ပညာရေး

hnm | 火曜日, 10月 20, 2015 |




မြန်မာစကားသင်ယူသူများတွင် တရုတ်နိုင်ငံသားများ ထိပ်ဆုံးကဦးဆောင်နေပြီး တောင်ကိုရီးယားနိုင်ငံသားများ ဒုတိယလိုက်နေ

နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)တွင် စတင်ဖွင့်လှစ်သည့်အချိန်မှစ၍ ယခုပညာသင်နှစ်အထိ နှစ်ပေါင်း ၄၀ ကျော်အတွင်း နိုင်ငံတကာကျောင်းသား ၁၃၀၀ ကျော် တက်ရောက်သင်ကြားခဲ့ပြီး တရုတ်နိုင်ငံမှ ကျောင်းသားအများဆုံးဖြစ်ကြောင်း သတင်းရရှိသည်။ နို င်ငံတကာ ကျောင်းသား များအနက် တရုတ်နိုင်ငံမှ ကျောင်းသားဦးရေ ၆၀၀ ကျော်ဖြင့် အများဆုံးတက်ရောက်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံမှ ကျောင်းသား ၃၀၀ ကျော်၊ ဂျပန်နိုင်ငံမှ ကျောင်းသား ၂၀၀ ကျော်နှင့် ဗီယက်နမ်နိုင်ငံမှ ကျောင်းသား ၄၀ ကျော်တက်ရောက်ခဲ့ကြောင်း နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)မှ သိရသည်။

‘‘နိုင်ငံခြားသားတွေက မြန်မာဘာသာစကားကို အသင်များလာ တာက သူတို့ရဲ့ကုမ္ပဏီလုပ်ငန်း ခွင်တွေမှာ အများကြီးအကျိုးရှိ တယ်။ သံတမန်နဲ့အဆက်အသွယ် လုပ်ဖို့၊ စကားပြန်လုပ်ဖို့ လာသင်ကြတာရှိတယ်။ အခုဆိုရင် မြန်မာ ပြည်မှာ နေထိုင်တဲ့ နိုင်ငံခြားသား တွေက မြန်မာဘာသာစကားကို တတ်ချင်တဲ့အခါ လာတက်ကြတာများတယ်။ ဒီနှစ်က မနှစ်ကထက် နှစ်ဆပိုများတယ်’’ဟု နိုင်ငံခြားဘာသာတက္ကသိုလ်(ရန်ကုန်)ပါမောက္ခချုပ် ဒေါက်တာလွင်လွင်စိုးက ပြောသည်။

ယခုပညာသင်နှစ်တွင် မြန်မာဘာသာစကား လာရောက်သင် ကြားနေသည့် နိုင်ငံတကာကျောင်းသား ၂၆၀ ကျော် ရှိကြောင်း နိုင်ငံ ခြားဘာသာတက္ကသိုလ်(ရန်ကုန်)ရှိ မြန်မာစာဌာနမှ သိရသည်။

‘‘အဓိကက မြန်မာဘာသာစကားကျွမ်းကျင်မှုသင်တန်းကို လာတက်ကြတာများတယ်။ အဆင့်မြင့်တန်းမှာ ပိုများတယ်။ ဒီနှစ်က ကိုရီးယားနဲ့ တရုတ်လူမျိုးများ တယ်။ မြန်မာဘာသာစကားကို စိတ်ဝင်တစားနဲ့ လာတက်ကြတဲ့ သူများတဲ့အတွက် ဝမ်းသာတယ်။ ဂုဏ်ယူမိတယ်’’ဟု မြန်မာစာဌာနမှူး ဒေါက်တာကြည်ကြည်မိုးက ပြောသည်။

မြန်မာစာဌာနတွင် မြန်မာ ဘာသာနှင့်ပတ်သက်၍ ဘွဲ့ကြို၊ ဘွဲ့လွန်၊ ဒီပလိုမာနှင့် မြန်မာဘာသာစကားကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက် ရှိသည်။ နိုင်ငံခြားဘာသာ တက္ကသိုလ်(ရန်ကုန်)တွင် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် သင်တန်းများ၌ ကျောင်းသူ၊ ကျောင်းသား ၃,၀၀၀ ခန့် တက်ရောက်သင်ကြားလျက်ရှိသည်။


