်ကုန်တွင် ၂ နှစ်အတွင်း အိမ်ဈေး ၅၀ ရာခိုင်နှုန်းကျော်နှင့် ရုံးခန်းဈေး ၃၈ ရာခိုင်နှုန်းကျော် မြင့်တက်ဟုဆို
ရန်ကုန်မြို့တော်တွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်ထိ ၂ နှစ်အတွင်း အိမ်ဈေး ၅၀ ရာခိုင်နှုန်းကျော်နှင့် ရုံးခန်းဈေး ၃၈ ရာခိုင်နှုန်းကျော် မြင့်တက်လာကြောင်း အွန်လိုင်း အိမ်၊ ခြံ၊ မြေ ဝက်ဘ်ဆိုက် House.com ၏ စစ်တမ်းများအရ သိရသည်။ ဆင်ခြေဖုံးမြို့နယ်များနှင့် မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်းနေရာများကို ရင်းနှီးမြှုပ်နှံသူတို့ ပြောင်းရွှေ့ရင်းနှီးမှု များပြားလာခြင်းကြောင့် ယင်းနေရာများ ဈေးနှုန်းမြင့်တက်လာပြီး မြို့တွင်းနေရာများလည်း ဈေးနှုန်းများ လိုက်ပါမြင့်တက်လာကြောင်း ယင်းစစ်တမ်းတွင် ဖော်ပြထားသည်။ေ နာက်ပိုင်းနှစ်များအတွင်း မြို့ပြတည်ဆောက်ရေး စီမံကိန်းများကို ဆင်ခြေဖုံးဒေသများတွင် ပိုမိုပြုလုပ်လာခြင်းကြောင့် ယင်းနေရာတစ်ဝိုက်ရှိ အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည်လည်း မြင့်တက်ရန် မျှော်မှန်း၍ ရင်းနှီးမြှုပ်နှံသူများက ယင်းနေရာများကို လိုက်လံဝယ်ယူလာခြင်း ဖြစ်ကြောင်း အဆိုပါ ဝက်ဘ်ဆိုက်က ဆိုသည်။
ဆင်ခြေဖုံးမြို့နယ်နှင့် မြို့တော်စီမံကိန်း နေရာများတွင် ဈေးနှုန်းမြင့်တက်၍ ရင်းနှီးမြှုပ်နှံသူ များပြားလာခြင်းသည် အဓိကမြို့ကြီးများ၌ အရောင်းအဝယ် မဖြစ်ခြင်းကြောင့် ဖြစ်ကြောင်း အိမ်၊ ခြံ၊ မြေ ဈေးကွက်ကျွမ်းကျင်သူများက ပြောကြားသည်။

မန္တလေးမြို့တော်တွင်လည်း အိမ်၊ ခြံ၊ မြေ ဈေးနှုန်းများသည် တဖြည်းဖြည်း မြင့်တက်လျက်ရှိပြီး အထူးသဖြင့် ဆောက်လုပ်ရေးစီမံကိန်း ဧရိယာများတွင် ဈေးနှုန်းမြင့်တက်ကြောင်း မန္တလေး အိမ်၊ ခြံ၊ မြေ ဈေးကွက်အတွင်းမှ သိရသည်။
မန္တလေးမြို့ရှိ မြို့သာစီမံကိန်း နေရာများတွင် ယခင်က တစ်ဧကလျှင် ကျပ်သိန်း ၁၀၀ မှ ၂၀၀ ဝန်းကျင်ခန့်ရှိ နေရာများသည် ယခုအခါ ကျပ်သိန်း ၂၀၀ မှ ၃၀၀ ခန့်သို့ လည်းကောင်း၊ မြရည်နန္ဒာ အိမ်ရာစီမံကိန်း တစ်ဝိုက်တွင် ပြီးခဲ့သည့် ၂ နှစ်ခန့်က ကျပ်သိန်း ၆၀၀ ခန့် မြေကွက်များသည် ယခုအခါ ကျပ်သိန်း ၂၀၀၀ ခန့်သို့ လည်းကောင်း၊ ယခင် ကျပ်သိန်း ၈၅၀ ခန့်ရှိ နေရာများသည် ယခုအခါ ကျပ်သိန်း ၂၈၀၀ မှ ၃၀၀၀ ခန့်သို့လည်းကောင်း ဈေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း အဆိုပါ ဈေးကွက်အတွင်းထံမှ သိရသည်။
Category: bcjpnoa, Ei Ei Htwe, htaynaing, Maung Thura mYint, News, winnaingoo, zaw tun, ခွန်ကံလှ, လမ်းမိုင်း, ဝေယံမင်း