 ဇော်မျိုးလှိုင်




ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ အချိန်ပိုင်းနှင့် အချိန်ပြည့် ပထမနှစ်ဒီပလိုမာသင်တန်းလျှောက်လွှာများခေါ်ယူ

ရန် ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် မှ နံနက်ပိုင်းတွင်ဖွင့်လှစ်မည့် အချိန် ပိုင်းနှင့်အချိန်ပြည့် ပထမနှစ်ဒီပလို မာသင်တန်းများအတွက် လျှောက် လွှာများ ခေါ်ယူနေပြီဖြစ်ကြောင်း သိရသည်။ ရန်ကုန်နိုင်ငံခြားဘာသာတက္က သိုလ်တွင် ၂၀၁၅-၁၆ ပညာသင်နှစ် အတွက် ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်တော့မည်ဖြစ်ပြီး တက္ကသိုလ် မှ ဘွဲ့တစ်ခုခုရရှိထားသူ မည်သူမဆို လျှောက်ထားနိုင်ကြောင်း သင်တန်း ဝင်ခွင့်လျှောက်လွှာများကို ယခု နှစ် နိုဝင်ဘာလ ၂ ရက် မှ ၁၃ ရက် အထိ တင်သွင်းရမည်ဖြစ်ကြောင်း၊ လျှောက်ထားသောသူများကို နိုင်ငံ ခြားဘာသာတက္ကသိုလ်မှ စစ်ဆေး သည့် ဝင်ခွင့်စာမေးပွဲအောင်မြင်မှ သာ သင်တန်းတက်ရောက်ခွင့်ရရှိ မည်ဖြစ်ကြောင်း ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၏ ထုတ်ပြန်ချက် အရ သိရသည်။

''ဝင်ခွင့်လျှောက်ထားတဲ့အ ချိန်မှာ ဝင်ခွင့်စာမေးပွဲဖြေမယ့် ရက် ကိုတစ်ခါတည်း ပြောပြပေးမှာ ဖြစ်ပါတယ်။ ဘာသာစကားသင်တန်း တွေအတွက် သင်တန်းတစ်ခုကို သင်တန်းသား ဘယ်လောက်ခေါ် မယ်ဆိုတာတော့ အတိအကျပြော လို့ မရသေးပါဘူး။ ဒီပလိုမာသင် တန်းမှာဆိုရင် တက်ရောက်တာများ တဲ့ သင်တန်းက အင်္ဂလိပ်စာပါပဲ။အင်္ဂလိပ်စာက ညနေပိုင်းသင်တန်း တွေမှာလဲ အများဆုံးတက်ရောက် နေတဲ့သင်တန်းဖြစ်ပါတယ်''ဟု ရန် ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် မှတာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ဖွင့်လှစ်မည့်အချိန်ပြည့် သင်တန်းများမှာ အင်္ဂလိပ်ဘာသာ (၁ နှစ်သင်တန်း)၊ အီတာလျံဘာ သာ(၂ နှစ်သင်တန်း)၊ အထွေထွေ ဘာသာဗေဒ(၂ နှစ်သင်တန်း)တို့ ဖြစ်ပြီး အချိန်ပိုင်း(၄ နှစ်သင်တန်း) များမှာ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ဂျပန်၊ ထိုင်း ဘာသာတို့ဖြစ်ကြောင်း သိရသည်။

အချိန်ပြည့်သင်တန်းများဖြစ် သည့် အင်္ဂလိပ်ဘာသာသင်တန်း ကို နံနက် ၉ နာရီမှ ညနေ ၃ နာ ရီမိနစ် ၂၀ အထိ သင်ကြားမည်ဖြစ် ပြီး အီတာလျံဘာသာသင်တန်းကို နံနက် ၈ နာရီခွဲမှ ၁၂ နာရီအထိ သင်ကြားမည်ဖြစ်ကြောင်း၊ အချိန် ပိုင်းသင်တန်းများကို နေ့စဉ် နံနက် ရ နာရီမှ ၈ နာရီ ၃၀ မိနစ်ခွဲအထိ သင်ကြားမည်ဖြစ်ကြောင်း၊ သင် တန်းများအားလုံးကို အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့အထိ ဖွင့်လှစ်သင်ကြားမည်ဟု ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်မှ ထုတ်ပြန်ထားသည်။

အထွေထွေဘာသာဗေဒသင် တန်းကို လျှောက်ထားမည့်သူများသည် သင်တန်းဝင်ခွင့်အတွက် ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်ထား သူများဖြစ်ရန် လိုအပ်သော်လည်း ယင်းဘွဲ့မရရှိထားသူများအနေဖြင့် အဆိုပါဘာသာရပ်နှင့် ဆက်စပ် နေသော လုပ်ငန်းများတွင် လုပ် ကိုင်နေသူ (ဘာသာပြန်၊ စကား ပြန်လုပ်သူများ၊ ဘာသာစကားသင် ကြားသူများ၊ သတင်းမီဒီယာလုပ် ငန်းဆောင်ရွက်နေသူများ) ဖြစ်ပါ က လျှောက်ထားနိုင်ကြောင်း သိရသည်။



အမျိုးသား ပညာရည်မြင့်မားရေး National Education Sector Plan အတွက် လေးနှစ် စီမံကိန်း ချမှတ် ဆောင်ရွက်မည်

အဆင့်မြင့်ပညာ ကဏ္ဍတွင် တက္ကသိုလ်များ၏ အရည်အသွေး ပိုမို တိုးတက်လာစေရန် National Education Sector Planကို ၂ဝ၁၆ -၂ဝ၁၇ ဘဏ္ဍာနှစ်မှ ၂ဝ၂ဝ- ၂ဝ၂၁ ဘဏ္ဍာနှစ်အထိ လေးနှစ် စီမံကိန်း ချမှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆင်မြင့်ပညာ ဦးစီးဌာန(အောက်မြန်မာပြည်)မှ သိရသည်။ လက်ရှိတွင် ပထမအဆင့် အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများ၏ အဆင့်မြင့်ပညာကဏ္ဍ တစ်ခုလုံးနှင့် သက်ဆိုင်သည့် ကဏ္ဍအလိုက် စီမံကိန်းများ ရေးဆွဲရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း အဆင့်မြင့် ပညာဦးစီးဌာန (အောက်မြန်မာပြည်)မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောသည်။ ''အခု ဆောင်ရွက်မယ့် လေးနှစ် စီမံကိန်း အတွက် ပြည်တွင်းမှာ ရှိတဲ့ တက္ကသိုလ်တွေ အကုန်လုံးကို ကိုယ့်တက္ကသိုလ်ရဲ့ လုပ်ဆောင်ခဲ့တဲ့ သက်တမ်း အလိုက် အတွေ့အကြုံတွေကို အခြေခံပြီးတော့ အကြောင်းအရာတွေကို ရေးသား ပြုစုပြီး ၂ဝ၁၆ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက် အရောက် ပေးပို့ ခိုင်းထားပါတယ်။

တက္ကသိုလ် အလိုက် တစ်ခုချင်း ရလာမယ့် Result ကိုကြည့်ပြီး စီမံကိန်းကို ဆက်လက် အကောင်အထည် ဖော်မယ်။ အဲဒီမှာ အားနည်းချက်တွေ၊ အားသာချက်တွေ အနည်းနဲ့အများ ရှိလာပါမယ်။ အားနည်းချက်တွေက ရှေ့ဆက်မယ့် စီမံကိန်းထဲမှာ ပြင်ဆင်သွားရမယ့် အရာတွေပါ။ အားသာချက်တွေကိုလည်း မှတ်တမ်းတင် ထားပြီးတော့ ဒီအတိုင်း ရှေ့ဆက်သွားရင် ပိုပြီးတော့ ကောင်းလာနိုင်သလား။ ဘယ်လိုအခြေအနေက ပိုကောင်း လာနိုင်မလဲ ဆိုတာကို ဆွေးနွေးပြီးတော့ အကောင်အထည် ဖော်သွားပါမယ်''ဟု ၎င်းက ပြောသည်။ အဆင့်မြင့်ပညာ ဦးစီးဌာနသို့ ရေးသား ပေးပို့ရမည့် အကြောင်းအရာများမှာ လွန်ခဲ့သည့် ငါးနှစ်တာ ကာလအတွင်း ဆောင်ရွက်ခဲ့သည့် အဓိကကျသည့် စနစ် (Education System) ပြုပြင်ပြောင်းလဲမှုများ၊ သုံးနှစ်မှ ငါးနှစ်အတွင်း ဆောင်ရွက်ခဲ့သော ပညာရေး ဝန်ဆောင်မှု (Service Delivery) ဆိုင်ရာ ပြုပြင် ပြောင်းလဲမှုများ၊ နောင်လာမယ့် ငါးနှစ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် အဓိက စိန်ခေါ်မှုများနှင့် ယင်းစိန်ခေါ်မှု များအား ဖြေရှင်းနိုင်မည့် အဆိုပြု နည်းစနစ်များ ဖြစ်ကြောင်း သိရသည်။



ယခုနှစ်စီးပွားရေး တက္ကသိုလ်များ၏ဝင်ခွင့် အနိမ့်ဆုံးအမှတ်စာရင်းများ အကြမ်းဖျင်းသတ်မှတ်

ယခု နှစ်စီးပွားရေးတက္ကသိုလ်များသို့ ဝင် ခွင့်ရရှိသော အနိမ့်ဆုံးအမှတ်စာရင်း များကို အကြမ်းဖျင်း သတ်မှတ်ထား ရှိပြီးဖြစ်ကြောင်း သိရသည်။ ယခုနှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ လျှောက်ထားခဲ့သော စီးပွားရေးတက္ကသိုလ်များ၏ ဝင်ခွင့် ရအနိမ့်ဆုံးအမှတ် စာရင်းများကို အ ကြမ်းဖျင်းရွေးချယ်ထားပြီး ရန်ကုန် စီးပွားရေးတက္ကသိုလ်၏ အနိမ့်ဆုံးဝင် ခွင့်အမှတ်မှာ ၄၂၁ မှတ်ဖြစ်ပြီး မိတ္ထီ လာစီးပွားရေးတက္ကသိုလ်၏ အနိမ့် ဆုံးဝင်ခွင့်အမှတ်မှာ ၄၀၆ မှတ်ဖြစ် ကြောင်း မုံရွာစီးပွားရေးတက္ကသိုလ် အနိမ့်ဆုံးဝင်ခွင့် အမှတ် မှာ ၄၀၀ မှတ် ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်ရွေး ချယ်စိစစ်ရေးအဖွဲ့မှ သိရသည်။

''အမှတ်တွေက အတည်တော့ မဖြစ်သေးပါဘူး။ အကြမ်းဖျင်းအနေ နဲ့ ဝင်ခွင့်ရရှိထားသူတွေရဲ့ အမှတ် တွေကိုစဉ်လိုက်တော့ တက္ကသိုလ်အ သီးသီးက ဝင်ခွင့်ရဦးရေနဲ့ အနိမ့်ဆုံး အမှတ်တွေ ရရှိထားတာပါ။ ဒီကြား ထဲမှာ နယ်ပြောင်းသွားတာ ၊ ကျောင်း ပြောင်း သွားတာတွေရှိလာရင် အမှတ် အပြောင်းအလဲရှိချင်ရှိလာမှာပါ'' ဟု တက္ကသိုလ်ဝင်ခွင့်ရွေးချယ်ရေးအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်တွင် စီးပွားရေးတက္ကသိုလ်အသီးသီးမှ တက္က သိုလ်ဝင်တန်းတွင်
မည်သည့်ဘာသာ တွဲဖြင့်ဖြစ်စေ အောင်မြင်ပြီး ဘာသာ ရပ်အသီးသီးတွင် အနိမ့်ဆုံး ၅၀ မှတ် ရရှိပြီး စုစုပေါင်းရမှတ် ၃၅၀ ရရှိသူ များကို ဝင်ခွင့်လျှောက်ထားခွင့်ပြုခဲ့ သည်။

''ဒီနှစ် ဆရာမကြီးတို့ကျောင်း က စုစုပေါင်းကျောင်းသား ၁၂၀၀ ခေါ်ပါမယ်။ ဘွဲ့ကြိုတန်းအတွက်ပေါ့။ ဘာသာရပ်စုစုပေါင်းက ရှစ်ခုအထိ ရှိပါတယ်။ ဒီနှစ် ဆရာမကြီးတို့ကျောင်း အမှတ်က ၄၂၁ မှတ်လို့တော့သိရ တယ်။ ဒါပေမဲ့ ဒါက အကြမ်းဖျင်းလို့ ပဲသိထားပါတယ်'' ဟု ရန်ကုန်စီးပွား ရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက် တာခင်နိုင်ဦးက ပြောသည်။

ရန်ကုန်စီးပွားရေး တက္ကသိုလ် မှ ယခုနှစ် ဝင်ခွင့်လက်ခံရာတွင် အောက်မြန်မာပြည် ဒေသ ခုနစ်ခုမှ ကျောင်းသ ကျောင်းသူ များကို လက် ခံခဲ့ပြီး မိတ္ထီလာစီးပွားရေးတက္ကသိုလ် မှ ယခုနှစ်တွင် မြန်မာပြည်အလယ် ပိုင်းဒေသလေးခု မှ ကျောင်းသား၊ ကျောင်းသူများကိုလျှောက်ထားခွင့် ပြုခဲ့ကြောင်း မုံရွာစီးပွားရေးတက္က သိုလ်သည် အထက်မြန်မာပြည် ဒေသ လေးခု မှ ကျောင်းသား၊ ကျောင်းသူ များကို ဝင်ခွင့်ပြုထားကြောင်း သိရ သည်။

ယခုနှစ်တွင် စီးပွားရေးတက္က သိုလ်အသီးသီးသို့ သတ်မှတ်ထားသော တိုင်းဒေသကြီးပြည်နယ်များမှလွဲပြီး ကျန်တိုင်းနှင့်ပြည် နယ်များက လျှောက် ထားလိုသူများသည် သတ်မှတ်အမှတ် များကိုမီပါက လျှောက်ထားခွင့်ပြု ထားပြီး ယင်းတို့ကို စီးပွားရေးတက္က သိုလ်များသို့ ဝင်ခွင့်ရရှိသူများ၏ ၁၀ ရာခိုင်နှုန်းကို ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။



သင်ရိုးသစ်နှင့် ပတ်သက်သည့် မွမ်းမံ သင်တန်းများ ပေးရန် လိုအပ်နေသည့် ဆရာ ဆရာမများကို တိုးချဲ့ခန့်အပ်သွားမည်


လာမည့်နှစ်တွင် ပြောင်းလဲထားသော သင်ရိုးသစ်ဖြင့် စတင် သင်ကြားရမည် ဖြစ်သောကြောင့် သင်ရိုးသစ်နှင့် ပတ်သက်သည့် မွမ်းမံသင်တန်းများ ပေးရန် လိုအပ်လျက်ရှိသည့် ဆရာ၊ ဆရာမများကို တိုးချဲ့ ခန့်အပ်သွားမည် ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနမှ သိရသည်။ ''ဆရာ၊ ဆရာမတွေကို လက်ရှိမှာ သင်ရိုးသစ်နဲ့ ပတ်သက်တဲ့ မွမ်းမံ သင်တန်းတွေပေးဖို့ လုပ်နေပါတယ်။ လာမယ့်နှစ်အတွက် လိုအပ်တဲ့ ဆရာ၊ ဆရာမ ဦးရေကိုလည်း တိုးချဲ့ ခန့်အပ်သွားပါမယ်။ သင်ရိုးသစ်နဲ့ သင်ရမှာ ဖြစ်တဲ့အတွက် ဆရာဦးရေကို ထပ်ဖြည့်တဲ့ သဘောပါ''ဟု အဆိုပါ ဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

လာမည့် ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် အတွက် ဆရာ၊ ဆရာမ ဦးရေ ရှစ်သောင်းကျော်ကို ထပ်မံတိုးချဲ့ ခန့်ထားရန် ရည်ရွယ် ထားကြောင်း၊ လက်ရှိ အချိန်တွင် နေ့စား လပေး ဆရာ၊ ဆရာမကို ခေါ်ယူ ခန့်အပ်မှုများ ရှိနေကြောင်း၊ထို့အပြင် လိုအပ်ချက်များအရ အငြိမ်းစား ဆရာ၊ ဆရာမများကိုလည်း စာချုပ်စနစ်ဖြင့် ပြန်လည်ခေါ်ယူ ခန့်အပ်ရန် စီစဉ် နေကြောင်း သိရသည်။ 

ထိုသို့ ဆရာ၊ ဆရာမ ခေါ်ယူခန့်အပ်မှုများ အတွက် ဆရာ အတတ်သင် ကျောင်းများနှင့် ဆွေးနွေး ဆောင်ရွက်သွားမည် ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် မြို့နယ် ပညာရေးမှူးရုံးများမှ တစ်ဆင့် ခေါ်ယူသွားမည် ဖြစ်ကြောင်း၊ ခေါ်ယူခန့်အပ်မှုများ အတွက် ရေးဖြေ၊ နှုတ်ဖြေ စာမေးပွဲများကိုလည်း စိစစ်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း၊ မြန်မာ တစ်နိုင်ငံလုံး အတိုင်းအ တာအရ ကျောင်းသား ဦးရေမှာ ၈ ဒသမ ၈ သန်းဝန်းကျင် ရှိနေပြီး ဆရာ၊ ဆရာမဦးရေမှာ သုံးသိန်းကျော်ခန့် သာရှိသည့် အတွက် နှစ်စဉ် ဆရာ၊ ဆရာမ လိုအပ်ချက်များ အတွက် ဖြည့်ဆည်း၍ ခန့်အပ်မှုများ ရှိနေကြောင်း သိရသည်။


သြစတြေးလျနိုင်ငံမှ တက္ကသိုလ်များနှင့် မိတ်ဆက်ပေးခဲ့သည့် သြစတြေးလျပညာရေးပြပွဲ





တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသားများအနေဖြင့် မိမိတို့လျှောက်ထားသည့်တက္ကသိုလ်များမှ ပြောင်းရွှေ့ မည်ဆိုပါက ကျောင်းဖွင့်ပြီး ၂၁ ရက်အတွင်း ပြောင်းရွှေ့ ခွင့်ပေးမည်

ယခုနှစ် တက္ကသိုလ်ဝင် တန်းအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် မိမိတို့လျှောက်ထားခဲ့သော တက္ကသိုလ်များမှ ပြောင်းရွှေ့လျှောက် ထားမည်ဆိုပါက ကျောင်းဖွင့်ပြီး ၂၁ ရက်အတွင်း၌သာ ပြောင်းရွှေ့ခွင့်ရ ရှိမည်ဖြစ်ပြီး ယင်းရက်ထက်ကျော်လွန်ပါက ပြောင်းရွှေ့ခွင့်ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။ ယခုနှစ် တက္ကသိုလ်ဝင်ခွင့်ကို လျှောက်ထားခဲ့သော ကျောင်း သား၊ ကျောင်းသူများသည် ဝင်ခွင့်လျှောက်လွှာတွင် ဖြည့်စွက်ခဲ့သော တက္ကသိုလ် ကို တက်ရောက်လိုခြင်းမရှိတော့ဘဲ အကြောင်းအမျိုးမျိုးကြောင့် အခြား တက္ကသိုလ်များသို့ ပြောင်းလဲတက် ရောက်မည်ဆိုပါက ကျောင်းများဖွင့် လှစ်ပြီး ၂၁ ရက်အတွင်း၌သာ မိမိ တက်ရောက်လိုသော တက္ကသိုလ်များ သို့ ပြောင်းရွှေ့ခွင့်ရရှိမည်ဖြစ်ကြောင်း၊ တက္ကသိုလ် အပြောင်းအရွှေ့တင်ပြ ထားခြင်းနှင့်ပတ်သက်ပြီး အထောက် အထားခိုင်လုံမှုရှိမှသာ ပြောင်းရွှေ့ ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

''ပြောင်းမယ် ရွှေ့မယ်ဆိုတာ သေချာရင် ကိုယ့်ဆီကိုရောက်လာတဲ့၊ ကိုယ်အပ်ရမယ့် တက္ကသိုလ်ကိုသွား ပြီးတော့ မှတ်ပုံတင်တာ၊ ငွေသွင်း တာ တွေမလုပ်ရပါဘူး။ လုပ်လိုက်ရင် ကိုယ်မှတ်ပုံတင်တဲ့ကျောင်းမှာပဲ တက်ရ မှာဖြစ်ပါတယ်။ ပြီးတော့ ကျောင်း ဖွင့်ပြီး ၂၁ ရက်ကျော်မှတင်လာတဲ့ အပြောင်းအရွှေ့တွေကိုလဲ လက်ခံမှာ မဟုတ်ပါဘူး'' ဟု တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
တက္ကသိုလ် အပြောင်းအရွှေ့ လျှောက်ထားမည့် ကျောင်းသား၊ ကျောင်း သူများသည် မိဘများ၏ အ လုပ်တာဝန်အရ ပြောင်းရွှေ့ရမည်ဆို ပါက တရားဝင်ရုံးအမိန့်စာများဖြင့် အပြောင်းအရွှေ့လျှောက်ထားသည့် အခါ တင်ပြရမည်ဖြစ်ကြောင်း တက္က သိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားသည်။

''ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်အချင်း ချင်းကို ပြောင်းတာမျိုးဆိုရင်တော့ သိပ်ပြဿနာမရှိပါဘူး။ ဝိဇ္ဇာ သိပ္ပံက နေ အသက်မွေးဝမ်းကျောင်းတက္က သိုလ်မျိုးကို ပြောင်းတာမျိုးဆိုရင် ဖြစ် နိုင်ရင် မပြောင်းတာကောင်းပါတယ်။ အသက်မွေးဝမ်းကျောင်းတက္ကသိုလ် တွေက ကျောင်းသားအရေအတွက် အတိအကျအတိုင်း လက်ခံကြတာ မျိုးဆိုတော့ ကိုယ့်အမှတ်ကနည်းနေ တယ်။ ဟိုဘက်မှာလဲ နေရာအရေ အတွက်ပြည့်နေပြီဆိုရင် အပြောင်း အရွှေ့ မရဖို့များတာကြောင့်ပါ''ဟု ယင်းက ဆက်လက်ပြောသည်။

ကျောင်းအပြောင်းအရွှေ့ တင် ပြထားသော ကျောင်းသား၊ ကျောင်းသူများ သည် ပြောင်းရွှေ့သင်ကြားခွင့် ပြုမိန့်မရမီ မိမိတို့သဘောအရ ပြောင်း ရွှေ့ တက်ရောက်၍မရကြောင်း၊ ကျောင်းသားတစ်ဦး၏ အပြောင်းအရွှေ့နှင့် ပတ်သက်ပြီး စိစစ်ရေးအဖွဲ့က ချမှတ်သောအဆုံးအဖြတ်သာ အ တည်ဖြစ်ကြောင်း သိရသည်။

Category: , , , , , , , ,

စာအုပ်စင် အမှတ်( ၁ ) မြန်မာ.နိုင်ငံရေးသတင်း,စာပေနှင်.သုတေသနမှတ်တမ်းများ